iGREEN Promotion Singapore
×




Credit:Thit Htoo Lwin

#Unicode Version
ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့ နယ် အမှတ် ၆ ရပ်ကွက် နဝဒေးဉယာဉ် အိမ်ယာရှေ့  ဗစ်တိုးရီးယားကုန်တိုက်အနီး 8.9.2016 စက်တင်ဘာလ (၈)ရက်နေ့ နံနက် ၀၀၂၀အချိန် မသင်ကာဖွယ် လူလေးဦးရှိကြောင်း သတင်းအရ လှည်ကင်း ဆောင်ရွက်နေသော နယ်မြေလုံခြုံရေး ရဲတပ်ဖွဲမှ သွားရောက် စစ်ဆေးခဲ့ပါသည်။

 အဆိုပါလေးဦးအနက် စန်းလင်းအောင်ဆိုသူမှ ဓားဖြင့်ထိုးသောကြောင့် နယ်ထိန်းဒုတပ်ကြပ် ရဲသီဟ၏ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာ ရရှိပြီး လှိုင်သာယာဆေးရုံးမှ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရာ ယနေ့နံနက် ၉ နာရီ ၂၀ မိနစ် အချိန်တွင် သေဆုံးသွားခဲ့ ပါသည်။

ယနေ့နံနက် ၅ နာရီ ၃၀ မိနစ် အချိန်တွင် တရားခံလေးဦးလုံး ဖမ်းဆီးနိုင်ခဲ့ပြီး အရေးယူဆောင်ရွက်လျှက်ရှိ ကြောင်းသိရပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top