Property Expo
×

                                      ယခုပံုမွာ နမူနာပံုသာျဖစ္သည္။

 မအူပင္ၿမိဳ႕နယ္ ငါးအိမ္ တန္းေက်းရြာ ေရလဲလမ္းေဘးရွိ ေခ်ာင္းအတြင္းသို႔ မိသားစုခုနစ္ဦး စီးနင္းလာသည့္ အိမ္စီးေမာ္ေတာ္ယာဥ္တစ္စီး ထိုးက်ရာ အမ်ိဳးသမီးငါးဦး ေသဆံုးၿပီး အမ်ိဳးသားႏွစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။


 ဆာ့ဖ္အမ်ိဳးအစား ေမာ္ ေတာ္ယာဥ္သည္ စက္တင္ဘာ ၈ ရက္ ညေန ၃ နာရီခြဲခန္႔က ေမာ္ လၿမိဳင္ကြၽန္းၿမိဳ႕ဘက္မွ မအူပင္ ဘက္သို႔ ေရလဲလမ္းအတိုင္း ေမာင္းႏွင္လာစဥ္ ငါးအိမ္တန္း ေက်းရြာအနီးသို႔အေရာက္ လမ္း ၏ ၀ဲဘက္အျခမ္းသို႔ တရြတ္ဆြဲ ကာ ေခ်ာင္းအတြင္းသို႔ ထိုးက်ခဲ့ ေၾကာင္း မအူပင္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာၾကား သည္။

‘‘သူတုိ႔မိသားစုလိုက္စီးလာ ၾကတာ။ ဘာလို႔က်သြားလဲဆိုတာ ေတာ့ မသိေသးပါဘူး။ ယာဥ္ထိန္းရဲကလည္း တိုင္စာမလာေသးေတာ့ အမႈလည္းမဖြင့္ရေသးပါဘူး။ ေသသြားတဲ့သူေတြက ေတာ့ အသက္ (၅၀)၊ (၆၀)၀န္းက်င္ေတြပါ။ အသက္ (၁၃)ႏွစ္အရြယ္ မိန္းကေလးတစ္ေယာက္ လည္း ေသသြားတဲ့အထဲမွာပါ တယ္’’ဟု အထက္ပါအရာရွိက ေျပာၾကားသည္။

ေခ်ာင္းအတြင္းသို႔ ထိုးက်ခဲ့ သည့္ ေမာ္ေတာ္ယာဥ္မွာ ေမာ္လ ၿမိဳင္ကြၽန္းၿမိဳ႕နယ္ရွိ ဘုန္းႀကီးပ်ံပြဲမွ ရန္ကုန္ၿမိဳ႕သို႔ ျပန္လာၾကျခင္း ျဖစ္ေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 မအူပင်မြို့နယ် ငါးအိမ် တန်းကျေးရွာ ရေလဲလမ်းဘေးရှိ ချောင်းအတွင်းသို့ မိသားစုခုနစ်ဦး စီးနင်းလာသည့် အိမ်စီးမော်တော်ယာဉ်တစ်စီး ထိုးကျရာ အမျိုးသမီးငါးဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။


 ဆာ့ဖ်အမျိုးအစား မော် တော်ယာဉ်သည် စက်တင်ဘာ ၈ ရက် ညနေ ၃ နာရီခွဲခန့်က မော် လမြိုင်ကျွန်းမြို့ဘက်မှ မအူပင် ဘက်သို့ ရေလဲလမ်းအတိုင်း မောင်းနှင်လာစဉ် ငါးအိမ်တန်း ကျေးရွာအနီးသို့အရောက် လမ်း ၏ ဝဲဘက်အခြမ်းသို့ တရွတ်ဆွဲ ကာ ချောင်းအတွင်းသို့ ထိုးကျခဲ့ ကြောင်း မအူပင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။

‘‘သူတို့မိသားစုလိုက်စီးလာ ကြတာ။ ဘာလို့ကျသွားလဲဆိုတာ တော့ မသိသေးပါဘူး။ ယာဉ်ထိန်းရဲကလည်း တိုင်စာမလာသေးတော့ အမှုလည်းမဖွင့်ရသေးပါဘူး။ သေသွားတဲ့သူတွေက တော့ အသက် (၅၀)၊ (၆၀)ဝန်းကျင်တွေပါ။ အသက် (၁၃)နှစ်အရွယ် မိန်းကလေးတစ်ယောက် လည်း သေသွားတဲ့အထဲမှာပါ တယ်’’ဟု အထက်ပါအရာရှိက ပြောကြားသည်။

ချောင်းအတွင်းသို့ ထိုးကျခဲ့ သည့် မော်တော်ယာဉ်မှာ မော်လ မြိုင်ကျွန်းမြို့နယ်ရှိ ဘုန်းကြီးပျံပွဲမှ ရန်ကုန်မြို့သို့ ပြန်လာကြခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top