Kantharyar Centre
×

တစ္ခါတစ္ေလ ကိုယ့္ခ်စ္သူကို စိတ္ထဲအလိုမက်တဲ့အခါတုိင္း၊ သူနဲ႕ျပသနာျဖစ္တဲ့အခါတုိင္း၊ စိတ္ေကာက္တဲ့အခါတုိင္း တစ္ဖက္လူက အဆင္ေျပရဲ႕လာ၊ အိုေကရဲ႕လားလုိ႕ ေမးလာတဲ့အခါ မိန္းကေလးေတြအေနနဲ႕ ျပန္ေျပာဖုိ႕ ရွိတာက ...၁။ အဆင္ေျပတယ္၊ ၂။ရတယ္၊ ၃။ ဘာမွမျဖစ္ဘူး ဆုိတာေတြပါပဲ။

တစ္ခါတစ္ေလ ကိုယ့္ဘက္က ဒီစကားေတြကို ေျပာလို႕ေျပာလိုက္မွန္း မသိခင္မွာ ပါးစပ္ကေျပာထြက္ျပီးသြားျပီ။ ဒါဟာ ေရရွည္မွာေတာ့ အခ်စ္ေရးအတြက္ အဆိပ္အေတာက္ျဖစ္ေစတဲ့ စကားေတြပါပဲ။ ဘာျဖစ္လို႕မ်ားလဲ...

၁။ ဒီလိုေတြေျပာလိုက္တဲ့အခါ စကားဆက္ေျပာ၊ ဆက္ေဆြးေႏြးဖုိ႕ အေျခအေနေပ်ာက္သြားပါျပီ။

ႏွစ္ဦးသား ဆက္ဆံေရး ပိုအဆင္ဖုိ႕ တစ္ေယာက္နဲ႕တစ္ေယာက္ေျပာဆုိဆက္ဆံေပးျခင္းဟာ အဓိက အခ်က္ပါပဲ။ တစ္ခုခု စိတ္အလိုမက်တုိင္း ခုလို စကားစျပတ္သြားေအာင္ လုပ္လိုက္မယ္ဆုိရင္ တစ္ျဖည္းျဖည္းနဲ႕ စိတ္အလိုမက်တာေတြခ်ည္း မ်ားလာပါလိမ့္မယ္။ ႏႈတ္ကမဖြင့္ဟတဲ့အတြက္ ဆက္ဆံေရးက ပိုေျပလည္စရာ မရွိပါဘူး။

၂။ေကာင္းျပီေလ ဆုိတဲ့စကားတစ္ခြန္းဟာ နွစ္ဦးၾကား သံသယေတြကို ေခ်ဖ်က္မေပးႏိုင္ပါဘူး။

တစ္ခုခု သံသယရွိတယ္ဆုိရင္ ေမးလိုက္ပါ။ သူေျပာတာကို ကိုယ့္ဘက္က ေကာင္းျပီေလ၊ အဆင္ေျပတယ္ ဆိုတာမ်ိဳးနဲ႕ ပိတ္ေျပာလိုက္ရင္ သင္သံသယျဖစ္ေနတာကိုလည္း တစ္ဖက္လူက ေျဖရွင္းခြင့္ မရွိႏိုင္ေတာ့ပါဘူး။ ဒီေတာ့ သာမာန္ေျပာဆုိေနက် အသံုးအႏႈန္းတစ္ခ်ိဳ႔ကို ဒီေနရာမွာ ေလ်ာ့ခ်ပစ္ရပါလိမ့္မယ္။

၃။ႏွစ္ဦးသား ဆက္ဆံေရးအတြက္ အက်င့္ဆိုးေတြကို မဖန္တီးမိပါေစနဲ႕။

ရတယ္၊ အဆင္ေျပတယ္၊ ဘာမွမျဖစ္ဘူးဆုိျပီး စကားကို ပိတ္ေျပာလိုက္ျခင္းဟာ ေနာက္ပိုင္း သူတုိ႕က ကိုယ္ဘာျဖစ္ေနသလဲဆုိတာကိုပါ ေမးမေနေတာ့ေအာင္ အက်င့္လုပ္ေပးလိုက္သလိုပါပဲ။ ဒီလို ပိတ္ပိတ္ေျပာျခင္းအားျဖင့္ တစ္ဖက္လူကလည္း ေနာက္ပိုင္းသင့္ကို ဘာမွအထူးတလည္ ေမးျမန္းေျပာဆိုေနမွာ မဟုတ္ေတာ့ပါဘူး။ ဒါဟာသင္တုိ႕အခ်စ္ေရးအတြက္ မေကာင္းတဲ့ အေနအထားတစ္ခုပါ။

၄။ေမးခြန္းေတြကို ပိုတိက်ေအာင္ ႀကိဳးစားေမးပါ။

သာမာန္ေမးေနက် ေမးခြန္းေတြဆုိရင္ေတာ့ တစ္ဖက္လူကလည္း သာမာန္အေျဖမ်ိဳးေတြပဲ သင့္ကို ေပးပါလိမ့္မယ္။ သင့္ဘက္က ပိုတိက်တဲ့ ေမးခြန္းမ်ိဳးေမးႏိုင္ရပါမယ္။ ဥပမာ ဒီေန႕အေျခအေန ဘယ္လုိရွိသလဲဆိုတဲ့ ေမးခြန္းအစား ဒီေန႕ ရွင့္သူေဌးနဲ႕ ေတြ႔တာ အေျခအေနဘယ္လိုရွိသလဲ ဆုိတာမ်ိဳးက ပိုသင့္ေတာ္ပါတယ္။ တကယ္လို႕သင္က သာမာန္ေမးခြန္းမ်ိဳးနဲ႕ စေမးလိုက္တယ္ဆုိရင္လည္း သူတုိ႕ေျပာတဲ့အေျဖကို နင္းျပီး ေနာက္ထပ္ေမးခြန္းေတြ ဆင့္ကဲေမးႏိုင္ပါတယ္။

၅။ႏွစ္ဦးသား ခံစားခ်က္ အေတြ႔အႀကံဳေတြ ေ၀မ်ွႏိုင္ေအာင္ ႀကိဳးစားပါ။

တစ္ရက္စာကို ဒီလိုပါပဲဆုိျပီး ေျဖမယ့္အစား ဒီေန႕ ဘယ္လိုက ဘယ္လိုဆိုတာမ်ိဳး အေတြ႔အႀကံဳကို ေသေသခ်ာခ်ာ ေ၀မ်ွသင့္ပါတယ္။ ဒါဟာ သင္တုိ႕ႏွစ္ဦး ပိုနီးစပ္ေစမယ့္ အရာပါ။ တကယ္ေတာ့ အခ်စ္ေရးမွာ ႏွစ္ဦးသားေျပာဆုိဆက္ဆံတာ ေဆြးေႏြးတာမ်ိဳးေတြဟာ တကယ္ကို အေရးႀကီးတဲ့ အခန္းက႑တစ္ရပ္ကေန ပါ၀င္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TrendMyanmar

#Unicode Version

တစ်ခါတစ်လေ ကိုယ့်ချစ်သူကို စိတ်ထဲအလိုမကျတဲ့အခါတိုင်း၊ သူနဲ့ပြသနာဖြစ်တဲ့အခါတိုင်း၊ စိတ်ကောက်တဲ့အခါတိုင်း တစ်ဖက်လူက အဆင်ပြေရဲ့လာ၊ အိုကေရဲ့လားလို့ မေးလာတဲ့အခါ မိန်းကလေးတွေအနေနဲ့ ပြန်ပြောဖို့ ရှိတာက ...၁။ အဆင်ပြေတယ်၊ ၂။ရတယ်၊ ၃။ ဘာမှမဖြစ်ဘူး ဆိုတာတွေပါပဲ။

တစ်ခါတစ်လေ ကိုယ့်ဘက်က ဒီစကားတွေကို ပြောလို့ပြောလိုက်မှန်း မသိခင်မှာ ပါးစပ်ကပြောထွက်ပြီးသွားပြီ။ ဒါဟာ ရေရှည်မှာတော့ အချစ်ရေးအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ စကားတွေပါပဲ။ ဘာဖြစ်လို့များလဲ...

၁။ ဒီလိုတွေပြောလိုက်တဲ့အခါ စကားဆက်ပြော၊ ဆက်ဆွေးနွေးဖို့ အခြေအနေပျောက်သွားပါပြီ။

နှစ်ဦးသား ဆက်ဆံရေး ပိုအဆင်ဖို့ တစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်ဆံပေးခြင်းဟာ အဓိက အချက်ပါပဲ။ တစ်ခုခု စိတ်အလိုမကျတိုင်း ခုလို စကားစပြတ်သွားအောင် လုပ်လိုက်မယ်ဆိုရင် တစ်ဖြည်းဖြည်းနဲ့ စိတ်အလိုမကျတာတွေချည်း များလာပါလိမ့်မယ်။ နှုတ်ကမဖွင့်ဟတဲ့အတွက် ဆက်ဆံရေးက ပိုပြေလည်စရာ မရှိပါဘူး။

၂။ကောင်းပြီလေ ဆိုတဲ့စကားတစ်ခွန်းဟာ နှစ်ဦးကြား သံသယတွေကို ချေဖျက်မပေးနိုင်ပါဘူး။

တစ်ခုခု သံသယရှိတယ်ဆိုရင် မေးလိုက်ပါ။ သူပြောတာကို ကိုယ့်ဘက်က ကောင်းပြီလေ၊ အဆင်ပြေတယ် ဆိုတာမျိုးနဲ့ ပိတ်ပြောလိုက်ရင် သင်သံသယဖြစ်နေတာကိုလည်း တစ်ဖက်လူက ဖြေရှင်းခွင့် မရှိနိုင်တော့ပါဘူး။ ဒီတော့ သာမာန်ပြောဆိုနေကျ အသုံးအနှုန်းတစ်ချို့ကို ဒီနေရာမှာ လျော့ချပစ်ရပါလိမ့်မယ်။

၃။နှစ်ဦးသား ဆက်ဆံရေးအတွက် အကျင့်ဆိုးတွေကို မဖန်တီးမိပါစေနဲ့။

ရတယ်၊ အဆင်ပြေတယ်၊ ဘာမှမဖြစ်ဘူးဆိုပြီး စကားကို ပိတ်ပြောလိုက်ခြင်းဟာ နောက်ပိုင်း သူတို့က ကိုယ်ဘာဖြစ်နေသလဲဆိုတာကိုပါ မေးမနေတော့အောင် အကျင့်လုပ်ပေးလိုက်သလိုပါပဲ။ ဒီလို ပိတ်ပိတ်ပြောခြင်းအားဖြင့် တစ်ဖက်လူကလည်း နောက်ပိုင်းသင့်ကို ဘာမှအထူးတလည် မေးမြန်းပြောဆိုနေမှာ မဟုတ်တော့ပါဘူး။ ဒါဟာသင်တို့အချစ်ရေးအတွက် မကောင်းတဲ့ အနေအထားတစ်ခုပါ။

၄။မေးခွန်းတွေကို ပိုတိကျအောင် ကြိုးစားမေးပါ။

သာမာန်မေးနေကျ မေးခွန်းတွေဆိုရင်တော့ တစ်ဖက်လူကလည်း သာမာန်အဖြေမျိုးတွေပဲ သင့်ကို ပေးပါလိမ့်မယ်။ သင့်ဘက်က ပိုတိကျတဲ့ မေးခွန်းမျိုးမေးနိုင်ရပါမယ်။ ဥပမာ ဒီနေ့အခြေအနေ ဘယ်လိုရှိသလဲဆိုတဲ့ မေးခွန်းအစား ဒီနေ့ ရှင့်သူဌေးနဲ့ တွေ့တာ အခြေအနေဘယ်လိုရှိသလဲ ဆိုတာမျိုးက ပိုသင့်တော်ပါတယ်။ တကယ်လို့သင်က သာမာန်မေးခွန်းမျိုးနဲ့ စမေးလိုက်တယ်ဆိုရင်လည်း သူတို့ပြောတဲ့အဖြေကို နင်းပြီး နောက်ထပ်မေးခွန်းတွေ ဆင့်ကဲမေးနိုင်ပါတယ်။

၅။နှစ်ဦးသား ခံစားချက် အတွေ့အကြုံတွေ ဝေမျှနိုင်အောင် ကြိုးစားပါ။

တစ်ရက်စာကို ဒီလိုပါပဲဆိုပြီး ဖြေမယ့်အစား ဒီနေ့ ဘယ်လိုက ဘယ်လိုဆိုတာမျိုး အတွေ့အကြုံကို သေသေချာချာ ဝေမျှသင့်ပါတယ်။ ဒါဟာ သင်တို့နှစ်ဦး ပိုနီးစပ်စေမယ့် အရာပါ။ တကယ်တော့ အချစ်ရေးမှာ နှစ်ဦးသားပြောဆိုဆက်ဆံတာ ဆွေးနွေးတာမျိုးတွေဟာ တကယ်ကို အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: TrendMyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top