Kantharyar Centre
×

မႏၲေလးမဟာေအာင္ေျမျမိဳ့နယ္ မဟာျမိဳင္အပိုင္း(၁) ရပ္ကြက္အတြင္း ဆိုင္ကယ္စီးလာသူ အမ်ိဳးသားႏွင့္ေနာက္ကပါလာသူအမ်ိဳးသမီး ဆိုင္ကယ္အတူစီးႏွင္းလာစဥ္ အမ်ိဳးသမီးတဦးက ေရွ႕မွပိတ္တားကာ အမ်ဳိးသားကို အသင့္ယူေဆာင္လာေသာ ဓါးျဖင့္ ထိုးသျဖင့္ ဒဏ္ရာရသူအမ်ိဳးသားသည္ မႏၲေလးေဆးရံုအေရာက္တြင္ ေသဆံုသြားခဲ့ေၾကာင္း သိရသည္။

"ဒီလူသတ္မႈျဖစ္နဲ႔ပတ္သက္၍ ဘယ္လိုျဖစ္တယ္ဆိုတာ တိတက်က် မသိရေသပါဘူး။ က်ြန္ေတာ္တို႔စံုစမ္းသိရွိသေလာက္ကေတာ့ ေသဆံုးသူ ေမာင္ပိုင္ျဖိဳးေဇာ္ရဲ့ ပထမ ရည္းစားလို႔သိရပါတယ္။ အခုဆိုင္ကယ္ေနာက္ကပါလာသူ အမ်ိဳးသမီးက ေသဆံုးသူ လက္ရွိတြဲေနတဲ့ရည္စားလို႔သိရပါတယ္။ လူသတ္မႈက်ဳးလြန္ခဲ့တဲ့ မစႏၵာလင္းဆီက ပိုက္ဆံေတြယူသံုးတယ္။ ေနာက္သမီးရည္းစားခ်င္းစကားမ်ားရန္ျဖစ္ျပီး ေမာင္ပိုင္ျဖိဳးေဇာ္က ေနာက္တေယာက္နဲ႔တြဲျပီး မစႏၵာလင္းဆုထားတဲ့ ပိုက္ဆံေတြကို ATM ကတ္ေတြယူသံုးထားတာကေန စကားမ်ားရာက အခုလို လူသတ္မႈအထိျဖစ္ပြားတယ္လို႔သိရပါတယ္"ဟု တာဝန္ရွိသူ ရဲဝန္ထမ္းတဦးကေျပာသည္။


ေသဆံုးသူ ေမာင္ပိုင္ျဖိဳးေဇာ္ အသက္(၂၂) သည္ ရူပေဗဒ ေနာက္ဆံုးႏွစ္ေက်ာင္းသားျဖစ္ျပီး မဟာျမိဳင္အပိုင္း(၁)ရပ္ကြက္ ၆၈လမ္း၆၉လမ္းႀကား ၃၈လမ္း၃၉လမ္းရွိ ေအာင္ခ်မ္းသာ အမ်ိဳးသားေဆာင္တြင္ေနထိုင္ေၾကာင္း သိရသည္။

ဓါးျဖင့္ထိုးသတ္သူ မစႏၵာလင္းက မဟာျမိဳင္အပိုင္း(၁) ၆၉လမ္း၇၀ လမ္းႀကား ၃၆ လမ္း ၃၇လမ္းရွိ စကားဝါ အမ်ိဳးသမီးေဆာင္တြင္ ေနထိုင္သူျဖစ္သည္။ အဆိုပါ လူသတ္မႈကို အမွတ္(၉) ျမိဳ့မ ရဲစခန္းမွ (ပ) ၅၂၂/၂၀၁၆ ရာဇသက္ႀကီး ဥပေဒ ပုဒ္မ-၃၀၂ျဖင့္ အမႈဖြင့္အေရးယူထားေႀကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)

#Unicode Version
မန္တလေးမဟာအောင်မြေမြို့နယ် မဟာမြိုင်အပိုင်း(၁) ရပ်ကွက်အတွင်း ဆိုင်ကယ်စီးလာသူ အမျိုးသားနှင့်နောက်ကပါလာသူအမျိုးသမီး ဆိုင်ကယ်အတူစီးနှင်းလာစဉ် အမျိုးသမီးတဦးက ရှေ့မှပိတ်တားကာ အမျိုးသားကို အသင့်ယူဆောင်လာသော ဓါးဖြင့် ထိုးသဖြင့် ဒဏ်ရာရသူအမျိုးသားသည် မန္တလေးဆေးရုံအရောက်တွင် သေဆုံသွားခဲ့ကြောင်း သိရသည်။

"ဒီလူသတ်မှုဖြစ်နဲ့ပတ်သက်၍ ဘယ်လိုဖြစ်တယ်ဆိုတာ တိတကျကျ မသိရသေပါဘူး။ ကျွန်တော်တို့စုံစမ်းသိရှိသလောက်ကတော့ သေဆုံးသူ မောင်ပိုင်ဖြိုးဇော်ရဲ့ ပထမ ရည်းစားလို့သိရပါတယ်။ အခုဆိုင်ကယ်နောက်ကပါလာသူ အမျိုးသမီးက သေဆုံးသူ လက်ရှိတွဲနေတဲ့ရည်စားလို့သိရပါတယ်။ လူသတ်မှုကျုးလွန်ခဲ့တဲ့ မစန္ဒာလင်းဆီက ပိုက်ဆံတွေယူသုံးတယ်။ နောက်သမီးရည်းစားချင်းစကားများရန်ဖြစ်ပြီး မောင်ပိုင်ဖြိုးဇော်က နောက်တယောက်နဲ့တွဲပြီး မစန္ဒာလင်းဆုထားတဲ့ ပိုက်ဆံတွေကို ATM ကတ်တွေယူသုံးထားတာကနေ စကားများရာက အခုလို လူသတ်မှုအထိဖြစ်ပွားတယ်လို့သိရပါတယ်"ဟု တာဝန်ရှိသူ ရဲဝန်ထမ်းတဦးကပြောသည်။


သေဆုံးသူ မောင်ပိုင်ဖြိုးဇော် အသက်(၂၂) သည် ရူပဗေဒ နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီး မဟာမြိုင်အပိုင်း(၁)ရပ်ကွက် ၆၈လမ်း၆၉လမ်းကြား ၃၈လမ်း၃၉လမ်းရှိ အောင်ချမ်းသာ အမျိုးသားဆောင်တွင်နေထိုင်ကြောင်း သိရသည်။

ဓါးဖြင့်ထိုးသတ်သူ မစန္ဒာလင်းက မဟာမြိုင်အပိုင်း(၁) ၆၉လမ်း၇၀ လမ်းကြား ၃၆ လမ်း ၃၇လမ်းရှိ စကားဝါ အမျိုးသမီးဆောင်တွင် နေထိုင်သူဖြစ်သည်။ အဆိုပါ လူသတ်မှုကို အမှတ်(၉) မြို့မ ရဲစခန်းမှ (ပ) ၅၂၂/၂၀၁၆ ရာဇသက်ကြီး ဥပဒေ ပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top