နယူးဇီလန္ႏုိင္ငံက ရုပ္လံုးသြင္းပညာရွင္တစ္ေယာက္ရဲ႕ တီထြင္မႈဟာ လူအမ်ားကို အျငင္းပြားစရာျဖစ္ေစျပီး အြန္လိုင္းေပၚမွာ ေဝဖန္မႈေတြ ျပင္းထန္ေနပါတယ္။ ကလဲရာေဟာ့ဘ္လို႔ ေခၚတဲ့ အဆုိပါ ဒီဇုိင္နာဟာ တကယ့္ေၾကာင္ကို လက္ကိုင္အိတ္အျဖစ္ ျပန္လည္ ဖန္တီးထားတာျဖစ္ပါတယ္။
ဒီလို ဖန္တီးဖို႔အတြက္ ေၾကာင္ကို သတ္ခဲ့ရတာမ်ိဳး မရွိဘဲ ကားတိုက္ျပီး ေသသြားတဲ့ေၾကာင္ကို ဖန္တီးထားတာလို႔ဆိုပါတယ္။
တမင္တကာရည္ရြယ္ျပီး သတ္ခံရတာေၾကာင့္ ေသဆံုးျခင္းမဟုတ္တဲ့ တိရစာၦန္ေတြကို ရုပ္လံုးသြင္းတာဟာ ဥပေဒအရ တရားဝင္ျဖစ္ေပမဲ့ အခုလို လုပ္ရပ္ဟာ တိရစာၦန္ေတြကို မေလးစားရာက်တယ္လို႔ နယူးဇီလန္ တိရစာၦန္ကာကြယ္ေရးအဖြဲ႕ Save Animals From Exploitation မွ ဥကၠ႒ဟန္စ္ခရစ္က ေျပာၾကားထားပါတယ္။
အဆုိပါ အိတ္ကို ေလလံတင္ေရာင္းခ်မွာျဖစ္ျပီး ၾကမ္းခင္းေစ်းဟာ ေဒၚလာ ၁၄၀၀ က စတင္မယ္လို႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun
#Unicode Version
နယူးဇီလန်နိုင်ငံက ရုပ်လုံးသွင်းပညာရှင်တစ်ယောက်ရဲ့ တီထွင်မှုဟာ လူအများကို အငြင်းပွားစရာဖြစ်စေပြီး အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။ ကလဲရာဟော့ဘ်လို့ ခေါ်တဲ့ အဆိုပါ ဒီဇိုင်နာဟာ တကယ့်ကြောင်ကို လက်ကိုင်အိတ်အဖြစ် ပြန်လည် ဖန်တီးထားတာဖြစ်ပါတယ်။
ဒီလို ဖန်တီးဖို့အတွက် ကြောင်ကို သတ်ခဲ့ရတာမျိုး မရှိဘဲ ကားတိုက်ပြီး သေသွားတဲ့ကြောင်ကို ဖန်တီးထားတာလို့ဆိုပါတယ်။
တမင်တကာရည်ရွယ်ပြီး သတ်ခံရတာကြောင့် သေဆုံးခြင်းမဟုတ်တဲ့ တိရစ္ဆာန်တွေကို ရုပ်လုံးသွင်းတာဟာ ဥပဒေအရ တရားဝင်ဖြစ်ပေမဲ့ အခုလို လုပ်ရပ်ဟာ တိရစ္ဆာန်တွေကို မလေးစားရာကျတယ်လို့ နယူးဇီလန် တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ Save Animals From Exploitation မှ ဥက္ကဋ္ဌဟန်စ်ခရစ်က ပြောကြားထားပါတယ်။
အဆိုပါ အိတ်ကို လေလံတင်ရောင်းချမှာဖြစ်ပြီး ကြမ်းခင်းဈေးဟာ ဒေါ်လာ ၁၄၀၀ က စတင်မယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
Home
»
နည္းပညာ
»
လူမႈ႔ဘဝ
»
အလွအပ
»
ႏိုင္ငံတကာ
» ေၾကာင္အစစ္နဲ႔ လက္ကိုင္အိတ္လုပ္လို႔ အြန္လိုင္းမွာ ေဝဖန္မႈေတြ ျဖစ္ပြား
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။