Property Expo
×

ေဆးလိပ္ ေသာက္ျခင္းဟာ အမ်ိဳးသမီးေတြမွာ ကိုယ္၀န္မရႏိုင္ျခင္းနဲ႔ အခ်ိန္ေစာစီးစြာ ေသြးဆံုးျခင္းတို႔ကို ျဖစ္ေစႏိုင္တယ္လို႔ ေလ့လာမႈ တစ္ခုက ေဖာ္ျပလိုက္ပါတယ္။

ေဆးရြက္ႀကီး ကို စြဲလန္းမႈ လြန္ကဲေနသူေတြအပါအ၀င္ ေဆးလိပ္ေသာက္ၿပီးျဖတ္လိုက္သူ(သို႔) ေဆးလိပ္ပံုမွန္ေသာက္သံုးသူအမ်ိဳးသမီးေတြအေနနဲ႔ ေဆးလိပ္ မေသာက္ဖူးသူ အမ်ိဳးသမီးေတြထက္ ၁ ႏွစ္(သို႔) ၂ ႏွစ္ ေစာစီးစြာ ေသြးဆံုးႏိုင္ေခ်မ်ားေနပါတယ္။

လက္ရွိေဆးလိပ္ေသာက္သံုးေနသူေတြ (သို႔) အရင္တုန္းက ေသာက္သံုးခဲ့သူေတြဟာ ေဆးလိပ္မေသာက္တတ္သူေတြထက္ ၁၄ ရာခိုင္ႏႈန္းကိုယ္၀န္မရေစဖို႔ အခြင့္အလမ္းမ်ားေနၿပီး ေဆးလိပ္ကို အလြန္အကၽြံေသာက္သံုးသူေတြ ၊ ေဆးရြက္ႀကီး စြဲလန္းေနသူေတြ ကေတာ့ ေဆးလိပ္မေသာက္တတ္သူေတြထက္ ၁၈ ရာခိုင္ႏႈန္း ကိုယ္၀န္မရဖို႔ အခြင့္အလမ္းပိုမ်ားေနပါတယ္။

သုေတသီေတြဟာ အသက္ ၅၀ ကေန ၇၉ ႏွစ္ၾကားရွိတဲ့ အမ်ိဳးသမီး ၇၉၆၉၀ ေယာက္တို႔ရဲ ႔ အခ်က္အလက္ေတြကို ၾကည့္ရႈေလ့လာခဲ့ပါတယ္။ ၿပီးေတာ့ သူတို႔ရဲ႕ တစ္သက္လံုး ေဆးလိပ္ေသာက္ခဲ့တဲ့ အက်င့္ေတြ ၊ ကိုယ္၀န္ရရွိခဲ့မႈ ျပႆနာေတြနဲ႔ ေသြးဆံုးခ်ိန္ အသက္အရြယ္ေတြ ရဲ ႔ သတင္းအခ်က္အလက္ေတြကို ရယူခဲ့ျပန္ပါတယ္။ အဲဒီအခါမွာေတာ့ တစ္ခါမွ ေဆးလိပ္မေသာက္ဖူးသူေတြနဲ႔ ႏိႈင္းယွဥ္တဲ့အခါမွာ ေဆးလိပ္ေသာက္သံုးဘူးသူ အမ်ိဳးသမီးေတြဟာ ကိုယ္၀န္မရဖို႔ အခြင့္အလမ္း ၁၄ ရာခိုင္ႏႈန္းပိုမ်ားေနတာကို ေတြ ႔ ခဲ့ရတာပါ။

ဒီေလ့လာမႈကိုေတာ့ Tobacco Control ဆိုတဲ့အြန္လိုင္းဂ်ာနယ္မွာ ပံုႏွိပ္ေဖာ္ျပခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

ဆေးလိပ် သောက်ခြင်းဟာ အမျိုးသမီးတွေမှာ ကိုယ်ဝန်မရနိုင်ခြင်းနဲ့ အချိန်စောစီးစွာ သွေးဆုံးခြင်းတို့ကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။

ဆေးရွက်ကြီး ကို စွဲလန်းမှု လွန်ကဲနေသူတွေအပါအဝင် ဆေးလိပ်သောက်ပြီးဖြတ်လိုက်သူ(သို့) ဆေးလိပ်ပုံမှန်သောက်သုံးသူအမျိုးသမီးတွေအနေနဲ့ ဆေးလိပ် မသောက်ဖူးသူ အမျိုးသမီးတွေထက် ၁ နှစ်(သို့) ၂ နှစ် စောစီးစွာ သွေးဆုံးနိုင်ချေများနေပါတယ်။

လက်ရှိဆေးလိပ်သောက်သုံးနေသူတွေ (သို့) အရင်တုန်းက သောက်သုံးခဲ့သူတွေဟာ ဆေးလိပ်မသောက်တတ်သူတွေထက် ၁၄ ရာခိုင်နှုန်းကိုယ်ဝန်မရစေဖို့ အခွင့်အလမ်းများနေပြီး ဆေးလိပ်ကို အလွန်အကျွံသောက်သုံးသူတွေ ၊ ဆေးရွက်ကြီး စွဲလန်းနေသူတွေ ကတော့ ဆေးလိပ်မသောက်တတ်သူတွေထက် ၁၈ ရာခိုင်နှုန်း ကိုယ်ဝန်မရဖို့ အခွင့်အလမ်းပိုများနေပါတယ်။

သုတေသီတွေဟာ အသက် ၅၀ ကနေ ၇၉ နှစ်ကြားရှိတဲ့ အမျိုးသမီး ၇၉၆၉၀ ယောက်တို့ရဲ့ အချက်အလက်တွေကို ကြည့်ရှုလေ့လာခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့ တစ်သက်လုံး ဆေးလိပ်သောက်ခဲ့တဲ့ အကျင့်တွေ ၊ ကိုယ်ဝန်ရရှိခဲ့မှု ပြဿနာတွေနဲ့ သွေးဆုံးချိန် အသက်အရွယ်တွေ ရဲ့ သတင်းအချက်အလက်တွေကို ရယူခဲ့ပြန်ပါတယ်။ အဲဒီအခါမှာတော့ တစ်ခါမှ ဆေးလိပ်မသောက်ဖူးသူတွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ ဆေးလိပ်သောက်သုံးဘူးသူ အမျိုးသမီးတွေဟာ ကိုယ်ဝန်မရဖို့ အခွင့်အလမ်း ၁၄ ရာခိုင်နှုန်းပိုများနေတာကို တွေ့ ခဲ့ရတာပါ။

ဒီလေ့လာမှုကိုတော့ Tobacco Control ဆိုတဲ့အွန်လိုင်းဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top