Property Expo
×

ေစ်းကြက္သို႔ တင္ပို႔မည့္ဆန္မ်ားကို ခ်င္တြယ္ထုပ္ပိုးေနစဥ္ (ဓာတ္ပံု − ေအအက္ဖ္ပီ)

ဆန္ေစ်းျမင့္ေနျခင္းႏွင့္ အရည္အေသြးပိုင္း အားနည္း ျခင္းမ်ားေၾကာင့္ အာဆီယံႏိုင္ငံ မ်ားသို႔ ဆန္ေရာင္းခ်ရန္ မလြယ္ ကူေသးေၾကာင္း ျမန္မာႏိုင္ငံ ဆန္ စပါးအသင္းခ်ဳပ္မွ သတင္းရရွိ သည္။

အာဆီယံႏုိင္ငံမ်ားျဖစ္ေသာ ဖီလစ္ပိုင္၊ အင္ဒိုနီးရွားႏိုင္ငံမ်ား သည္ ႏွစ္စဥ္ ဆန္တန္ခ်ိန္သန္းႏွင့္ ခ်ီ တင္သြင္းေနရၿပီး ျမန္မာႏိုင္ငံ ကလည္း အဆိုပါႏိုင္ငံမ်ားသို႔ ဆန္ ေရာင္းခ်ရန္ အစိုးရခ်င္းခ်ိတ္ဆက္ ႀကိဳးစားေနေသာ္လည္း လက္ရွိအထိ မလြယ္ကူေသးေၾကာင္း ဆန္ကုန္သည္မ်ားကေျပာသည္။

‘‘ေစ်းႏႈန္း၊ အရည္အေသြးနဲ႔ သယ္ယူပို႔ေဆာင္မႈ အပိုင္းမွာ ထုိင္းတို႔၊ ဗီယက္နမ္တို႔နဲ႔ယွဥ္ဖို႔ မလြယ္ဘူး’’ ဟု ျမန္မာႏိုင္ငံ ဆန္ စပါးအသင္းခ်ဳပ္ အေထြေထြ အတြင္းေရးမွဴး ဦးရဲမင္းေအာင္က ေျပာသည္။ အာဆီယံေဒသ အတြင္း တစ္ႏွစ္လွ်င္ ဆန္တန္ခ်ိန္ ႏွစ္ သန္းခန္႔ တင္သြင္းေနရေသာ ဖီလစ္ပိုင္ႏိုင္ငံသည္ ၿပီးခဲ့သည့္လ က အရန္ဆန္ထားရွိေရး အစီ အစဥ္အတြက္ ဆန္တင္သြင္းရန္ တင္ဒါေခၚၿပီး ထုိင္းႏိုင္ငံက၂၅ မွတ္္(အက်ဳိးအေၾက ၂၅ ရာခိုင္ႏႈန္းဆန္) တန္ခ်ိန္တစ္သိန္းႏွင့္ ဗီယက္နမ္က တန္ခ်ိန္ ၁ ဒသမ၅ သိန္း တင္ဒါေအာင္ခဲ့သည္။

  ျမန္မာႏိုင္ငံသည္လည္း အင္ဒိုနီးရွားသို႔ ဆန္တန္ခ်ိန္သံုး သိန္း ေရာင္းခ်ေရး အစိုးရခ်င္း နားလည္မႈစာခြၽန္လႊာ လက္မွတ္ ေရးထုိးရန္ ႀကိဳးစားေနၿပီး ဖိလစ္ ပိုင္ႏိုင္ငံသို႔ အစိုးရခ်င္း သေဘာတူညီမႈျဖင့္ ဆန္ေရာင္းခ်ႏိုင္ရန္ ႀကိဳးစားေနေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ တာဝန္ရွိ သူအခ်ဳိ႕က ေျပာသည္။

 အာဆီယံတြင္ ထုိင္းႏွင့္ ဗီယက္နမ္သည္ ဆန္အမ်ားဆံုး တင္ပို႔ေရာင္းခ်သည့္ႏိုင္ငံမ်ားျဖစ္ၿပီး ကေမၻာဒီးယားသည္လည္း ႏွစ္ စဥ္ ျပည္ပသို႔ ဆန္တန္ခ်ိန္သိန္းခ်ီ တင္ပို႔ေရာင္းခ်ေနသည့္ ႏိုင္ငံတစ္ ခုျဖစ္သည္။

ျမန္မာႏိုင္ငံသည္ ႏွစ္စဥ္ ျပည္ပသို႔ ဆန္တန္ခ်ိန္ တစ္သန္း ေက်ာ္မွ ႏွစ္သန္းၾကား တင္ပို႔ႏိုင္ ရန္ ႀကိဳးပမ္းေနၿပီး ၂၀၁၅-၁၆ ဘ႑ာႏွစ္တြင္  ျမန္မာႏိုင္ငံမွ ျပည္ပသို႔ ဆန္တန္ခ်ိန္ ၁ ဒသမ ၄ သန္းေက်ာ္ တင္ပို႔ႏိုင္ခဲ့သည္။ ျပည္ပသို႔ ဆန္တန္ခ်ိန္ ၁ဒသမ ၄ သန္း တင္ပို႔ရာတြင္ နယ္စပ္ ကုန္သြယ္ေရးျဖင့္ တ႐ုတ္ႏိုင္ငံသို႔ ဆန္ေရာင္းခ်မႈသည္ ၈၀ ရာခိုင္ႏႈန္းေက်ာ္ ရွိေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဈေးကွက်သို့ တင်ပို့မည့်ဆန်များကို ချင်တွယ်ထုပ်ပိုးနေစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)

ဆန်ဈေးမြင့်နေခြင်းနှင့် အရည်အသွေးပိုင်း အားနည်း ခြင်းများကြောင့် အာဆီယံနိုင်ငံ များသို့ ဆန်ရောင်းချရန် မလွယ် ကူသေးကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ သတင်းရရှိ သည်။

အာဆီယံနိုင်ငံများဖြစ်သော ဖီလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများ သည် နှစ်စဉ် ဆန်တန်ချိန်သန်းနှင့် ချီ တင်သွင်းနေရပြီး မြန်မာနိုင်ငံ ကလည်း အဆိုပါနိုင်ငံများသို့ ဆန် ရောင်းချရန် အစိုးရချင်းချိတ်ဆက် ကြိုးစားနေသော်လည်း လက်ရှိအထိ မလွယ်ကူသေးကြောင်း ဆန်ကုန်သည်များကပြောသည်။

‘‘ဈေးနှုန်း၊ အရည်အသွေးနဲ့ သယ်ယူပို့ဆောင်မှု အပိုင်းမှာ ထိုင်းတို့၊ ဗီယက်နမ်တို့နဲ့ယှဉ်ဖို့ မလွယ်ဘူး’’ ဟု မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။ အာဆီယံဒေသ အတွင်း တစ်နှစ်လျှင် ဆန်တန်ချိန် နှစ် သန်းခန့် တင်သွင်းနေရသော ဖီလစ်ပိုင်နိုင်ငံသည် ပြီးခဲ့သည့်လ က အရန်ဆန်ထားရှိရေး အစီ အစဉ်အတွက် ဆန်တင်သွင်းရန် တင်ဒါခေါ်ပြီး ထိုင်းနိုင်ငံက၂၅ မှတ်(အကျိုးအကြေ ၂၅ ရာခိုင်နှုန်းဆန်) တန်ချိန်တစ်သိန်းနှင့် ဗီယက်နမ်က တန်ချိန် ၁ ဒသမ၅ သိန်း တင်ဒါအောင်ခဲ့သည်။

  မြန်မာနိုင်ငံသည်လည်း အင်ဒိုနီးရှားသို့ ဆန်တန်ချိန်သုံး သိန်း ရောင်းချရေး အစိုးရချင်း နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးရန် ကြိုးစားနေပြီး ဖိလစ် ပိုင်နိုင်ငံသို့ အစိုးရချင်း သဘောတူညီမှုဖြင့် ဆန်ရောင်းချနိုင်ရန် ကြိုးစားနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိ သူအချို့က ပြောသည်။

 အာဆီယံတွင် ထိုင်းနှင့် ဗီယက်နမ်သည် ဆန်အများဆုံး တင်ပို့ရောင်းချသည့်နိုင်ငံများဖြစ်ပြီး ကမ္ဘောဒီးယားသည်လည်း နှစ် စဉ် ပြည်ပသို့ ဆန်တန်ချိန်သိန်းချီ တင်ပို့ရောင်းချနေသည့် နိုင်ငံတစ် ခုဖြစ်သည်။

မြန်မာနိုင်ငံသည် နှစ်စဉ် ပြည်ပသို့ ဆန်တန်ချိန် တစ်သန်း ကျော်မှ နှစ်သန်းကြား တင်ပို့နိုင် ရန် ကြိုးပမ်းနေပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်  မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းကျော် တင်ပို့နိုင်ခဲ့သည်။ ပြည်ပသို့ ဆန်တန်ချိန် ၁ဒသမ ၄ သန်း တင်ပို့ရာတွင် နယ်စပ် ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ဆန်ရောင်းချမှုသည် ၈၀ ရာခိုင်နှုန်းကျော် ရှိနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top