Property Expo
×

အေမရိကန္ျပည္ေထာင္စု၊ အိုက္ဒါဟုိးျပည္နယ္၊ Boise ၿမိဳ႕မွာေနထုိင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ထီနံပါတ္တစ္ခုတည္းကုိ ၁၉၈၉ခုႏွစ္ကတည္းကရင္း စြဲစြဲျမဲျမဲထုိးလာၿပီးေနာက္ ၂၇ႏွစ္အၾကာမွာ ေဒၚလာ ၃၉၀,၀၀၀တန္ဆုႀကီး ေပါက္ခဲ့တယ္လုိ႔ သိရပါတယ္။

အေမအုိရဲ႕နာမည္ကေတာ့ Rosemary Loveland လုိ႔ေခၚၿပီး သူ႔အေနနဲ႔ အုိက္ဒဟုိးထီကုိ အပတ္စဥ္ကံစမ္းရာမွာ နံပါတ္တစ္ခုထဲကုိပဲ ကံစမ္းခဲ့တာျဖစ္တယ္လုိ႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းကေတာ့ အေမအုိထိုးထားတဲ့ နံပါတ္ဟာ ၾကာသပေတးေန႔ည ထီဖြင့္ရာမွာ ေဒၚလာ ၃၉၀,၀၀၀ (က်ပ္သိန္းေပါင္း ၄၈၀၀ေက်ာ္ခန္႔) ေပါက္ခဲ့ေၾကာင္း သိခဲ့ရတာပါ။

“နံပါတ္ကုိၾကည့္ၿပီး ႏွလံုးခုန္ရပ္ေတာ့မတတ္ပါပဲ” လုိ႔ Loveland ကဆုိပါတယ္ “ကၽြန္မသမီးကုိဖုန္းဆက္ၿပီး ငါေပါက္ခဲ့ၿပီ” လုိ႔ေျပာခဲ့ေၾကာင္း သူမကဆက္လက္ေျပာၾကားခဲ့တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin


#Unicode Version

အမေရိကန်ပြည်ထောင်စု၊ အိုက်ဒါဟိုးပြည်နယ်၊ Boise မြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ထီနံပါတ်တစ်ခုတည်းကို ၁၉၈၉ခုနှစ်ကတည်းကရင်း စွဲစွဲမြဲမြဲထိုးလာပြီးနောက် ၂၇နှစ်အကြာမှာ ဒေါ်လာ ၃၉၀,၀၀၀တန်ဆုကြီး ပေါက်ခဲ့တယ်လို့ သိရပါတယ်။

အမေအိုရဲ့နာမည်ကတော့ Rosemary Loveland လို့ခေါ်ပြီး သူ့အနေနဲ့ အိုက်ဒဟိုးထီကို အပတ်စဉ်ကံစမ်းရာမှာ နံပါတ်တစ်ခုထဲကိုပဲ ကံစမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ အမေအိုထိုးထားတဲ့ နံပါတ်ဟာ ကြာသပတေးနေ့ည ထီဖွင့်ရာမှာ ဒေါ်လာ ၃၉၀,၀၀၀ (ကျပ်သိန်းပေါင်း ၄၈၀၀ကျော်ခန့်) ပေါက်ခဲ့ကြောင်း သိခဲ့ရတာပါ။

“နံပါတ်ကိုကြည့်ပြီး နှလုံးခုန်ရပ်တော့မတတ်ပါပဲ” လို့ Loveland ကဆိုပါတယ် “ကျွန်မသမီးကိုဖုန်းဆက်ပြီး ငါပေါက်ခဲ့ပြီ” လို့ပြောခဲ့ကြောင်း သူမကဆက်လက်ပြောကြားခဲ့တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top