Property Expo
×

 ဘီလ္ဘယ္ရီဟုေခၚသည့္ သဘာ၀အတုိင္းေပါက္ေရာက္ေသာ ဘလူးဘယ္ရီသီးမ်ားကို စားေပးျခင္းျဖင့္  ခႏၶာကိုယ္ေရာင္ရမ္းျခင္းႏွင့္ ေသြးေပါင္ျမင့္တက္ျခင္းတုိ႔ အပါအ၀င္ အဆီမ်ားေသာ အစားအ ေသာက္မ်ား၏ မလိုလားအပ္ေသာ ထိခိုက္မႈမ်ားစြာကို ေလ်ာ့ပါး သြားေစႏုိင္ေၾကာင္း ဖင္လန္ႏုိင္ငံ အေရွ႕ပိုင္းတကၠသိုလ္၏ ေလ့လာ မႈတစ္ရပ္အရ သိရသည္။

သုေတသီမ်ားက ႂကြက္မ်ားကို အဆီပါ၀င္မႈမ်ားေသာ အစား အစာသုံးလအထိ ေကြၽးၿပီး ယင္းတို႔အနက္အခ်ဳိ႕ကို အာဟာရ စားေသာက္မႈ စုစုေပါင္း၏ ၁၀ ရာခိုင္ႏႈန္း ပမာဏခန္႔ရွိေသာ ဘီလ္ဘယ္ရီသီးမ်ား ေကြၽးေမြး၍ ေစာင့္ၾကည့္ေလ့လာခဲ့သည္။

ေလ့လာမႈအတြင္း ႂကြက္မ်ား၏ ေရာင္ရမ္းေစေသာ ဆဲလ္မ်ား၊ ဆဲလ္မ်ား၏ ပ႐ိုတိန္းဓာတ္ထုတ္လုပ္မႈအဆင့္၊ အေပၚေသြး ေပါင္တက္ျခင္း၊ ဂလူးကို႔စ္ဓာတ္ခံႏုိင္မႈ၊ အင္ဆူလင္ထိခိုက္ခံႏုိင္မႈ ႏွင့္ ကိုယ္အေလးခ်ိန္ ျမင့္တက္လာမႈတို႔ကို သုေတသီမ်ားက ေလ့ လာခဲ့သည္။

ဘီလ္ဘယ္ရီသီးမ်ား ေကြၽးထားေသာ ႂကြက္မ်ားတြင္ အဆီမ်ားေသာ အစားအေသာက္ေၾကာင့္ ျဖစ္ေပၚသည့္ ေရာင္ရမ္းေစေသာ အရာမ်ား ေလ်ာ့က်သြားေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့ သည္။

ဘီလ္ဘယ္ရီသီးေကြၽးထားေသာ ႂကြက္မ်ားမွာ ကိုယ္အေလး ခ်ိန္နည္းပါးၿပီး ဘီလ္ဘယ္ရီသီးမေကြၽးထားေသာ ႂကြက္မ်ားထက္ အေပၚေသြးေပါင္ေလ်ာ့နည္းေၾကာင္း သုေတသီမ်ားက ေလ့လာ ေတြ႕ရွိခဲ့သည္။ ယင္းေလ့လာေတြ႕ရွိခ်က္ကို PLOS One ဂ်ာနယ္ တြင္ ေဖာ္ျပထားသည္။

သဘာ၀အတုိင္း ေပါက္ေရာက္ေသာ ဘလူးဘယ္ရီသီးမ်ား တြင္ စီးပြားေရးအရ စိုက္ပ်ဳိးေရာင္းခ်ေသာ ဘလူးဘယ္ရီသီးမ်ား ထက္ အစားအေသာက္ဆုိင္ရာ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား ပို၍ ပါ၀င္ေၾကာင္း သုေတသီမ်ားက ေျပာသည္။

မက္ဂီးလ္တကၠသိုလ ေလ့လာမႈတစ္ရပ္အရ အဆီပါ၀င္မႈ မ်ားေသာ အစားအစာမ်ားႏွင့္ ျပန္လည္သန္႔စင္ထားေသာ ကာဗို ဟိုက္ဒရိတ္မ်ား ေကြၽးေမြးထားသည့္ ႂကြက္မ်ားကို အာလူးမွထုတ္ ယူထားေသာ အစားအေသာက္ ေကြၽးပါက ကိုယ္အေလးခ်ိန္မ်ား လာျခင္းကို ကာကြယ္ႏုိင္ေၾကာင္းလည္း သိရသည္။ အာလူးမွထုတ္ ယူထားေသာ အစားအေသာက္တြင္ အစားအေသာက္ဆုိင္ရာ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ားပါ၀င္ေၾကာင္း သုေတသီမ်ားက ေလ့လာ ေတြ႕ရွိခဲ့သည္။  

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဘီလ်ဘယ်ရီဟုခေါ်သည့် သဘာဝအတိုင်းပေါက်ရောက်သော ဘလူးဘယ်ရီသီးများကို စားပေးခြင်းဖြင့်  ခန္ဓာကိုယ်ရောင်ရမ်းခြင်းနှင့် သွေးပေါင်မြင့်တက်ခြင်းတို့ အပါအဝင် အဆီများသော အစားအ သောက်များ၏ မလိုလားအပ်သော ထိခိုက်မှုများစွာကို လျော့ပါး သွားစေနိုင်ကြောင်း ဖင်လန်နိုင်ငံ အရှေ့ပိုင်းတက္ကသိုလ်၏ လေ့လာ မှုတစ်ရပ်အရ သိရသည်။

သုတေသီများက ကြွက်များကို အဆီပါဝင်မှုများသော အစား အစာသုံးလအထိ ကျွေးပြီး ယင်းတို့အနက်အချို့ကို အာဟာရ စားသောက်မှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း ပမာဏခန့်ရှိသော ဘီလ်ဘယ်ရီသီးများ ကျွေးမွေး၍ စောင့်ကြည့်လေ့လာခဲ့သည်။

လေ့လာမှုအတွင်း ကြွက်များ၏ ရောင်ရမ်းစေသော ဆဲလ်များ၊ ဆဲလ်များ၏ ပရိုတိန်းဓာတ်ထုတ်လုပ်မှုအဆင့်၊ အပေါ်သွေး ပေါင်တက်ခြင်း၊ ဂလူးကို့စ်ဓာတ်ခံနိုင်မှု၊ အင်ဆူလင်ထိခိုက်ခံနိုင်မှု နှင့် ကိုယ်အလေးချိန် မြင့်တက်လာမှုတို့ကို သုတေသီများက လေ့ လာခဲ့သည်။

ဘီလ်ဘယ်ရီသီးများ ကျွေးထားသော ကြွက်များတွင် အဆီများသော အစားအသောက်ကြောင့် ဖြစ်ပေါ်သည့် ရောင်ရမ်းစေသော အရာများ လျော့ကျသွားကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့ သည်။

ဘီလ်ဘယ်ရီသီးကျွေးထားသော ကြွက်များမှာ ကိုယ်အလေး ချိန်နည်းပါးပြီး ဘီလ်ဘယ်ရီသီးမကျွေးထားသော ကြွက်များထက် အပေါ်သွေးပေါင်လျော့နည်းကြောင်း သုတေသီများက လေ့လာ တွေ့ရှိခဲ့သည်။ ယင်းလေ့လာတွေ့ရှိချက်ကို PLOS One ဂျာနယ် တွင် ဖော်ပြထားသည်။

သဘာဝအတိုင်း ပေါက်ရောက်သော ဘလူးဘယ်ရီသီးများ တွင် စီးပွားရေးအရ စိုက်ပျိုးရောင်းချသော ဘလူးဘယ်ရီသီးများ ထက် အစားအသောက်ဆိုင်ရာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပို၍ ပါဝင်ကြောင်း သုတေသီများက ပြောသည်။

မက်ဂီးလ်တက္ကသိုလ လေ့လာမှုတစ်ရပ်အရ အဆီပါဝင်မှု များသော အစားအစာများနှင့် ပြန်လည်သန့်စင်ထားသော ကာဗို ဟိုက်ဒရိတ်များ ကျွေးမွေးထားသည့် ကြွက်များကို အာလူးမှထုတ် ယူထားသော အစားအသောက် ကျွေးပါက ကိုယ်အလေးချိန်များ လာခြင်းကို ကာကွယ်နိုင်ကြောင်းလည်း သိရသည်။ အာလူးမှထုတ် ယူထားသော အစားအသောက်တွင် အစားအသောက်ဆိုင်ရာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကြောင်း သုတေသီများက လေ့လာ တွေ့ရှိခဲ့သည်။   


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top