Property Expo
×

 ထိုင္းႏိုင္ငံေတာင္ ပိုင္း ပတၱနီၿမိဳ႕၌ စက္တင္ဘာ ၃ ရက္က ရထားျဖတ္သန္းသြားစဥ္ ဗံုးေပါက္ကဲြမႈျဖစ္ပြားခဲ့ရာ ရထား ၀န္ထမ္းတစ္ဦး ေသဆံုးၿပီး လူ သံုးဦး ဒဏ္ရာရရွိခဲ့သည္ဟု ထုိင္း ရဲတပ္ဖဲြ႕က ေျပာသည္။

ပတၱနီၿမိဳ႕ ေခါ့ဖိုခ႐ိုင္ရွိ ရထားသံလမ္းမ်ားေအာက္၌ ဗံုးေထာင္ထားျခင္းျဖစ္သည္ဟု ရဲတပ္ဖဲြ႕ ေခါင္းေဆာင္ကေျပာသည္။


ဗံုးေပါက္ကဲြမႈေၾကာင့္ ရထား တဲြ ထက္၀က္ခန္႔ ပ်က္စီးခဲ့ၿပီး ရထားသံလမ္းေအာက္တြင္ က်င္း ႀကီးတစ္က်င္း ျဖစ္ေစခဲ့သည္ဟု ရဲတပ္ဖဲြ႕ကေျပာသည္။

ရထား၀န္ထမ္းႏွစ္ဦးႏွင့္ အ မ်ိဳးသမီးခရီးသည္တစ္ဦးတို႔ ဒဏ္ ရာရရွိခဲ့သည္။ အဆိုပါရထားမွာ ဘန္ေကာက္ၿမိဳ႕သို႔ ဦးတည္သြား ေနေသာ ရထားျဖစ္သည္။

ထိုင္းအစိုးရႏွင့္ မြတ္စလင္ ခဲြထြက္ေရးသူပုန္မ်ားအၾကား ၿငိမ္း ခ်မ္းေရးေဆြးေႏြးမႈ စတင္ၿပီး  တစ္ ရက္အၾကာတြင္ ဗံုးေပါက္ကဲြမႈ ျဖစ္ပြားျခင္းျဖစ္သည္။

ၿပီးခဲ့သည့္လက ထိုင္းႏိုင္ငံ ၌ ျဖစ္ပြားခဲ့ေသာ ဗံုးေပါက္ကဲြမႈ မ်ားသည္ ၎တို႔အဖဲြ႕ လက္ခ်က္ မဟုတ္ဟု မြတ္စလင္သူပုန္မ်ား က ျငင္းဆိုထားသည္။

ထိုင္းႏိုင္ငံေတာင္ပိုင္း ေဒသ မ်ား၌ မြတ္စလင္ခဲြထြက္ေရး သူ ပုန္မ်ား ေသာင္းက်န္းမႈေၾကာင့္ ၂၀၀၄ ကစ၍ လူ ၆,၅၀၀ ေက်ာ္ ေသဆံုးခဲ့သည္။

ထိုင္းႏိုင္ငံ ကမၻာလွည့္ခရီး သြားမ်ားျဖင့္ စည္ကားရာ အပန္း ေျဖစခန္းမ်ား၌ ဗံုးေပါက္ကဲြမႈမ်ား ျဖစ္ပြား၍ လူေလးဦးေသဆံုးၿပီး ဒါဇင္ႏွင့္ခ်ီ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ သီတင္းသံုးပတ္ အၾကာတြင္ ရထားလမ္းေပါက္ကဲြမႈ ျဖစ္ပြား ျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ထိုင်းနိုင်ငံတောင် ပိုင်း ပတ္တနီမြို့၌ စက်တင်ဘာ ၃ ရက်က ရထားဖြတ်သန်းသွားစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရထား ဝန်ထမ်းတစ်ဦး သေဆုံးပြီး လူ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုင်း ရဲတပ်ဖွဲ့က ပြောသည်။

ပတ္တနီမြို့ ခေါ့ဖိုခရိုင်ရှိ ရထားသံလမ်းများအောက်၌ ဗုံးထောင်ထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ခေါင်းဆောင်ကပြောသည်။


ဗုံးပေါက်ကွဲမှုကြောင့် ရထား တွဲ ထက်ဝက်ခန့် ပျက်စီးခဲ့ပြီး ရထားသံလမ်းအောက်တွင် ကျင်း ကြီးတစ်ကျင်း ဖြစ်စေခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

ရထားဝန်ထမ်းနှစ်ဦးနှင့် အ မျိုးသမီးခရီးသည်တစ်ဦးတို့ ဒဏ် ရာရရှိခဲ့သည်။ အဆိုပါရထားမှာ ဘန်ကောက်မြို့သို့ ဦးတည်သွား နေသော ရထားဖြစ်သည်။

ထိုင်းအစိုးရနှင့် မွတ်စလင် ခွဲထွက်ရေးသူပုန်များအကြား ငြိမ်း ချမ်းရေးဆွေးနွေးမှု စတင်ပြီး  တစ် ရက်အကြာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ထိုင်းနိုင်ငံ ၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု များသည် ၎င်းတို့အဖွဲ့ လက်ချက် မဟုတ်ဟု မွတ်စလင်သူပုန်များ က ငြင်းဆိုထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဒေသ များ၌ မွတ်စလင်ခွဲထွက်ရေး သူ ပုန်များ သောင်းကျန်းမှုကြောင့် ၂၀၀၄ ကစ၍ လူ ၆,၅၀၀ ကျော် သေဆုံးခဲ့သည်။

ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီး သွားများဖြင့် စည်ကားရာ အပန်း ဖြေစခန်းများ၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား၍ လူလေးဦးသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ပြီးနောက် သီတင်းသုံးပတ် အကြာတွင် ရထားလမ်းပေါက်ကွဲမှု ဖြစ်ပွား ခြင်း ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top