Kantharyar Centre
×
Credit:Trend Myanmar
Unicode Version
လူကြားထဲမှာ လက်သည်းကိုက်တာဟာ တကယ့်ကို ကြည့်ရဆိုးတဲ့ အမူအကျင့်တစ်ခုပါပဲ။ လက်သည်းကိုက်တယ်ဆိုတာ စိုးရိမ်ပူပန်မှုနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အကျင့်ဆိုးတစ်ခုလို့ လည်း ယူဆကြပါတယ်။ ဒါပေမယ့် ၎င်းအစား အဲ့ဒီအလေ့အကျင့်ကို ဇီဇာကြောင်ခြင်းနဲ့ ပတ်သက်ကြောင်း မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ လေ့လာချက်တွေအရ သိရပါတယ်။
Montreal တက္ကသိုလ်မှ ပါမောက္ခ Kieron O’Connor ရဲ့ လေ့လာမှုကတော့ လူ ၄၈ယောက်မှာ သူတို့ရဲ့စိတ်ဖိစီးမှု၊ စိတ်အပန်းပြေမှု စတာတွေက  သူတို့အမူအရာတွေကို ဘယ်လိုပြောင်းသွားစေသလဲဆိုတာပါပဲ။
ငြီးငွေ့ခြင်း၊ ခံပြင်းခြင်း၊ အားမလို အားမရဖြစ်တဲ့အခါ လက်သည်းကိုက်တတ်တဲ့အကျင့် ဖြစ်လာဖို့ အလားအလာ ပိုများကြောင်း အဖြေထွက်ရှိခဲ့ပါတယ်။ အခြေခံအားဖြင့် လက်သည်းကိုက်တာ စိုးရိမ်မှုများလို့သာ မဟုတ်ဘဲ ဇီဇာကြောင်တဲ့ အပြုအမူတစ်ခုလည်း ဖြစ်ပါတယ်။ မိမိကြိုးပမ်းချက် မအောင်မြင်တဲ့အခါ လက်သည်းတွေကို ပွန်းပဲ့ ဖူးရောင်လာတဲ့အထိ ကိုက်တတ်ကြပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top