Kantharyar Centre
×

ေလးေလာင္းၿပိဳင္လူသတ္မႈ အမႈမွန္ အျမန္ေပၚေပါက္ေရး အပူတျပင္းေဆာင္ရြက္လ်က္ရွိ၊ ျပည္သူမ်ား ပူးေပါင္းပါဝင္ေပးေစလို ။
ဒုတိယတိုင္းရဲတပ္ဖြဲ႔မွဴး - ရဲမွဴးႀကီးမ်ဳိးေဆြ

ၾသဂုတ္လ ၂ဝ ရက္က ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံ ၿမိဳ႕နယ္ ေရႊနံ႔သာေက်းရြာတြင္ ျဖစ္ပြားခဲ့ေသာ မိသားစု ေလးဦး တစ္ၿပိဳင္တည္း အသတ္ခံရသည့္အမႈကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က အမႈမွန္ေပၚေပါက္ေရးအတြက္ အပူ တျပင္း ေဆာင္ရြက္လ်က္ရွိသည္။

ျပည္သူမ်ား အထူးစိတ္ဝင္စားေနသည့္ အဆိုပါ ေလးေလာင္းၿပိဳင္လူသတ္မႈအား အမႈမွန္ အျမန္ေပၚေပါက္ ေရးအတြက္ ေဆာင္ရြက္ေနမႈမ်ားႏွင့္စပ္လ်ဥ္း၍ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ ဒုတိယတိုင္းရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီးမ်ဳိးေဆြႏွင့္ မႈခင္းရဲတပ္ဖြဲ႕ ဒုတိယရဲမွဴးႀကီး သာထြန္းတို႔ႏွင့္ ျမန္မာ့သတင္းစဥ္က ေတြ႕ဆုံေမးျမန္း ထားသည္မ်ားကို တင္ျပလိုက္ရပါသည္-

ေမး။ ။ ေလးေလာင္းၿပိဳင္ လူသတ္မႈနဲ႔ပတ္သက္ၿပီး သြားေရာက္စစ္ေဆးခဲ့ရာမွာ ေတြ႕ရွိခဲ့တာနဲ႔ ပတ္သက္ၿပီး ပထမဆုံး ေျပာျပေပးေစခ်င္ပါတယ္။

ေျဖ။ ။ အမႈျဖစ္ပြားတယ္လို႔ သတင္းရတာနဲ႔ ခ်က္ခ်င္းပဲ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးနဲ႔ ကြၽန္ေတာ္တို႔ သြားေရာက္ ၾကည့္႐ႈစစ္ေဆးခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အျပင္ မႈခင္းရဲတပ္ဖြဲ႕က တာဝန္ရွိသူေတြနဲ႔ ေျမာက္ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး၊ မဂၤလာဒုံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး၊ မဂၤလာဒုံၿမိဳ႕မ ရဲစခန္းမွဴးတို႔လည္း လိုက္ပါစစ္ေဆးခဲ့ၾကပါတယ္။
ကြၽန္ေတာ္တို႔ စတင္ဝင္ေရာက္စစ္ေဆးခ်ိန္မွာ ေနအိမ္ ေရွ႕ဘုရားခန္းမွာ ကိုစိုးေနာင္နဲ႔ သူ႕ရဲ႕ သားႀကီးျဖစ္သူ ဟန္သူရတို႔ ေသဆုံးေနတာေတြ႕ရပါတယ္။ ကိုစိုးေနာင္ ရဲ႕ဇနီး မခ်ယ္ရီပြင့္က ေနအိမ္မီးဖိုခန္းမွာ ေသဆုံးေနတာ ေတြ႕ရပါတယ္။ သားငယ္စြမ္းထက္ျမက္ကေတာ့ အခန္းထဲက ခုတင္ေပၚမွာ ေသဆုံးေနတာေတြ႕ရပါတယ္။


ကြၽန္ေတာ္တို႔ စစ္ေဆးတဲ့အခါမွာ ထမင္းစားခန္း စားပြဲေအာက္နဲ႔ ဗီ႐ိုေရွ႕မွာ ေသြးကြက္ေတြေတြ႕ရၿပီး အဲဒီေတြ႕ရတဲ့ ေသြးကြက္အခ်ဳိ႕ကို အဝတ္နဲ႔သုတ္ထားတာ ေတြ႕ရပါတယ္။ အဲဒီအဝတ္ေတြကေတာ့ ကိုစိုးေနာင္ရဲ႕ စြပ္က်ယ္ခ်ဳိင္းျပတ္နဲ႔ သားႀကီး ဟန္သူရရဲ႕ ေဘာင္းဘီ ျဖစ္တာကို ေတြ႕ရပါတယ္။ ေသြးသုတ္ထားတဲ့ ကိုစိုးေနာင္ ရဲ႕ စြပ္က်ယ္ကို သူတို႔အိပ္တဲ့ ခုတင္ေစာင္းမွာ တန္းလန္း တင္ထားတာေတြ႕ရၿပီး ေသြးသုတ္ထားတဲ့ ဟန္သူရရဲ႕ ေဘာင္းဘီကိုေတာ့ ထမင္းစားစားပြဲေအာက္မွာ ေတြ႕ရပါတယ္။

ေမး။ ။ ေသဆုံးသူေတြရဲ႕ ခႏၶာကိုယ္မွာ ေတြ႕ရတဲ့ ဒဏ္ရာ ဒဏ္ခ်က္ေတြကို ရွင္းျပေပးေစလိုပါတယ္။

ေျဖ။ ။ ေသဆုံးသူ ကိုစိုးေနာင္က ပက္လက္အေနအထား နဲ႔ေသဆုံးေနၿပီး ယာဘက္ရင္အုံ၊ ရင္ၫြန္႔၊ ဝဲဘက္ရင္အုံ၊ ဝဲရင္အုံေအာက္ေတြမွာ ထိုးသြင္းဒဏ္ရာ စုစုေပါင္း ေလးခ်က္ ေတြ႕ရွိရပါတယ္။ ေမာင္ဟန္သူရက ဒဏ္ရာ ငါးခ်က္၊ မခ်ယ္ရီပြင့္မွာ ဒဏ္ရာ ၁၂ ခ်က္၊ ေမာင္စြမ္း ထက္ျမက္မွာေတာ့ ဒဏ္ရာ ေလးခ်က္နဲ႔ ေသဆုံးေနတာ ေတြ႕ရပါတယ္။

ေမး။ ။ အခုလို ေတြ႕ရွိရတဲ့ဒဏ္ရာေတြဟာ ဘယ္လို လက္နက္မ်ဳိးနဲ႔ က်ဴးလြန္ခဲ့တယ္ဆိုတာရယ္၊ သက္ေသခံ ပစၥည္းေတြ႕ရွိမႈအေျခအေနကိုလည္း ရွင္းျပေပးပါ။

ေျဖ။ ။ အင္းစိန္မႈခင္းဆရာဝန္ႀကီးနဲ႔ ေတြ႕ဆုံေမးျမန္း ခ်က္အရ ရရွိတဲ့ဒဏ္ရာေတြဟာ တစ္ဖက္တုံး၊ တစ္ဖက္ သြားရွိ ထိုးသြင္းဒဏ္ရာေတြျဖစ္တယ္လို႔ သိရပါတယ္။ ေနအိမ္ထဲမွာ ရွာေဖြေတြ႕ရွိခ်က္အရ အ႐ိုး၊ အသြား ၁၁ လက္မခန္႔ရွိတဲ့ ဓားေျမာင္ တစ္ေခ်ာင္းကို ေသဆုံးသူ ကိုစိုးေနာင္ရဲ႕ ဝဲဘက္လက္နဲ႔ ခုနစ္လက္မေလာက္အကြာ မွာ ေတြ႕ရပါတယ္။

ေမး။ ။ အဲဒီဓားဟာ ဘယ္သူ႔ဓားဆိုတာ စုံစမ္းလို႔ ရပါၿပီလား။

ေျဖ။ ။ အဲဒီဓားက ေသဆုံးသူ ကိုစိုးေနာင္ရဲ႕ ဓား ျဖစ္ပါတယ္။ ဘာလို႔ ဒီလိုေျပာႏိုင္သလဲဆိုေတာ့ ကိုစိုး ေနာင္ရဲ႕ ဧည့္ခန္းဗီ႐ိုေပၚမွာ ဒီဓားရဲ႕ ဓားအိမ္ကို ေတြ႕ရွိခဲ့ လို႔ရယ္၊ ေသဆုံးသူ မခ်ယ္ရီပြင့္ရဲ႕ ေမာင္အရင္း ေတာ္စပ္ တဲ့ လွည္းကူးၿမိဳ႕မရဲစခန္းက ရဲတပ္သား မင္းစည္သူရဲ႕ ေျပာျပခ်က္အရရယ္ေၾကာင့္ ဒီဓားဟာ ကိုစိုးေနာင္ ကိုင္ေဆာင္တဲ့ ဓားဆိုတာ သိရွိရတာျဖစ္ပါတယ္။

ေမး။ ။ စစ္ေဆးတဲ့အခါမွာ အဲဒီအိမ္အတြင္းကေန အျခားထူးျခားတဲ့ အခ်က္ေတြ႕ရွိခဲ့ရင္ သိခ်င္ပါတယ္။ ေနာက္ အိမ္ရဲ႕ပတ္ဝန္းက်င္အေနအထားနဲ႔ပတ္သက္လို႔ လည္း နည္းနည္းေလာက္ ရွင္းျပေပးပါ။



ေျဖ။ ။ အိမ္ထဲကေန စာအုပ္ ၅ဝ ေတြ႕ရွိသိမ္းဆည္း ရမိခဲ့ပါတယ္။ အဲ့ဒီစာအုပ္ေတြကေတာ့ ဂမၻီရဝတၴဳစာအုပ္ ေတြနဲ႔ ျဖစ္ရပ္မွန္မႈခင္းစာအုပ္ေတြပဲျဖစ္ပါတယ္။ ဒီစာအုပ္ ေတြကို ေနအိမ္ဧည့္ခန္းထဲက ဗီ႐ိုထဲကေန သိမ္းဆည္း ရရွိခဲ့ပါတယ္။ အိမ္ရဲ႕ ပတ္ဝန္းက်င္မွာလည္း ယၾတာေခ် ထားတဲ့ အထုပ္ ရွစ္ထုပ္ေတြ႕ရွိခဲ့ရပါတယ္။
အေရွ႕ဘက္အိမ္နဲ႔ ၆၅ ေပေလာက္ကြာေဝးၿပီး အိမ္ရဲ႕ ဝဲဘက္အိမ္က ေပ ၁၅ဝ ေလာက္ေဝးတဲ့အတြက္ ေတာ္႐ုံတန္႐ုံ ႐ုန္းရင္းဆန္ခတ္ျဖစ္တာကို သာမန္အေန အထားအရ ၾကားရဖို႔ မလြယ္တာကို ေတြ႕ရပါတယ္။

ေမး။ ။ အမႈမွန္ေပၚေပါက္ေရးအတြက္ စုံစမ္းေဆာင္ ရြက္ေနမႈကို ေျပာျပေပးေစလိုပါတယ္။

ေျဖ။ ။ ကြၽန္ေတာ္တို႔အေနနဲ႔ တစ္မိသားစုလုံး အသတ္ခံရတာကို ျဖစ္စဥ္အမွန္ေပၚေပါက္ေရးအတြက္ ျဖစ္ရတဲ့ အေၾကာင္းအရင္းကို စုံစမ္းေဖာ္ထုတ္ေနပါတယ္။ အထူး အမႈစစ္အဖြဲ႕ေတြခြဲၿပီး ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕နဲ႔ မႈခင္းရဲတပ္ဖြဲ႕တို႔ ပူးေပါင္းၿပီး စီးပြားေရးလုပ္ငန္းနဲ႔ ပတ္သက္ဆက္စပ္သူေတြ၊ ေသဆုံးသူကိုစိုးေနာင္ တပ္ဖြဲ႕ မွာ တာဝန္ထမ္းေဆာင္တုန္းက ပတ္သက္ဆက္ႏႊယ္ခဲ့သူ ေတြ၊ လူမႈေရးအရ ပတ္သက္ဆက္ႏႊယ္သူ ၆၂ ဦးကို စစ္ေဆးခဲ့ၿပီးျဖစ္ပါတယ္။ တစ္ဖက္မွာလည္း မႈခင္း ဆရာဝန္ႀကီးေတြအပိုင္းက ေတြ႕ရွိခ်က္ေတြအေပၚ အေသးစိတ္ ထင္ျမင္ယူဆခ်က္ေတြနဲ႔အညီ ေပါင္းစပ္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။


ေမး။ ။ ဓာတ္ပုံထဲပါတဲ့ မသကၤာသူ သံုးေယာက္နဲ႔ ပတ္သက္လို႔ အေျခအေနေလး သိခ်င္ပါတယ္။

ေျဖ။ ။ ဟုတ္ပါတယ္။ မသကၤာသူ သံုးေယာက္နဲ႔ ပတ္သက္လို႔ ေသဆုံးသူ မခ်ယ္ရီပြင့္ရဲ႕ တယ္လီဖုန္းထဲက ဓာတ္ပုံ သံုးပုံကို ထုတ္ယူရရွိခဲ့ပါတယ္။ အဲဒီဓာတ္ပုံမွာ ပါတဲ့ မသကၤာသူ သံုးေယာက္ကိုလည္း အပူတျပင္း ရွာေဖြေဆာင္ရြက္ေနပါတယ္။ တိုင္းေဒသႀကီး/ျပည္နယ္ ရဲတပ္ဖြဲ႕ေတြနဲ႔ တပ္ဖြဲ႕အသီးသီးကို ဓာတ္ပုံပါသူေတြကို စုံစမ္းေပးႏိုင္ဖို႔ျဖန္႔ေဝထားၿပီး ျဖစ္ပါတယ္။

အမႈနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ ေဆာင္ရြက္မႈအေျခအေနကို ျပည္သူေတြသိရွိႏိုင္ဖို႔ အခုလို ရွင္းျပရျခင္းျဖစ္ပါတယ္။ အမႈမွန္ေပၚေပါက္ဖို႔အတြက္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕နဲ႔ မႈခင္းရဲတပ္ဖြဲ႕တို႔ ပူးေပါင္းၿပီး အပူတျပင္း ေဆာင္ရြက္ေနပါတယ္။

သဲလြန္စမွတ္တမ္းေတြကိုလည္း အေသးစိတ္ရယူထား ရွိၿပီးျဖစ္ပါတယ္။ အခင္းျဖစ္အရပ္ကေနရရွိတဲ့ သဲလြန္စ ေတြအေပၚအေျခခံၿပီး ဆက္စပ္ေဖာ္ထုတ္မႈေတြ ဆက္လုပ္ေနပါတယ္။ ျပည္သူေတြအေနနဲ႔လည္း ကိုယ္သိထားတဲ့ အခ်က္အလက္ေတြနဲ႔ပတ္သက္လို႔ သတင္းေပးလိုရင္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ ဖုန္း-ဝ၁-၂၃၂၃၁၉၉၊ ဝ၁-၂၃ဝ၁၆၄၆၊ ဝ၁-၂၃ဝဝ၇၄၇ ကို ဆက္သြယ္သတင္း ေပးၾကပါလို႔ ေမတၱာရပ္ခံအပ္ပါတယ္။
ဟုတ္ကဲ့။ အခုလို ရွင္းျပေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။




ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Mirror Daily


#Unicode Version
လေးလောင်းပြိုင်လူသတ်မှု အမှုမှန် အမြန်ပေါ်ပေါက်ရေး အပူတပြင်းဆောင်ရွက်လျက်ရှိ၊ ပြည်သူများ ပူးပေါင်းပါဝင်ပေးစေလို ။
ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး - ရဲမှူးကြီးမျိုးဆွေ

သြဂုတ်လ ၂ဝ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် ရွှေနံ့သာကျေးရွာတွင် ဖြစ်ပွားခဲ့သော မိသားစု လေးဦး တစ်ပြိုင်တည်း အသတ်ခံရသည့်အမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေးအတွက် အပူ တပြင်း ဆောင်ရွက်လျက်ရှိသည်။

ပြည်သူများ အထူးစိတ်ဝင်စားနေသည့် အဆိုပါ လေးလောင်းပြိုင်လူသတ်မှုအား အမှုမှန် အမြန်ပေါ်ပေါက် ရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေနှင့် မှုခင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး သာထွန်းတို့နှင့် မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်း ထားသည်များကို တင်ပြလိုက်ရပါသည်-

မေး။ ။ လေးလောင်းပြိုင် လူသတ်မှုနဲ့ပတ်သက်ပြီး သွားရောက်စစ်ဆေးခဲ့ရာမှာ တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး ပထမဆုံး ပြောပြပေးစေချင်ပါတယ်။

ဖြေ။ ။ အမှုဖြစ်ပွားတယ်လို့ သတင်းရတာနဲ့ ချက်ချင်းပဲ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနဲ့ ကျွန်တော်တို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ကျွန်တော်တို့အပြင် မှုခင်းရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူး၊ မင်္ဂလာဒုံမြို့မ ရဲစခန်းမှူးတို့လည်း လိုက်ပါစစ်ဆေးခဲ့ကြပါတယ်။
ကျွန်တော်တို့ စတင်ဝင်ရောက်စစ်ဆေးချိန်မှာ နေအိမ် ရှေ့ဘုရားခန်းမှာ ကိုစိုးနောင်နဲ့ သူ့ရဲ့ သားကြီးဖြစ်သူ ဟန်သူရတို့ သေဆုံးနေတာတွေ့ရပါတယ်။ ကိုစိုးနောင် ရဲ့ဇနီး မချယ်ရီပွင့်က နေအိမ်မီးဖိုခန်းမှာ သေဆုံးနေတာ တွေ့ရပါတယ်။ သားငယ်စွမ်းထက်မြက်ကတော့ အခန်းထဲက ခုတင်ပေါ်မှာ သေဆုံးနေတာတွေ့ရပါတယ်။

ကျွန်တော်တို့ စစ်ဆေးတဲ့အခါမှာ ထမင်းစားခန်း စားပွဲအောက်နဲ့ ဗီရိုရှေ့မှာ သွေးကွက်တွေတွေ့ရပြီး အဲဒီတွေ့ရတဲ့ သွေးကွက်အချို့ကို အဝတ်နဲ့သုတ်ထားတာ တွေ့ရပါတယ်။ အဲဒီအဝတ်တွေကတော့ ကိုစိုးနောင်ရဲ့ စွပ်ကျယ်ချိုင်းပြတ်နဲ့ သားကြီး ဟန်သူရရဲ့ ဘောင်းဘီ ဖြစ်တာကို တွေ့ရပါတယ်။ သွေးသုတ်ထားတဲ့ ကိုစိုးနောင် ရဲ့ စွပ်ကျယ်ကို သူတို့အိပ်တဲ့ ခုတင်စောင်းမှာ တန်းလန်း တင်ထားတာတွေ့ရပြီး သွေးသုတ်ထားတဲ့ ဟန်သူရရဲ့ ဘောင်းဘီကိုတော့ ထမင်းစားစားပွဲအောက်မှာ တွေ့ရပါတယ်။

မေး။ ။ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ တွေ့ရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ သေဆုံးသူ ကိုစိုးနောင်က ပက်လက်အနေအထား နဲ့သေဆုံးနေပြီး ယာဘက်ရင်အုံ၊ ရင်ညွန့်၊ ဝဲဘက်ရင်အုံ၊ ဝဲရင်အုံအောက်တွေမှာ ထိုးသွင်းဒဏ်ရာ စုစုပေါင်း လေးချက် တွေ့ရှိရပါတယ်။ မောင်ဟန်သူရက ဒဏ်ရာ ငါးချက်၊ မချယ်ရီပွင့်မှာ ဒဏ်ရာ ၁၂ ချက်၊ မောင်စွမ်း ထက်မြက်မှာတော့ ဒဏ်ရာ လေးချက်နဲ့ သေဆုံးနေတာ တွေ့ရပါတယ်။

မေး။ ။ အခုလို တွေ့ရှိရတဲ့ဒဏ်ရာတွေဟာ ဘယ်လို လက်နက်မျိုးနဲ့ ကျူးလွန်ခဲ့တယ်ဆိုတာရယ်၊ သက်သေခံ ပစ္စည်းတွေ့ရှိမှုအခြေအနေကိုလည်း ရှင်းပြပေးပါ။

ဖြေ။ ။ အင်းစိန်မှုခင်းဆရာဝန်ကြီးနဲ့ တွေ့ဆုံမေးမြန်း ချက်အရ ရရှိတဲ့ဒဏ်ရာတွေဟာ တစ်ဖက်တုံး၊ တစ်ဖက် သွားရှိ ထိုးသွင်းဒဏ်ရာတွေဖြစ်တယ်လို့ သိရပါတယ်။ နေအိမ်ထဲမှာ ရှာဖွေတွေ့ရှိချက်အရ အရိုး၊ အသွား ၁၁ လက်မခန့်ရှိတဲ့ ဓားမြောင် တစ်ချောင်းကို သေဆုံးသူ ကိုစိုးနောင်ရဲ့ ဝဲဘက်လက်နဲ့ ခုနစ်လက်မလောက်အကွာ မှာ တွေ့ရပါတယ်။

မေး။ ။ အဲဒီဓားဟာ ဘယ်သူ့ဓားဆိုတာ စုံစမ်းလို့ ရပါပြီလား။

ဖြေ။ ။ အဲဒီဓားက သေဆုံးသူ ကိုစိုးနောင်ရဲ့ ဓား ဖြစ်ပါတယ်။ ဘာလို့ ဒီလိုပြောနိုင်သလဲဆိုတော့ ကိုစိုး နောင်ရဲ့ ဧည့်ခန်းဗီရိုပေါ်မှာ ဒီဓားရဲ့ ဓားအိမ်ကို တွေ့ရှိခဲ့ လို့ရယ်၊ သေဆုံးသူ မချယ်ရီပွင့်ရဲ့ မောင်အရင်း တော်စပ် တဲ့ လှည်းကူးမြို့မရဲစခန်းက ရဲတပ်သား မင်းစည်သူရဲ့ ပြောပြချက်အရရယ်ကြောင့် ဒီဓားဟာ ကိုစိုးနောင် ကိုင်ဆောင်တဲ့ ဓားဆိုတာ သိရှိရတာဖြစ်ပါတယ်။

မေး။ ။ စစ်ဆေးတဲ့အခါမှာ အဲဒီအိမ်အတွင်းကနေ အခြားထူးခြားတဲ့ အချက်တွေ့ရှိခဲ့ရင် သိချင်ပါတယ်။ နောက် အိမ်ရဲ့ပတ်ဝန်းကျင်အနေအထားနဲ့ပတ်သက်လို့ လည်း နည်းနည်းလောက် ရှင်းပြပေးပါ။



ဖြေ။ ။ အိမ်ထဲကနေ စာအုပ် ၅ဝ တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။ အဲ့ဒီစာအုပ်တွေကတော့ ဂမ္ဘီရဝတ္ထုစာအုပ် တွေနဲ့ ဖြစ်ရပ်မှန်မှုခင်းစာအုပ်တွေပဲဖြစ်ပါတယ်။ ဒီစာအုပ် တွေကို နေအိမ်ဧည့်ခန်းထဲက ဗီရိုထဲကနေ သိမ်းဆည်း ရရှိခဲ့ပါတယ်။ အိမ်ရဲ့ ပတ်ဝန်းကျင်မှာလည်း ယတြာချေ ထားတဲ့ အထုပ် ရှစ်ထုပ်တွေ့ရှိခဲ့ရပါတယ်။
အရှေ့ဘက်အိမ်နဲ့ ၆၅ ပေလောက်ကွာဝေးပြီး အိမ်ရဲ့ ဝဲဘက်အိမ်က ပေ ၁၅ဝ လောက်ဝေးတဲ့အတွက် တော်ရုံတန်ရုံ ရုန်းရင်းဆန်ခတ်ဖြစ်တာကို သာမန်အနေ အထားအရ ကြားရဖို့ မလွယ်တာကို တွေ့ရပါတယ်။

မေး။ ။ အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းဆောင် ရွက်နေမှုကို ပြောပြပေးစေလိုပါတယ်။

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ တစ်မိသားစုလုံး အသတ်ခံရတာကို ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် ဖြစ်ရတဲ့ အကြောင်းအရင်းကို စုံစမ်းဖော်ထုတ်နေပါတယ်။ အထူး အမှုစစ်အဖွဲ့တွေခွဲပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ မှုခင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ဆက်စပ်သူတွေ၊ သေဆုံးသူကိုစိုးနောင် တပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်တုန်းက ပတ်သက်ဆက်နွှယ်ခဲ့သူ တွေ၊ လူမှုရေးအရ ပတ်သက်ဆက်နွှယ်သူ ၆၂ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မှုခင်း ဆရာဝန်ကြီးတွေအပိုင်းက တွေ့ရှိချက်တွေအပေါ် အသေးစိတ် ထင်မြင်ယူဆချက်တွေနဲ့အညီ ပေါင်းစပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


မေး။ ။ ဓာတ်ပုံထဲပါတဲ့ မသင်္ကာသူ သုံးယောက်နဲ့ ပတ်သက်လို့ အခြေအနေလေး သိချင်ပါတယ်။

ဖြေ။ ။ ဟုတ်ပါတယ်။ မသင်္ကာသူ သုံးယောက်နဲ့ ပတ်သက်လို့ သေဆုံးသူ မချယ်ရီပွင့်ရဲ့ တယ်လီဖုန်းထဲက ဓာတ်ပုံ သုံးပုံကို ထုတ်ယူရရှိခဲ့ပါတယ်။ အဲဒီဓာတ်ပုံမှာ ပါတဲ့ မသင်္ကာသူ သုံးယောက်ကိုလည်း အပူတပြင်း ရှာဖွေဆောင်ရွက်နေပါတယ်။ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့တွေနဲ့ တပ်ဖွဲ့အသီးသီးကို ဓာတ်ပုံပါသူတွေကို စုံစမ်းပေးနိုင်ဖို့ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဆောင်ရွက်မှုအခြေအနေကို ပြည်သူတွေသိရှိနိုင်ဖို့ အခုလို ရှင်းပြရခြင်းဖြစ်ပါတယ်။ အမှုမှန်ပေါ်ပေါက်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ မှုခင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အပူတပြင်း ဆောင်ရွက်နေပါတယ်။

သဲလွန်စမှတ်တမ်းတွေကိုလည်း အသေးစိတ်ရယူထား ရှိပြီးဖြစ်ပါတယ်။ အခင်းဖြစ်အရပ်ကနေရရှိတဲ့ သဲလွန်စ တွေအပေါ်အခြေခံပြီး ဆက်စပ်ဖော်ထုတ်မှုတွေ ဆက်လုပ်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ်သိထားတဲ့ အချက်အလက်တွေနဲ့ပတ်သက်လို့ သတင်းပေးလိုရင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဖုန်း-ဝ၁-၂၃၂၃၁၉၉၊ ဝ၁-၂၃ဝ၁၆၄၆၊ ဝ၁-၂၃ဝဝ၇၄၇ ကို ဆက်သွယ်သတင်း ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဟုတ်ကဲ့။ အခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:The Mirror Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top