Property Expo
×
ရှားစောင်းလက်ပတ်ကို လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပြီး နေလောင်ဒဏ်တွေအတွက်တော့ အကောင်းဆုံးကုထုံးပဲဖြစ်ပါတယ်။ ဒါ့အပြင်ဒီထက်ပိုပြီး အသုံးဝင်တဲ့အတွက် ရှားစောင်းလက်ပတ်ကို ဂျယ်လီပုံစံ၊ အသားအရည်ထိန်းသိမ်းမှု ကုန်ပစ္စည်းတွေအပြင် ရှားစောင်းလက်ပတ်ဖျော်ရည်တွေအဖြစ် အမျိုးမျိုး ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းတွေလည်း အများကြီး ပေါ်ပေါက်နေပြီဖြစ်ပါတယ်။
မိတ်ကပ်ဖျက်ဆေး
၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ ရှားစောင်းလက်ပတ်အနှစ်က အရေးအကြောင်းတွေကို လျော့နည်းစေနိုင်ပြီး အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအားကို ပိုပြီးတိုးတက်စေနိုင်တယ်လို့ သိရှိရပါတယ်။
မျက်ခုံးမွေးဆွဲတံ၊ မျက်တောင်ကော့ဆေး စုတ်တံကို ရိုးရိုးရှင်းရှင်းလေးပဲ ရှားစောင်းလက်ပတ်အနှစ်ထဲကို နှစ်လိုက်ပြီးမှ မျက်ခုံးမွေးဆွဲမယ်၊ မျက်တောင်ကော့မယ်ဆိုရင်တာ့ တစ်နေ့တာလုံး စွဲစွဲမြဲမြဲနဲ့ လှပနေမှာဖြစ်ပါတယ်။
ဝက်ခြံအထွက်များတဲ့ အသားအရည်မျိုးအတွက်သာမက ယားယံတာတွေ၊ အပူလောင်ဒဏ်ရာတွေကိုလည်း သက်သာစေပြီး နီရဲယောင်းရမ်းမှုတွေကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ခံတွင်းသန့်ဆေး
Credit:Thithtoolwin
Unicode Version
နေလောင်ဒဏ်တွေအတွက် အကောင်းဆုံးကုသမှုကတော့ ရှားစောင်းလက်ပတ်ပဲဖြစ်ပါတယ်။
ရှားစောင်းလက်ပတ်ကို လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပြီး နေလောင်ဒဏ်တွေအတွက်တော့ အကောင်းဆုံးကုုထုံးပဲဖြစ်ပါတယ်။ ဒါ့အပြင်ဒီထက်ပိုပြီး အသုံးဝင်တဲ့အတွက် ရှားစောင်းလက်ပတ်ကို ဂျယ်လီပုံစံ၊ အသားအရည်ထိန်းသိမ်းမှု ကုန်ပစ္စည်းတွေအပြင် ရှားစောင်းလက်ပတ်ဖျော်ရည်တွေအဖြစ် အမျိုးမျိုး ထုတ်လုပ်ရောင်းချနေတဲ့ လုုပ်ငန်းတွေလည်း အများကြီး ပေါ်ပေါက်နေပြီဖြစ်ပါတယ်။
မိတ်ကပ်ဖျက်ဆေး
ယုံချင်ယုံ၊ မယုံချင်နေ..ရှားစောင်းလက်ပတ်ကို မိတ်ကပ်ဖျက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ မိတ်ကပ်ဖျက်မယ့် ဝါဂွမ်းလုံးလေးပေါ်မှာ ရှားစောင်းလက်ပတ်အနည်းငယ်ထည့်ပြီး မျက်နှာပေါ်ကို ဖြည်းဖြည်းချင်း သုုတ်လိမ်းပွတ်တိုုက်ပြီး မိတ်ကပ်တွေကို ဖျက်ပစ်နိုင်ပါတယ်။
သဘာ၀ အရေးအကြောင်းပျောက်ဆေး
၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ ရှားစောင်းလက်ပတ်အနှစ်က အရေးအကြောင်းတွေကို လျော့နည်းစေနိုုင်ပြီး အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအားကို ပိုပြီးတိုးတက်စေနိုင်တယ်လို့ သိရှိရပါတယ်။
ကြာရှည်ခံ မျက်ခုံးမွေးနဲ့ မျက်တောင်ကော့ဆေး
မျက်ခုံးမွေးဆွဲတံ၊ မျက်တောင်ကော့ဆေး စုတ်တံကို ရိုးရိုုးရှင်းရှင်းလေးပဲ ရှားစောင်းလက်ပတ်အနှစ်ထဲကို နှစ်လိုက်ပြီးမှ မျက်ခုံးမွေးဆွဲမယ်၊ မျက်တောင်ကော့မယ်ဆိုရင်တာ့ တစ်နေ့တာလုံး စွဲစွဲမြဲမြဲနဲ့ လှပနေမှာဖြစ်ပါတယ်။
အပူလောင်ခြင်းများ သက်သာစေရန်
ဝက်ခြံအထွက်များတဲ့ အသားအရည်မျိုးအတွက်သာမက ယားယံတာတွေ၊ အပူလောင်ဒဏ်ရာတွေကိုုလည်း သက်သာစေပြီး နီရဲယောင်းရမ်းမှုတွေကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ခံတွင်းသန့်ဆေး
၂၀၁၄ ခုနှစ်က လေ့လာချက်အရ ရှားစောင်းလက်ပတ်က ခံတွင်းနဲ့ပတ်သက်ပြီးလည်း အကျိုးကျေးဇူးတွေ ရှိကြောင်းသိရှိရပါတယ်။ သွားဖုံးယောင်ခြင်း၊ အပူကန်ခြင်း၊ သွားဖုံးသွေးယိုခြင်းတွေကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top