Kantharyar Centre
×

အာဆီယံေဒသတြင္း ႏိုင္ငံအခ်ိဳ႕တြင္ ဇီကာဗိုင္းရပ္စ္ကူးစက္ခံရမႈမ်ား ရွိလာၿပီျဖစ္ၿပီး စင္ကာပူႏုိင္ငံတြင္လည္း ျမန္မာႏုိင္ငံသားတစ္ဦး ကူးစက္ခံထားရသည္။ ျမန္မာႏိုင္ငံသား အမ်ားဆံုးသြားေရာက္လုပ္ကိုင္ေနေသာ၊ ျမန္မာႏိုင္ငံမွ အမ်ားဆံုးသြားေရာက္လည္ပတ္ၾက ေသာ စင္ကာပူ၊ ထုိင္းႏွင့္ မေလးရွားတို႔တြင္ ဇီကာဗိုင္းရပ္စ္ကူးစက္ခံေနရကာ စင္ကာပူေရာက္ ျမန္မာတစ္ဦးလည္း ကူးစက္ခံထားရေသာေၾကာင့္ ျမန္မာျပည္သူမ်ား စိုးရိမ္ေနၾကသည္။
စင္ကာပူႏိုင္ငံတြင္ ယင္းပိုးကူးစက္ခံရသူ ၂၀၀ ခန္႔ရွိၿပီး မေလးရွားႏိုင္ငံတြင္ တစ္ဦးႏွင့္ ထိုင္းႏုိင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ လူခုနစ္ဦးခန္႔ ကူးစက္ခံထားရေၾကာင္း ယင္းႏုိင္ငံမ်ား၏အစိုးရအဖြဲ႕မ်ားက သတင္းထုတ္ျပန္သည္။
ျမန္မာႏိုင္ငံတြင္ လက္ရွိအခ်ိန္အထိ ယင္းေရာဂါပိုးကူးစက္ခံ ရျခင္းမရွိေသးေသာ္လည္း ေလႏွင့္ေရလမ္းေၾကာင္းမ်ားမွ တစ္ဆင့္ ေန႔စဥ္ဝင္ထြက္သြားလာမႈမ်ားရွိေနျခင္းေၾကာင့္ အစုိးရဘက္က ႀကိဳတင္ကာကြယ္မႈလုပ္ငန္းစဥ္မ်ားကို အရွိန္ျမႇင့္တင္ေဆာင္ရြက္ရန္ လိုအပ္ေနသည္။
‘‘စင္ကာပူလို ျခင္မရွိတဲ့ႏုိင္ငံလုိမ်ိဳးမွာေတာင္ ကူးစက္ခံရတယ္ဆိုေတာ့ ျမန္မာလို ျခင္ေပါတဲ့ႏိုင္ငံဆိုရင္ ပိုဆိုးဖို႔ပဲရွိတယ္။ အခုက ေလဆိပ္ေတြမွာ စစ္ေဆးေနေပမယ့္ မစစ္ေဆးႏိုင္တဲ့ ေနရာေတြဆိုရင္ ဝင္လာႏိုင္တာေပါ့’’ဟု အၿငိမ္းစားေဆး႐ံုအုပ္ႀကီး ေဒါက္တာဘေရႊက ဆိုသည္။
ဇီကာဗိုင္းရပ္စ္ကာကြယ္ရန္ ခရီးသြားမ်ား အဓိက၀င္ေရာက္ရာ ေလဆိပ္မ်ားျဖစ္သည့္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး၊ ဟဲဟိုးႏွင့္ ပုဂံေညာင္ဦးေလဆိပ္မ်ားသို႔ ေရာက္ရွိလာေသာ ခရီးသည္မ်ားကို ဖ်ားနာျခင္းရွိ၊ မရွိ ပံုမွန္စစ္ေဆးလ်က္ ရွိေနေသာ္လည္း ေရလမ္းေၾကာင္းႏွင့္ နယ္စပ္လမ္းေၾကာင္းမ်ားတြင္ စစ္ေဆးျခင္းရွိ၊ မရွိ ျပန္လည္စစ္ေဆးရမည္ျဖစ္ေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒုၫႊန္ခ်ဳပ္ေဒါက္တာသန္းဝင္းကဆိုသည္။
ဇီကာဇာစ္ျမစ္
ဇီကာဗိုင္းရပ္စ္ကို ၁၉၄၇ တြင္ ယူဂန္ဒါႏိုင္ငံရွိ ေမ်ာက္မ်ား၌  စတင္စမ္းသပ္ေတြ႕ရွိၿပီး ၁၉၅၂တြင္ ယူဂန္ဒါႏွင့္ တန္ဇန္းနီးယားႏုိင္ငံမ်ားတြင္ လူမ်ားကို ကူးစက္မႈရွိေၾကာင္း ေတြ႕ရွိခဲ့သည္။ ၂၀၀၇ မွစ၍ ပစိဖိတ္ေဒသ၊ အေမရိကႏွင့္ အာဖရိကေဒသမ်ားတြင္ ဇီကာေရာဂါ ကပ္အသြင္ ျဖစ္ပြားခဲ့ၿပီး ၂၀၁၄ မွ ၂၀၁၆ ေဖေဖာ္ဝါရီအထိ ႏိုင္ငံေပါင္း ၃၃ ႏိုင္ငံတြင္ ယင္းေရာဂါကူးစက္ျဖစ္ပြားေနသျဖင့္ WHO က က်န္းမာေရးဆိုင္ရာ အေရးေပၚျပႆနာတစ္ရပ္အျဖစ္ သတ္မွတ္ေဆာင္ရြက္ရန္ ထုတ္ျပန္ေၾကညာခဲ့၏။
၂၀၁၅ ႏွစ္ကုန္က လက္တင္အေမရိကေဒသတြင္ ဇီကာဗိုင္းရပ္စ္ကူးစက္မႈမ်ား စတင္ျဖစ္ပြားရာ ဘရာဇီးသည္ အထိအနာဆံုးႏုိင္ငံအျဖစ္ စာရင္းဝင္ၿပီး ၂၀၁၆ မတ္လအထိ ယင္းႏိုင္ငံလူဦးေရ၏ ၁ ဒသမ ၅ သန္းခန္႔ ကူးစက္ခံထားရသည္။
ကူးစက္ပံုႏွင့္ အႏၲရာယ္
ဇီကာသည္ ေသြးလြန္တုပ္ေကြးႏွင့္ ဆင္တုပ္ေကြး(Chikun- gunya) ေရာဂါပိုးမ်ားကို သယ္ေဆာင္သည့္ ေအးဒီးစ္အမ်ိဳးအစား ျခင္က်ားကိုက္ခံရျခင္းေၾကာင့္ ကူးစက္တတ္ၿပီး လိင္ဆက္ဆံမႈမွတစ္ဆင့္လည္း ကူးစက္ႏိုင္သည္။ အဆိုပါေရာဂါသည္ အသက္အရြယ္မေရြး၊ က်ား၊ မ မေရြး ျဖစ္ပြားႏုိင္ၿပီး ေရာဂါကူးစက္ခံရသူ ငါးဦးတြင္တစ္ဦးသာ လကၡဏာျပတတ္သည္။
အဆိုပါျခင္က်ားကိုက္ခံရၿပီး ရက္အနည္းငယ္အၾကာတြင္ ေရာဂါလကၡဏာမ်ား စတင္ျဖစ္ပြားႏိုင္ၿပီး အမ်ားဆံုးေတြ႕ရွိရေသာ လကၡဏာမ်ားမွာ ႐ုတ္တရက္ ဖ်ားနာျခင္း၊ အေရျပားတြင္ အနီေရာင္အကြက္/အစက္မ်ားထြက္ေပၚျခင္း၊ မ်က္သားနီၿပီး ေရာင္ရမ္းျခင္း၊ ႂကြက္သားႏွင့္ အဆစ္အျမစ္မ်ား နာက်င္ကိုက္ခဲျခင္း၊ မအီမသာျဖစ္ျခင္းႏွင့္ ေခါင္းကိုက္ျခင္း စသည့္လကၡဏာမ်ားကို ႏွစ္ရက္မွ ခုနစ္ရက္အထိ ခံစားရႏုိင္သည္။
ေနာက္ဆက္တြဲ ဆိုးက်ိဳးအျဖစ္ ကုိယ္ဝန္ေဆာင္မိခင္မွတစ္ဆင့္ ကေလးကို ကူးစက္ကာ ေမြးရာပါ ေခါင္းေသးေရာဂါ (Microce-phaly) ျဖစ္ေစႏုိင္ေၾကာင္း ယူဆထားၿပီး အရြယ္ေရာက္ၿပီးသူမ်ားတြင္ အဖ်ားေဝဒနာျပင္းထန္ပါက အာ႐ံုေၾကာမ်ားကို ထိခိုက္မႈျဖစ္ေစႏုိင္သည့္ အေျခအေနရွိေၾကာင္း ေဆးပညာရွင္သုေတသီမ်ားက သံုးသပ္ထားသည္။ ထို႔ေၾကာင့္ ေရာဂါျဖစ္ပြားရာႏုိင္ငံမ်ားသို႔ ကိုယ္ဝန္ေဆာင္မ်ားသြားေရာက္မႈကို အေလးအနက္စဥ္းစားရန္ ကမၻာ႔က်န္းမာေရးအဖြဲ႕က သတိေပးထားသည္။
‘‘ဒီလိုက်န္းမာေရးျပႆနာေတြေၾကာင့္ ကေလးငယ္ေတြမွာ ဉာဏ္ရည္ဖြံ႕ၿဖိဳးမႈေနာက္က်ေစႏုိင္ၿပီးေတာ့ မိသားစုအတြက္လည္း ဝန္ထုပ္ဝန္ပိုးျဖစ္ေစတယ္။ ေနာက္ၿပီး ႏိုင္ငံရဲ႕ကုန္ထုတ္လုပ္မႈ စြမ္းအားက်ဆင္းေစတဲ့ ေရာဂါဆိုးတစ္မ်ိဳးျဖစ္ပါတယ္’’ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတာဝန္ရွိသူတစ္ဦးက ဆိုသည္။

ကာကြယ္ျခင္း
ဇီကာဗိုင္းရပ္စ္ကူးစက္ခံရျခင္းကို လက္ရွိအခ်ိန္ထိ ကာကြယ္ေဆး၊ ကုသေဆး မရွိေသးေပ။ ျခင္မွ တစ္ဆင့္ကူးစက္ေလ့ရွိေသာေၾကာင့္ ျခင္မ်ားကို ျပင္းျပင္းထန္ထန္ ႏွိမ္နင္းျခင္းသည္သာလွ်င္ ေရာဂါကို အမွန္တကယ္ တုိက္ဖ်က္ႏိုင္မည့္ ေျဖရွင္းခ်က္ျဖစ္ဖြယ္ရွိသည္။ ယင္းေရာဂါသည္ အခ်ိန္တန္လွ်င္ ေပ်ာက္ကင္းသြားႏိုင္ေသာ္လည္း သေႏၶသားကို ထိခိုက္ႏုိင္သည့္အတြက္ ဇီကာဗိုင္းရပ္စ္အႏၲရာယ္ကို အမွန္တကယ္ စိုးရိမ္ေၾကာက္ရြံ႕ရမည့္ လူတန္းစားသည္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားပင္ျဖစ္သည္။
ထို႔ေၾကာင့္ ေရာဂါပိုးကူးစက္ျပန္႔ပြားေနသည့္ေဒသတြင္ ေနထုိင္သည့္ ကိုယ္ဝန္ေဆာင္မ်ား၊ ယင္းေဒသမွ ျပန္လာသည့္ ကိုယ္ဝန္ေဆာင္မ်ားသည္ ေသြးႏွင့္ဆီးစစ္ေဆးျခင္း၊ ကိုယ္ဝန္ကို အာထရာေဆာင္း႐ိုက္ျခင္း၊ လိုအပ္ပါက ေရႁမႊာရည္ေဖာက္စစ္ေဆးျခင္းမ်ား ျပဳလုပ္ရန္ လိုအပ္သည္။ ထို႔ျပင္ ေရာဂါျဖစ္ပြားသည့္ေဒသမွ ျပန္လာသူႏွင့္ လိင္ဆက္ဆံမည္ဆိုပါက အကာအကြယ္ပစၥည္း (ကြန္ဒံုး)အသံုးျပဳရန္ လိုအပ္သည္ဟု ႏုိင္ငံတကာမွ ေဆးပညာရွင္မ်ားက တုိက္တြန္းထားသည္။
ယခုႏွစ္အတြင္း ကမၻာ႔က်န္းမာေရးအဖြဲ႕ႀကီးက ဇီကာဗိုင္းရပ္စ္ေရာဂါႏွင့္ပတ္သက္၍ အဖြဲ႕ဝင္ႏုိင္ငံမ်ားအား ေရာဂါေစာင့္ၾကပ္ၾကည့္႐ႈျခင္းလုပ္ငန္း၊ ျခင္က်ားႏွင့္ ပိုးေလာက္လမ္းႏွိမ္နင္းေရးလုပ္ငန္း၊ ျခင္အကိုက္မခံရေစရန္ သင့္ေလ်ာ္ေသာ ကာကြယ္ေရးနည္း လမ္းမ်ားႏွင့္ လူထုအသိပညာေပးႏိႈးေဆာ္တုိက္တြန္းရန္၊ ကိုယ္ဝန္ေဆာင္မိခင္ႏွင့္ အမ်ိဳးသမီးငယ္မ်ားကို ပိုမိုအေလးထားအသိပညာေပးရန္၊ ေရာဂါကူးစက္ျဖစ္ပြားေနေသာ ေဒသမ်ားတြင္ ဦးေခါင္းေသးငယ္သည့္ ကေလးငယ္မ်ားႏွင့္ အာ႐ံုေၾကာဆိုင္ရာ ေရာဂါမ်ားျဖစ္ပြား မႈရွိ၊ မရွိ ေစာင့္ၾကပ္ၾကည့္႐ႈေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္ေဆာင္ရြက္ၾကရန္၊ ကူးစက္ျဖစ္ပြားမႈမ်ားေတြ႕ရွိပါက WHO ႏွင့္ သက္ဆုိင္ရာအဖြဲ႕ဝင္ႏုိင္ငံမ်ားသို႔ အခ်ိန္ႏွင့္တစ္ေျပးညီသတင္းေပးပို႔မွ်ေဝေပးရန္ တိုက္တြန္းထားသည္။ စင္ကာပူႏိုင္ငံတြင္ ဇီကာဗိုင္းရပ္စ္ေရာဂါျပန္႔ပြားကူးစက္ေနသျဖင့္ ျမန္မာႏိုင္ငံမွ ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္ ကုိယ္ဝန္ေဆာင္ရန္ ရည္ရြယ္ထားသည့္ မိခင္ေလာင္းမ်ား ယခုရက္ပိုင္းအတြင္း စင္ကာပူႏိုင္ငံသို႔ လာေရာက္မႈကို ေခတၱရပ္ဆိုင္းထားရန္ စင္ကာပူႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ံုးက စက္တင္ဘာ ၂ ရက္တြင္ သတင္းထုတ္ျပန္သည္။
‘‘ဇီကာအပါအဝင္ ကူးစက္ျမန္ေရာဂါေတြနဲ႔ ပတ္သက္ၿပီးေတာ့ စစ္ေဆးမႈေတြ အၿမဲလုပ္ေနရတယ္။ ႏုိင္ငံတကာနဲ႔ သေဘာတူညီခ်က္ ယူထားတဲ့အတြက္ မျဖစ္မေနလုပ္ရတယ္။ အခုဆိုလည္း ေဆး႐ံုႀကီးေတြမွာ သံသယလူနာေတြ႕ရင္ ေသြးေဖာက္ၿပီး ဗဟိုအမ်ိဳးသားဓာတ္ခြဲဌာနကို ပို႔ေပးဖို႔ အထူးကုဆရာဝန္ႀကီးေတြနဲ႔ ဆရာဝန္ငယ္ေတြကို တပ္္လွန္႔ထားတယ္။ ေရာဂါစစ္ဖို႔ စက္ပစၥည္းေတြက အဆင္သင့္ရွိတယ္’’ဟု ရန္ကုန္တုိင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒုဦးစီးမွဴး ေဒါက္တာ ခင္နန္းလံုက ဆိုသည္။
ထို႔ျပင္ ေရာဂါေစာင့္ၾကပ္ၾကည့္႐ႈေရးလုပ္ငန္းေဆာင္ရြက္ပံုႏွင့္ပတ္သက္၍ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ေရာဂါကာကြယ္ႏွိမ္နင္းေရးႏွင့္ ေရာဂါေစာင့္ၾကပ္ၾကည့္႐ႈေရးဌာန ဒုၫႊန္ခ်ဳပ္ ေဒါက္တာသန္းဝင္းက ‘‘ဇီကာဗိုင္းရပ္စ္ Infection ျဖစ္ရင္ ဘယ္လိုလကၡဏာေတြ ေပၚမလဲ၊ လိုအပ္တဲ့စံုစမ္းမႈေတြကို ဘယ္လိုလုပ္ရမလဲ၊ နီးစပ္ရာက်န္းမာေရးဌာနေတြကို ျပဖို႔ဆိုၿပီး ၿမိဳ႕နယ္၊ ခ႐ိုင္နဲ႔တိုင္းနဲ႔ ျပည္နယ္ေဒသႀကီးက်န္းမာေရးဦးစီးဌာနအားလံုးကို ၫႊန္ၾကားၿပီး အေၾကာင္းၾကားၿပီးျဖစ္ပါတယ္။ အကယ္၍မ်ား အဲဒါနဲ႔ဆင္တူတာ ေတြ႕မယ္ဆိုရင္ လိုအပ္တဲ့ စံုစမ္းစစ္ေဆးမႈေတြကို ဆက္လက္ေဆာင္ရြက္သြားမွာပါ’’ဟု ရွင္းျပသည္။
ျပည္သူမ်ား၏ ပူးေပါင္းေဆာင္ရြက္မႈအေရးႀကီး
ကူးစက္ေရာဂါမ်ားႏွင့္ပတ္သက္သည့္ ႀကိဳတင္ကာကြယ္မႈမ်ားျပဳလုပ္ရာတြင္ စီမံခန္႔ခြဲမႈပိုင္း၌ လက္ေတြ႕က်ၿပီး မွန္ကန္ထိေရာက္ေသာ လုပ္ငန္းစဥ္မ်ားျဖစ္ရန္ လြန္စြာအေရးႀကီးၿပီး ႀကိဳတင္ကာကြယ္မႈမ်ားကို အင္တိုက္အားတိုက္လုပ္ေဆာင္မႈအားနည္းပါက ျပည္သူမ်ား ထိခိုက္နစ္နာေစမည္ ျဖစ္သည္။
စင္ကာပူႏိုင္ငံတြင္ လက္ရွိျဖစ္ပြားေနသည့္ ေရာဂါအေျခအေနႏွင့္ သတင္းအခ်က္အလက္္မ်ားကို ယင္းႏိုင္ငံ အစိုးရႏွင့္ က်န္းမာေရးဝန္ႀကီးဌာနက စဥ္ဆက္မျပတ္ ထုတ္ျပန္ေပးေနသကဲ့သို႔ တစ္ဖက္ကလည္း ေနရာအႏွံ႔ျခင္ ႏွိမ္နင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း စင္ကာပူႏုိင္ငံေရာက္ ျမန္မာအလုပ္သမားတစ္ဦးက ဆိုသည္။
‘‘ဒီဟာနဲ႔ပတ္သက္ၿပီးေတာ့ စင္ကာပူအစိုးရက သတင္းထုတ္ျပန္ခ်က္ေတြ အၿမဲထုတ္ေပးတယ္။ အရင္ကတည္းက စင္ကာပူမွာ ပိုးေလာက္လမ္း၊ ျခင္ဥတို႔ကို တစ္အိမ္ဝင္ တစ္အိမ္ထြက္ ဝင္စစ္တယ္။ ေတြ႕ရင္ ဒဏ္႐ိုက္တယ္။ အခုလည္း ျခင္ႏွိမ္နင္းေရးလုပ္ငန္းေတြကို ထိထိေရာက္ေရာက္လုပ္ေနတာေတြ႕ရတယ္’’ဟု စင္ကာပူႏုိင္ငံရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုမွ ျမန္မာအင္ဂ်င္နီယာတစ္ဦးက ဆိုသည္။
၂၀၁၅ က စတင္ခဲ့သည့္ အယ္လ္နီညိဳရာသီဥတု ျဖစ္စဥ္ေၾကာင့္ ဘရာဇီးႏုိင္ငံက အစျပဳခဲ့ေသာ ဇီကာဗိုင္းရပ္စ္သည္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားျဖစ္သည့္ ထုိင္း၊ မေလးရွား၊ စင္ကာပူ၊ တ႐ုတ္ႏုိင္ငံအထိ ကူးစက္ပ်ံ႕ႏွံ႔လာေသာေၾကာင့္ ယင္းႏိုင္ငံမ်ားႏွင့္ထိစပ္ေနေသာ ျမန္မာႏိုင္ငံသည္လည္း ဇီကာဗိုင္းရပ္စ္အႏၲရာယ္ကို အထူးသတိျပဳရမည္ျဖစ္သည္။
‘‘အဓိက ျခင္ေၾကာင့္ျဖစ္တာ ဆိုေတာ့ ဖံုးသြန္လဲစစ္ေတြလုပ္ရ မယ္။ ျခင္မကိုက္ေအာင္ ျခင္ႏွိမ္ နင္းေရးေတြ လုပ္ရမယ္။ ေလဆိပ္၊ နယ္စပ္ေပါက္ေတြကေန ဝင္လာ မယ့္သူေတြကို ဖ်ားေနလား၊ အ လာဂ်စ္ရွိလား စစ္ေဆးရမယ္။ ဒါ က ေတာ္ေတာ္ကို လိုပါတယ္’’ဟု ေဒါက္တာဘေရႊက အႀကံျပဳသည္။
ႏုိင္ငံေတာ္အစိုးရပိုင္းက လံုေလာက္သည့္ ႀကိဳတင္ကာကြယ္ စီမံခန္႔ခြဲမႈမ်ား ျပင္ဆင္ထားရန္ လိုအပ္သကဲ့သို႔ ျပည္သူမ်ားက လည္း ယင္းေရာဂါႏွင့္ပတ္သက္၍  ဗဟုသုတရွိရန္လိုအပ္ၿပီး မိမိ၏ပတ္ဝန္းက်င္၌ သံသယလူနာေတြ႕ပါက နီးစပ္ရာ ေဆး႐ံုေဆးခန္းမ်ားသို႔ သြားေရာက္စစ္ေဆးရန္ တိုက္တြန္းမႈလိုသည္။
 
‘‘ေလဆိပ္မွာ လက္ရွိ အစိုးရစစ္ေဆးေနတာက လံုေလာက္တယ္လို႔ ေျပာလို႔ရတယ္။ ဒါေပမဲ့ ပိုၿပီးအေရးႀကီးတာက ခ်င္းမိုင္လို ျမန္မာနဲ႔နယ္စပ္လမ္းေၾကာင္းေတြရွိေနတဲ့ ေနရာေတြမွာ စစ္ေဆးေနလား၊ မစစ္ေဆးဘူးလားဆိုတာက သံသယရွိတယ္။ ဘူးသီးေတာင္- ေမာင္ေတာလို တိုင္းျပည္ရဲ႕ဝင္ေပါက္ေတြမွာ အကုန္စစ္ေဆးႏုိင္ရင္ ပိုေကာင္းတယ္။ အဲဒီလိုေနရာေတြမွာ အဓိက က်န္းမာေရးေစာင့္ၾကည့္ဖို႔ လိုတယ္’’ဟု ေဒါက္တာ ျမင့္ဦး(ဂ်ီပီ)က သံုးသပ္ေျပာၾကားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အာဆီယံဒေသတွင်း နိုင်ငံအချို့တွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှုများ ရှိလာပြီဖြစ်ပြီး စင်ကာပူနိုင်ငံတွင်လည်း မြန်မာနိုင်ငံသားတစ်ဦး ကူးစက်ခံထားရသည်။ မြန်မာနိုင်ငံသား အများဆုံးသွားရောက်လုပ်ကိုင်နေသော၊ မြန်မာနိုင်ငံမှ အများဆုံးသွားရောက်လည်ပတ်ကြ သော စင်ကာပူ၊ ထိုင်းနှင့် မလေးရှားတို့တွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံနေရကာ စင်ကာပူရောက် မြန်မာတစ်ဦးလည်း ကူးစက်ခံထားရသောကြောင့် မြန်မာပြည်သူများ စိုးရိမ်နေကြသည်။

စင်ကာပူနိုင်ငံတွင် ယင်းပိုးကူးစက်ခံရသူ ၂၀၀ ခန့်ရှိပြီး မလေးရှားနိုင်ငံတွင် တစ်ဦးနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူခုနစ်ဦးခန့် ကူးစက်ခံထားရကြောင်း ယင်းနိုင်ငံများ၏အစိုးရအဖွဲ့များက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ယင်းရောဂါပိုးကူးစက်ခံ ရခြင်းမရှိသေးသော်လည်း လေနှင့်ရေလမ်းကြောင်းများမှ တစ်ဆင့် နေ့စဉ်ဝင်ထွက်သွားလာမှုများရှိနေခြင်းကြောင့် အစိုးရဘက်က ကြိုတင်ကာကွယ်မှုလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်နေသည်။

‘‘စင်ကာပူလို ခြင်မရှိတဲ့နိုင်ငံလိုမျိုးမှာတောင် ကူးစက်ခံရတယ်ဆိုတော့ မြန်မာလို ခြင်ပေါတဲ့နိုင်ငံဆိုရင် ပိုဆိုးဖို့ပဲရှိတယ်။ အခုက လေဆိပ်တွေမှာ စစ်ဆေးနေပေမယ့် မစစ်ဆေးနိုင်တဲ့ နေရာတွေဆိုရင် ဝင်လာနိုင်တာပေါ့’’ဟု အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာဘရွှေက ဆိုသည်။

ဇီကာဗိုင်းရပ်စ်ကာကွယ်ရန် ခရီးသွားများ အဓိကဝင်ရောက်ရာ လေဆိပ်များဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဟဲဟိုးနှင့် ပုဂံညောင်ဦးလေဆိပ်များသို့ ရောက်ရှိလာသော ခရီးသည်များကို ဖျားနာခြင်းရှိ၊ မရှိ ပုံမှန်စစ်ဆေးလျက် ရှိနေသော်လည်း ရေလမ်းကြောင်းနှင့် နယ်စပ်လမ်းကြောင်းများတွင် စစ်ဆေးခြင်းရှိ၊ မရှိ ပြန်လည်စစ်ဆေးရမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုညွှန်ချုပ်ဒေါက်တာသန်းဝင်းကဆိုသည်။

ဇီကာဇာစ်မြစ်

ဇီကာဗိုင်းရပ်စ်ကို ၁၉၄၇ တွင် ယူဂန်ဒါနိုင်ငံရှိ မျောက်များ၌  စတင်စမ်းသပ်တွေ့ရှိပြီး ၁၉၅၂တွင် ယူဂန်ဒါနှင့် တန်ဇန်းနီးယားနိုင်ငံများတွင် လူများကို ကူးစက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။ ၂၀၀၇ မှစ၍ ပစိဖိတ်ဒေသ၊ အမေရိကနှင့် အာဖရိကဒေသများတွင် ဇီကာရောဂါ ကပ်အသွင် ဖြစ်ပွားခဲ့ပြီး ၂၀၁၄ မှ ၂၀၁၆ ဖေဖော်ဝါရီအထိ နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် ယင်းရောဂါကူးစက်ဖြစ်ပွားနေသဖြင့် WHO က ကျန်းမာရေးဆိုင်ရာ အရေးပေါ်ပြဿနာတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ရန် ထုတ်ပြန်ကြေညာခဲ့၏။

၂၀၁၅ နှစ်ကုန်က လက်တင်အမေရိကဒေသတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှုများ စတင်ဖြစ်ပွားရာ ဘရာဇီးသည် အထိအနာဆုံးနိုင်ငံအဖြစ် စာရင်းဝင်ပြီး ၂၀၁၆ မတ်လအထိ ယင်းနိုင်ငံလူဦးရေ၏ ၁ ဒသမ ၅ သန်းခန့် ကူးစက်ခံထားရသည်။

ကူးစက်ပုံနှင့် အန္တရာယ်

ဇီကာသည် သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေး(Chikun- gunya) ရောဂါပိုးများကို သယ်ဆောင်သည့် အေးဒီးစ်အမျိုးအစား ခြင်ကျားကိုက်ခံရခြင်းကြောင့် ကူးစက်တတ်ပြီး လိင်ဆက်ဆံမှုမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။ အဆိုပါရောဂါသည် အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ဖြစ်ပွားနိုင်ပြီး ရောဂါကူးစက်ခံရသူ ငါးဦးတွင်တစ်ဦးသာ လက္ခဏာပြတတ်သည်။

အဆိုပါခြင်ကျားကိုက်ခံရပြီး ရက်အနည်းငယ်အကြာတွင် ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်ပြီး အများဆုံးတွေ့ရှိရသော လက္ခဏာများမှာ ရုတ်တရက် ဖျားနာခြင်း၊ အရေပြားတွင် အနီရောင်အကွက်/အစက်များထွက်ပေါ်ခြင်း၊ မျက်သားနီပြီး ရောင်ရမ်းခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့်လက္ခဏာများကို နှစ်ရက်မှ ခုနစ်ရက်အထိ ခံစားရနိုင်သည်။

နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် ကလေးကို ကူးစက်ကာ မွေးရာပါ ခေါင်းသေးရောဂါ (Microce-phaly) ဖြစ်စေနိုင်ကြောင်း ယူဆထားပြီး အရွယ်ရောက်ပြီးသူများတွင် အဖျားဝေဒနာပြင်းထန်ပါက အာရုံကြောများကို ထိခိုက်မှုဖြစ်စေနိုင်သည့် အခြေအနေရှိကြောင်း ဆေးပညာရှင်သုတေသီများက သုံးသပ်ထားသည်။ ထို့ကြောင့် ရောဂါဖြစ်ပွားရာနိုင်ငံများသို့ ကိုယ်ဝန်ဆောင်များသွားရောက်မှုကို အလေးအနက်စဉ်းစားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

‘‘ဒီလိုကျန်းမာရေးပြဿနာတွေကြောင့် ကလေးငယ်တွေမှာ ဉာဏ်ရည်ဖွံ့ဖြိုးမှုနောက်ကျစေနိုင်ပြီးတော့ မိသားစုအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။ နောက်ပြီး နိုင်ငံရဲ့ကုန်ထုတ်လုပ်မှု စွမ်းအားကျဆင်းစေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပါတယ်’’ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကာကွယ်ခြင်း

ဇီကာဗိုင်းရပ်စ်ကူးစက်ခံရခြင်းကို လက်ရှိအချိန်ထိ ကာကွယ်ဆေး၊ ကုသဆေး မရှိသေးပေ။ ခြင်မှ တစ်ဆင့်ကူးစက်လေ့ရှိသောကြောင့် ခြင်များကို ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်းသည်သာလျှင် ရောဂါကို အမှန်တကယ် တိုက်ဖျက်နိုင်မည့် ဖြေရှင်းချက်ဖြစ်ဖွယ်ရှိသည်။ ယင်းရောဂါသည် အချိန်တန်လျှင် ပျောက်ကင်းသွားနိုင်သော်လည်း သန္ဓေသားကို ထိခိုက်နိုင်သည့်အတွက် ဇီကာဗိုင်းရပ်စ်အန္တရာယ်ကို အမှန်တကယ် စိုးရိမ်ကြောက်ရွံ့ရမည့် လူတန်းစားသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများပင်ဖြစ်သည်။

ထို့ကြောင့် ရောဂါပိုးကူးစက်ပြန့်ပွားနေသည့်ဒေသတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင်များ၊ ယင်းဒေသမှ ပြန်လာသည့် ကိုယ်ဝန်ဆောင်များသည် သွေးနှင့်ဆီးစစ်ဆေးခြင်း၊ ကိုယ်ဝန်ကို အာထရာဆောင်းရိုက်ခြင်း၊ လိုအပ်ပါက ရေမြွှာရည်ဖောက်စစ်ဆေးခြင်းများ ပြုလုပ်ရန် လိုအပ်သည်။ ထို့ပြင် ရောဂါဖြစ်ပွားသည့်ဒေသမှ ပြန်လာသူနှင့် လိင်ဆက်ဆံမည်ဆိုပါက အကာအကွယ်ပစ္စည်း (ကွန်ဒုံး)အသုံးပြုရန် လိုအပ်သည်ဟု နိုင်ငံတကာမှ ဆေးပညာရှင်များက တိုက်တွန်းထားသည်။

ယခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဇီကာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း၊ ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်း၊ ခြင်အကိုက်မခံရစေရန် သင့်လျော်သော ကာကွယ်ရေးနည်း လမ်းများနှင့် လူထုအသိပညာပေးနှိုးဆော်တိုက်တွန်းရန်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးငယ်များကို ပိုမိုအလေးထားအသိပညာပေးရန်၊ ရောဂါကူးစက်ဖြစ်ပွားနေသော ဒေသများတွင် ဦးခေါင်းသေးငယ်သည့် ကလေးငယ်များနှင့် အာရုံကြောဆိုင်ရာ ရောဂါများဖြစ်ပွား မှုရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန်၊ ကူးစက်ဖြစ်ပွားမှုများတွေ့ရှိပါက WHO နှင့် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများသို့ အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့မျှဝေပေးရန် တိုက်တွန်းထားသည်။ စင်ကာပူနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ရောဂါပြန့်ပွားကူးစက်နေသဖြင့် မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသည့် မိခင်လောင်းများ ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံသို့ လာရောက်မှုကို ခေတ္တရပ်ဆိုင်းထားရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စက်တင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

‘‘ဇီကာအပါအဝင် ကူးစက်မြန်ရောဂါတွေနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေ အမြဲလုပ်နေရတယ်။ နိုင်ငံတကာနဲ့ သဘောတူညီချက် ယူထားတဲ့အတွက် မဖြစ်မနေလုပ်ရတယ်။ အခုဆိုလည်း ဆေးရုံကြီးတွေမှာ သံသယလူနာတွေ့ရင် သွေးဖောက်ပြီး ဗဟိုအမျိုးသားဓာတ်ခွဲဌာနကို ပို့ပေးဖို့ အထူးကုဆရာဝန်ကြီးတွေနဲ့ ဆရာဝန်ငယ်တွေကို တပ်လှန့်ထားတယ်။ ရောဂါစစ်ဖို့ စက်ပစ္စည်းတွေက အဆင်သင့်ရှိတယ်’’ဟု ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာ ခင်နန်းလုံက ဆိုသည်။

ထို့ပြင် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းဆောင်ရွက်ပုံနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါကာကွယ်နှိမ်နင်းရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေးဌာန ဒုညွှန်ချုပ် ဒေါက်တာသန်းဝင်းက ‘‘ဇီကာဗိုင်းရပ်စ် Infection ဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပေါ်မလဲ၊ လိုအပ်တဲ့စုံစမ်းမှုတွေကို ဘယ်လိုလုပ်ရမလဲ၊ နီးစပ်ရာကျန်းမာရေးဌာနတွေကို ပြဖို့ဆိုပြီး မြို့နယ်၊ ခရိုင်နဲ့တိုင်းနဲ့ ပြည်နယ်ဒေသကြီးကျန်းမာရေးဦးစီးဌာနအားလုံးကို ညွှန်ကြားပြီး အကြောင်းကြားပြီးဖြစ်ပါတယ်။ အကယ်၍များ အဲဒါနဲ့ဆင်တူတာ တွေ့မယ်ဆိုရင် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ’’ဟု ရှင်းပြသည်။

ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုအရေးကြီး

ကူးစက်ရောဂါများနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်မှုများပြုလုပ်ရာတွင် စီမံခန့်ခွဲမှုပိုင်း၌ လက်တွေ့ကျပြီး မှန်ကန်ထိရောက်သော လုပ်ငန်းစဉ်များဖြစ်ရန် လွန်စွာအရေးကြီးပြီး ကြိုတင်ကာကွယ်မှုများကို အင်တိုက်အားတိုက်လုပ်ဆောင်မှုအားနည်းပါက ပြည်သူများ ထိခိုက်နစ်နာစေမည် ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ရောဂါအခြေအနေနှင့် သတင်းအချက်အလက်များကို ယင်းနိုင်ငံ အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် ထုတ်ပြန်ပေးနေသကဲ့သို့ တစ်ဖက်ကလည်း နေရာအနှံ့ခြင် နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စင်ကာပူနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

‘‘ဒီဟာနဲ့ပတ်သက်ပြီးတော့ စင်ကာပူအစိုးရက သတင်းထုတ်ပြန်ချက်တွေ အမြဲထုတ်ပေးတယ်။ အရင်ကတည်းက စင်ကာပူမှာ ပိုးလောက်လမ်း၊ ခြင်ဥတို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်စစ်တယ်။ တွေ့ရင် ဒဏ်ရိုက်တယ်။ အခုလည်း ခြင်နှိမ်နင်းရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်နေတာတွေ့ရတယ်’’ဟု စင်ကာပူနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ မြန်မာအင်ဂျင်နီယာတစ်ဦးက ဆိုသည်။

၂၀၁၅ က စတင်ခဲ့သည့် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ဘရာဇီးနိုင်ငံက အစပြုခဲ့သော ဇီကာဗိုင်းရပ်စ်သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နိုင်ငံအထိ ကူးစက်ပျံ့နှံ့လာသောကြောင့် ယင်းနိုင်ငံများနှင့်ထိစပ်နေသော မြန်မာနိုင်ငံသည်လည်း ဇီကာဗိုင်းရပ်စ်အန္တရာယ်ကို အထူးသတိပြုရမည်ဖြစ်သည်။

‘‘အဓိက ခြင်ကြောင့်ဖြစ်တာ ဆိုတော့ ဖုံးသွန်လဲစစ်တွေလုပ်ရ မယ်။ ခြင်မကိုက်အောင် ခြင်နှိမ် နင်းရေးတွေ လုပ်ရမယ်။ လေဆိပ်၊ နယ်စပ်ပေါက်တွေကနေ ဝင်လာ မယ့်သူတွေကို ဖျားနေလား၊ အ လာဂျစ်ရှိလား စစ်ဆေးရမယ်။ ဒါ က တော်တော်ကို လိုပါတယ်’’ဟု ဒေါက်တာဘရွှေက အကြံပြုသည်။

နိုင်ငံတော်အစိုးရပိုင်းက လုံလောက်သည့် ကြိုတင်ကာကွယ် စီမံခန့်ခွဲမှုများ ပြင်ဆင်ထားရန် လိုအပ်သကဲ့သို့ ပြည်သူများက လည်း ယင်းရောဂါနှင့်ပတ်သက်၍  ဗဟုသုတရှိရန်လိုအပ်ပြီး မိမိ၏ပတ်ဝန်းကျင်၌ သံသယလူနာတွေ့ပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ သွားရောက်စစ်ဆေးရန် တိုက်တွန်းမှုလိုသည်။



‘‘လေဆိပ်မှာ လက်ရှိ အစိုးရစစ်ဆေးနေတာက လုံလောက်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ပိုပြီးအရေးကြီးတာက ချင်းမိုင်လို မြန်မာနဲ့နယ်စပ်လမ်းကြောင်းတွေရှိနေတဲ့ နေရာတွေမှာ စစ်ဆေးနေလား၊ မစစ်ဆေးဘူးလားဆိုတာက သံသယရှိတယ်။ ဘူးသီးတောင်- မောင်တောလို တိုင်းပြည်ရဲ့ဝင်ပေါက်တွေမှာ အကုန်စစ်ဆေးနိုင်ရင် ပိုကောင်းတယ်။ အဲဒီလိုနေရာတွေမှာ အဓိက ကျန်းမာရေးစောင့်ကြည့်ဖို့ လိုတယ်’’ဟု ဒေါက်တာ မြင့်ဦး(ဂျီပီ)က သုံးသပ်ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top