Shwe Zabu River View Condominium Promotion
×

ေဖ့ဘြတ္ လူမႈကြန္ရက္စာမ်က္ႏွာ အသက္အႀကီးဆံုးနဲ႔ အသံုးျပဳခြင့္ စာရင္းသြင္းထားတဲ့ အဘြားအုိက အသက္ ၁၀၄ ႏွစ္ရွိၿပီးျဖစ္ကာ ဆုိရွယ္နက္ဝက္ ေဖ့ဘြတ္မွာအေကာင့္ဖြင့္ၿပီး အသံုးျပဳေနခဲ့တယ္လုိ႔ သိရပါတယ္။ အသက္ ၁၀၄ ႏွစ္ေက်ာ္ၿပီးေနာက္ပုိင္း မၾကာခင္မွာ ကြယ္လြန္သြားခဲ့ၿပီးျဖစ္တဲ့ သူမက ကမာၻ႔အသက္အႀကီးဆံုး ေဖ့ ဘြတ္အသံုးျပဳသူအျဖစ္ စာရင္းဝင္ေနခဲ့ပါတယ္။

ၿဗိတိန္ႏုိင္ငံ၊ ေဝလေတာင္ဘက္ျခမ္း၊ ပန္ဘရုတ္ရႈိင္းရား၊ တန္ဘီမွာ ေနထုိင္တဲ့ အသက္အႀကီးဆံုး ေဖ့ဘြတ္အသံုးျပဳသူ အဘြားအုိ လီ လီယန္ လုိဝီက သူမရဲ႕စိတ္ပုိင္းဆုိင္ရာမွာ လူငယ္ေတြလုိႏုပ်ိဳေနဆဲ နဲ႔ နည္းပညာနဲ႔ ပတ္ဝန္းက်င္အသစ္အသစ္ေတြကုိ ဆက္လက္ေလ့ လာခ်င္ေနဆဲျဖစ္တဲ့ဆႏၵက ေဖ့ဘြတ္စာမ်က္ႏွာအၿမဲလုိလုိ အသံုးျပဳ ေနခဲ့တာေတြက သက္ေသျပေနပါတယ္။

ဆုိရွယ္အသံုးျပဳသူအေရအတြက္ေပါင္း သန္း ၅၀၀ အၾကားမွာ သူမက တကယ့္ကုိလူသိမ်ား ေပၚျပဴလာျဖစ္ေနပါတယ္။ ေျမးျဖစ္ သူေတြရဲ႕ နည္းပညာပစၥည္းေတြကုိ ယူသံုးၿပီးေနာက္မွာ အင္တာ နက္ဆုိရွယ္မွာ သူငယ္ခ်င္းအေပါင္းအသင္းထားၿပီး အျပန္အလွန္ ဆက္သြယ္စကားေျပာႏုိင္ဖုိ႔အတြက္ ေဖ့ဘြတ္ဆုိရွယ္အေကာင့္တစ္ ခုဖြင့္ကာ သံုးစြဲခဲ့ျခင္းျဖစ္တယ္လုိ႔ ဆုိပါတယ္။

သူမရဲ႕အေကာင့္မွာ အခုဆုိရင္ ေဖ့ဘြတ္က သူငယ္ခ်င္း ၃၄ ဦးရွိေန တယ္လုိ႔လည္း သမီးျဖစ္သူက ဆုိပါတယ္။ ၁၉၀၇ ခုႏွစ္မွာ ေမြးဖြားခဲ့ တဲ့ အသက္ ၁၀၀ ေက်ာ္သူမက အသက္အရြယ္အိုမင္းလာသည့္ တုိင္ေအာင္ပဲ သူမရဲ႕ငယ္ဘဝနဲ႔ အျဖစ္အပ်က္အေၾကာင္းအရာေတြ ကုိ မွတ္မွတ္ရရရွိေနေလာက္ေအာင္ကုိ သတိဝီရိယ ေကာင္းသူတစ္ ဦးျဖစ္လုိ႔ စူပါဂရမ္းလုိ႔လည္း အမည္ေပးမွည့္ေခၚထားၾကပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာ အသက်အကြီးဆုံးနဲ့ အသုံးပြုခွင့် စာရင်းသွင်းထားတဲ့ အဘွားအိုက အသက် ၁၀၄ နှစ်ရှိပြီးဖြစ်ကာ ဆိုရှယ်နက်ဝက် ဖေ့ဘွတ်မှာအကောင့်ဖွင့်ပြီး အသုံးပြုနေခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၀၄ နှစ်ကျော်ပြီးနောက်ပိုင်း မကြာခင်မှာ ကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့ သူမက ကမ္ဘာ့အသက်အကြီးဆုံး ဖေ့ ဘွတ်အသုံးပြုသူအဖြစ် စာရင်းဝင်နေခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ၊ ဝေလတောင်ဘက်ခြမ်း၊ ပန်ဘရုတ်ရှိုင်းရား၊ တန်ဘီမှာ နေထိုင်တဲ့ အသက်အကြီးဆုံး ဖေ့ဘွတ်အသုံးပြုသူ အဘွားအို လီ လီယန် လိုဝီက သူမရဲ့စိတ်ပိုင်းဆိုင်ရာမှာ လူငယ်တွေလိုနုပျိုနေဆဲ နဲ့ နည်းပညာနဲ့ ပတ်ဝန်းကျင်အသစ်အသစ်တွေကို ဆက်လက်လေ့ လာချင်နေဆဲဖြစ်တဲ့ဆန္ဒက ဖေ့ဘွတ်စာမျက်နှာအမြဲလိုလို အသုံးပြု နေခဲ့တာတွေက သက်သေပြနေပါတယ်။

ဆိုရှယ်အသုံးပြုသူအရေအတွက်ပေါင်း သန်း ၅၀၀ အကြားမှာ သူမက တကယ့်ကိုလူသိများ ပေါ်ပြူလာဖြစ်နေပါတယ်။ မြေးဖြစ် သူတွေရဲ့ နည်းပညာပစ္စည်းတွေကို ယူသုံးပြီးနောက်မှာ အင်တာ နက်ဆိုရှယ်မှာ သူငယ်ချင်းအပေါင်းအသင်းထားပြီး အပြန်အလှန် ဆက်သွယ်စကားပြောနိုင်ဖို့အတွက် ဖေ့ဘွတ်ဆိုရှယ်အကောင့်တစ် ခုဖွင့်ကာ သုံးစွဲခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

သူမရဲ့အကောင့်မှာ အခုဆိုရင် ဖေ့ဘွတ်က သူငယ်ချင်း ၃၄ ဦးရှိနေ တယ်လို့လည်း သမီးဖြစ်သူက ဆိုပါတယ်။ ၁၉၀၇ ခုနှစ်မှာ မွေးဖွားခဲ့ တဲ့ အသက် ၁၀၀ ကျော်သူမက အသက်အရွယ်အိုမင်းလာသည့် တိုင်အောင်ပဲ သူမရဲ့ငယ်ဘဝနဲ့ အဖြစ်အပျက်အကြောင်းအရာတွေ ကို မှတ်မှတ်ရရရှိနေလောက်အောင်ကို သတိဝီရိယ ကောင်းသူတစ် ဦးဖြစ်လို့ စူပါဂရမ်းလို့လည်း အမည်ပေးမှည့်ခေါ်ထားကြပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top