Kantharyar Centre
×

ေဖ့ဘြတ္ လူမွုကြန္ရက္ စာမ်က္ႏွာရဲ့ အေရးႀကီး ခ်ိဳ႕ယြင္းခ်က္ တစ္ခုကို ေထာက္ျပနိုင္ခဲ့တဲ့ အိႏၵိယ လူငယ္တစ္ဦးဟာ ဆုေၾကးေငြ အေမရိကန္ ေဒၚလာ ၁၆,၀၀၀ ရရွိခဲ့ပါတယ္။ ေဖ့ဘြတ္ဟာ ၂၀၁၁ ခုႏွစ္မွာ သူတိုရဲ့ ကုဒ္ေတြထဲက လုံျခဳံေရး အားနည္းခ်က္ ေထာက္ျပနိုင္မယ္ဆိုရင္ ဆုေၾကးေငြ ခ်ီးျမႇင့္မယ့္ အစီအစဥ္ တစ္ရပ္ကို ေၾကညာခဲ့ပါတယ္။

အိႏၵိယနိုင္ငံ နည္းပညာနဲ႔ စီမံခန႔္ခြဲမွု သင္တန္းေက်ာင္း MES က ေက်ာင္းသား တစ္ဦးျဖစ္တဲ့ ေအရန္း (Arun S Kumar) ဟာ ယခုႏွစ္ ဩဂုတ္လ ၂၉ ရက္ေန႔မွာ ၁၀ မိနစ္အတြင္း ေဖ့ဘြတ္ အေကာင့္ တစ္ခုကို ျဖဳတ္ခ်ေစနိုင္တဲ့ ခ်ိဳ႕ယြင္းခ်က္ Full Account Takeover ဆိုတာကို ေထာက္ျပနိုင္ခဲ့ပါတယ္။ ေအရန္းရဲ့ ေထာက္ျပမွုက ေဖ့ဘြတ္အတြက္ အေရးႀကီး အေၾကာင္းအရာ တစ္ရပ္ျဖစ္ၿပီး လုံျခဳံေရး အားနည္းခ်က္ အတြက္ ေဖ့ဘြတ္က ေအရန္းကို ေခၚယူ ေဆြးေႏြးခဲ့ပါတယ္။

ေဖ့ဘြတ္ရဲ့ လုံျခဳံေရး အားနည္းခ်က္ပိုင္းကို အကူအညီ ေပးနိုင္ခဲ့တဲ့ ေအရန္းဟာ ေဖ့ဘြတ္ ကုမၸဏီထံက ဆုေၾကးေငြ ရရွိခဲ့သလို ေဖ့ဘြတ္ ကုမၸဏီရဲ့ နာမည္ေက်ာ္ White Hat Hacker ၁၀ ဦး စာရင္းမွာလည္း ထည့္သြင္းခံခဲ့ရပါတယ္။ ေအရန္းဟာ ေဖ့ဘြတ္က ရရွိခဲ့တဲ့ ဆုေၾကးေငြကို နိုင္ငံရပ္ျခားမွာ ရရွိတဲ့ အဆင့္ျမင့္ ပညာ သင္ၾကားမွုအတြက္ အသုံးျပဳသြားမယ္လို ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : yoyarlay

#Unicode Version

ဖေ့ဘွတ် လူမှုကွန်ရက် စာမျက်နှာရဲ့ အရေးကြီး ချို့ယွင်းချက် တစ်ခုကို ထောက်ပြနိုင်ခဲ့တဲ့ အိန္ဒိယ လူငယ်တစ်ဦးဟာ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁၆,၀၀၀ ရရှိခဲ့ပါတယ်။ ဖေ့ဘွတ်ဟာ ၂၀၁၁ ခုနှစ်မှာ သူတိုရဲ့ ကုဒ်တွေထဲက လုံခြုံရေး အားနည်းချက် ထောက်ပြနိုင်မယ်ဆိုရင် ဆုကြေးငွေ ချီးမြှင့်မယ့် အစီအစဉ် တစ်ရပ်ကို ကြေညာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နည်းပညာနဲ့ စီမံခန့်ခွဲမှု သင်တန်းကျောင်း MES က ကျောင်းသား တစ်ဦးဖြစ်တဲ့ အေရန်း (Arun S Kumar) ဟာ ယခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့မှာ ၁၀ မိနစ်အတွင်း ဖေ့ဘွတ် အကောင့် တစ်ခုကို ဖြုတ်ချစေနိုင်တဲ့ ချို့ယွင်းချက် Full Account Takeover ဆိုတာကို ထောက်ပြနိုင်ခဲ့ပါတယ်။ အေရန်းရဲ့ ထောက်ပြမှုက ဖေ့ဘွတ်အတွက် အရေးကြီး အကြောင်းအရာ တစ်ရပ်ဖြစ်ပြီး လုံခြုံရေး အားနည်းချက် အတွက် ဖေ့ဘွတ်က အေရန်းကို ခေါ်ယူ ဆွေးနွေးခဲ့ပါတယ်။

ဖေ့ဘွတ်ရဲ့ လုံခြုံရေး အားနည်းချက်ပိုင်းကို အကူအညီ ပေးနိုင်ခဲ့တဲ့ အေရန်းဟာ ဖေ့ဘွတ် ကုမ္ပဏီထံက ဆုကြေးငွေ ရရှိခဲ့သလို ဖေ့ဘွတ် ကုမ္ပဏီရဲ့ နာမည်ကျော် White Hat Hacker ၁၀ ဦး စာရင်းမှာလည်း ထည့်သွင်းခံခဲ့ရပါတယ်။ အေရန်းဟာ ဖေ့ဘွတ်က ရရှိခဲ့တဲ့ ဆုကြေးငွေကို နိုင်ငံရပ်ခြားမှာ ရရှိတဲ့ အဆင့်မြင့် ပညာ သင်ကြားမှုအတွက် အသုံးပြုသွားမယ်လို ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top