Kantharyar Centre
×

ေဆးလိပ္ျဖတ္တယ္ဆုိတာ ဘယ္ေတာ့မွ ေနာက္က်တယ္မရွိပါဘူး။ ဘာလို ့မ်ားပါလဲ။ ေဆးလိပ္ျဖတ္ျပီး မိနစ္ ၂၀ ၾကာတာနဲ ့တင္ အက်ိဳးေက်းဇူးေတြ ခံစားရမွာပါ။ ကၽြန္ေတာ္တုိ ့အခ်ိန္ဇယားနဲ ့တကြ ေလ့လာၾကည့္ရေအာင္။

ေဆးလိပ္ျဖတ္ျပီး မိနစ္ ၂၀ အၾကာ

အနည္းဆုံး မိနစ္ ၂၀ အၾကာမွာတင္ သင့္ရဲ့ ႏွလုံးခုန္ႏွဳန္းဟာ ပုံမွန္အဆင့္ကို ျပန္ေရာက္ရွိသြားပါတယ္။

၂ နာရီအၾကာ

၂ နာရီအၾကာ ေဆးလိပ္မေသာက္ဘူးဆိုရင္ေတာ့ သင့္ရဲ့ ႏွလုံးခုန္ႏွဳန္းေကာ ေသြးဖိအားပါ ပုံမွန္အဆင့္ကို ျပန္က်သြားပါတယ္။

၁၂ နာရီအၾကာ

ေဆးရြက္ၾကီးေလာင္ကၽြမ္းရာကေန ထြက္လာတဲ့ ကာဗြန္မုိေနာက္ဆိုက္ဓာတ္ေငြ ့ကို ေဆးလိပ္မီးခုိးေငြ ့ေတြ ရွဴရွိဳက္ရာကေန ခႏၶာကိုယ္အတြင္း ၀င္ေရာက္ျပီး အဆိပ္ျဖစ္ေစႏိုင္ပါတယ္။ ေဆးလိပ္ျဖတ္ျပီး ၁၂ နာရီအၾကာမွာေတာ့ ခႏၶာကိုယ္အတြင္းက ကာဗြန္မုိ ေနာက္ဆုိက္ဓာတ္ဟာ ေလ်ာ့က်သြားပါတယ္။

၂၄ နာရီအၾကာ

ေဆးလိပ္မေသာက္သူေတြထက္ ေသာက္သုံးသူေတြက ႏွလုံးေဖာက္ႏိုင္ေျခ ၇၀ ရာခိုင္ႏွဳန္း ပုိမ်ားပါတယ္။ တစ္ရက္အၾကာမွာေတာ့ သင့္ရဲ႕ ႏွလုံးေရာဂါေဖာက္ႏိုင္ေျခဟာ စတင္က်ဆင္းလာပါတယ္။

၄၈ နာရီအၾကာ

သင့္ရဲ့ အနံ ့အရသာခံႏိုင္စြမ္းရည္က ျပန္လည္ျမင့္တက္လာပါတယ္။

သုံးရက္အၾကာ

ဒီအခ်ိန္မွာေတာ့ နီကိုတင္းဓာတ္က သင့္ခႏၶာကုိယ္မွာ လုံး၀မရွိေတာ့ပါဘူး။ ဒါေပမယ့္ ဒီအခ်ိန္မွာ နီကိုတင္းျပတ္လပ္မွဳရဲ့ ဒဏ္ေလးေတြ ျဖစ္တဲ့ ေခါင္းကိုက္သာ မအီမသာျဖစ္တာေတြ သင္ခံစားရႏိုင္ပါတယ္။

ေဆးလိပ္ျဖတ္ျပီး ႏွစ္ပတ္၊သုံးပတ္အၾကာ

ဒီအခ်ိန္မွာေတာ့ သင္ဟာ ကိုယ္ကာယေလ့က်င့္ခန္းေတြကို ေဟာဟဲဆုိက္ မေမာပန္းဘဲ ျပန္လည္လုပ္ႏိုင္ပါျပီ။ သင့္ရဲ့ ေသြးလွည့္ပတ္မွဳက ပုိမုိေကာင္းလာျပီး အဆုတ္ရဲ့ စြမ္းေဆာင္ႏိုင္အားကလည္း သိသိသာသာ ပုိတုိးတက္လာတာကို ခံစားရမွာပါ။ ႏွစ္ပတ္သုံးပတ္ေက်ာ္ရင္ေတာ့ သင့္ရဲ့ အဆုတ္ေတြဟာ သန္ ့ရွင္း သြားျပီး အသက္ရွဴရ ပုိလြယ္ကူလာပါတယ္။

တစ္လကေန ကိုးလအၾကာ

ဒီေလာက္အၾကာမွာေတာ့ သင့္ရဲ့အဆုတ္ဟာ အလုိအေလ်ာက္ျပန္လည္ကုသမွဳကို လုပ္ေဆာင္လာပါတယ္။ အဆုတ္အတြင္းက ဆီလီယာလုိ ့ေခၚတဲ့ ဆံပင္ပုံစံ အဂၤါေလးေတြဟာ အလုိအေလ်ာက္ျပန္လည္ေကာင္းမြန္လာျပီး ခၽြဲ၊သလိပ္ေတြ တြန္းထုတ္ေပးရတဲ့ သူတုိ ့ရဲ့ တာ၀န္ကို ေကာင္းမြန္စြာ ျပန္လည္အလုပ္လုပ္လာႏိုင္ပါတယ္။

တစ္ႏွစ္အၾကာ

ေဆးလိပ္တစ္ႏွစ္မေသာက္ဘဲေနႏိုင္ျပီးရင္ေတာ့ သင့္မွာ ႏွလုံးေရာဂါျဖစ္ႏိုင္ေခ်ဟာ ေဆးလိပ္ေသာက္ေနတုန္းက ျဖစ္ႏိုင္ေခ်ထက္ ၅၀ ရာခုိင္ႏွဳန္းကို ေလွ်ာ့က်သြားပါတယ္။

ငါးႏွစ္အၾကာ

ေဆးရြက္ၾကီးေလာင္ကၽြမ္းရာက ထြက္ရွိလာတဲ့ ဓာတ္ပစၥည္းေတြ၊ အထူးသျဖင့္ ကာဗြန္မုိေနာက္ဆုိက္ ဟာ သင့္ရဲ့ ေသြးေၾကာေတြကို က်ဥ္းသြားေစပါတယ္။ ငါးႏွစ္ ကေန ၁၅ ႏွစ္အတြင္း ေဆးလိပ္ျဖတ္ႏိုင္ျပီးရင္ေတာ့ ေလသင္တုန္းေရာဂါျဖစ္ႏိုင္ေျခဟာ သာမန္ေဆးလိပ္မေသာက္သူတစ္ေယာက္လုိ ျဖစ္သြားပါတယ္။

၁၀ ႏွစ္အၾကာ

အဆုတ္ကင္ဆာေၾကာင့္ေသဆုံးသူ ၉၀ ရာခိုင္ႏွဳန္းက ေဆးလိပ္ေသာက္သုံးသူေတြ ျဖစ္ပါတယ္။ သင္ဟာ ေဆးလိပ္ျဖတ္ႏိုင္ျပီး ၁၀ ႏွစ္အရာမွာေတာ့ အဆုတ္ေရာဂါ ေၾကာင့္ ေသဆုံးႏိုင္ေျခဟာ ထက္၀က္ခန္ ့ေလွ်ာ့က်သြားပါတယ္။

၁၅ ႏွစ္အၾကာ

၁၅ ႏွစ္အၾကာမွာေတာ့ ႏွလုံးေရာဂါျဖစ္ႏိုင္ေခ်ဟာ သာမန္လူတစ္ေယာက္နဲ ့အတူတူ ျပန္ျဖစ္သြားပါတယ္။

ကာလၾကာအက်ိဳးေက်းဇူးမ်ား

အေမရိကန္က်န္းမာေရးအဖြဲ ့အစည္းၾကီးရဲ့ အဆုိအရ ေဆးလိပ္မေသာက္သုံးသူေတြ ဟာ ေဆးလိပ္ေသာက္သူေတြထက္ သက္တမ္း ၁၄ ႏွစ္ပုိေနႏိုင္တယ္လုိ ့သိရပါတယ္။ ဒီေန ့ေဆးလိပ္စျဖတ္လုိက္တာနဲ ့သင္ဟာ ေကာင္းမြန္စြာ အလုပ္လုပ္တဲ့ ႏွလုံးေသြးေၾကာလည္ပတ္မွဳစနစ္နဲ ့သက္တမ္းပုိရွည္ေနႏိုင္သြားပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : new myanmar news

#Unicode Version

ဆေးလိပ်ဖြတ်တယ်ဆိုတာ ဘယ်တော့မှ နောက်ကျတယ်မရှိပါဘူး။ ဘာလို့များပါလဲ။ ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ ကြာတာနဲ့တင် အကျိုးကျေးဇူးတွေ ခံစားရမှာပါ။ ကျွန်တော်တို့အချိန်ဇယားနဲ့တကွ လေ့လာကြည့်ရအောင်။

ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ အကြာ

အနည်းဆုံး မိနစ် ၂၀ အကြာမှာတင် သင့်ရဲ့ နှလုံးခုန်နှုန်းဟာ ပုံမှန်အဆင့်ကို ပြန်ရောက်ရှိသွားပါတယ်။

၂ နာရီအကြာ

၂ နာရီအကြာ ဆေးလိပ်မသောက်ဘူးဆိုရင်တော့ သင့်ရဲ့ နှလုံးခုန်နှုန်းကော သွေးဖိအားပါ ပုံမှန်အဆင့်ကို ပြန်ကျသွားပါတယ်။

၁၂ နာရီအကြာ

ဆေးရွက်ကြီးလောင်ကျွမ်းရာကနေ ထွက်လာတဲ့ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ကို ဆေးလိပ်မီးခိုးငွေ့တွေ ရှူရှိုက်ရာကနေ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီး အဆိပ်ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး ၁၂ နာရီအကြာမှာတော့ ခန္ဓာကိုယ်အတွင်းက ကာဗွန်မို နောက်ဆိုက်ဓာတ်ဟာ လျော့ကျသွားပါတယ်။

၂၄ နာရီအကြာ

ဆေးလိပ်မသောက်သူတွေထက် သောက်သုံးသူတွေက နှလုံးဖောက်နိုင်ခြေ ၇၀ ရာခိုင်နှုန်း ပိုများပါတယ်။ တစ်ရက်အကြာမှာတော့ သင့်ရဲ့ နှလုံးရောဂါဖောက်နိုင်ခြေဟာ စတင်ကျဆင်းလာပါတယ်။

၄၈ နာရီအကြာ

သင့်ရဲ့ အနံ့အရသာခံနိုင်စွမ်းရည်က ပြန်လည်မြင့်တက်လာပါတယ်။

သုံးရက်အကြာ

ဒီအချိန်မှာတော့ နီကိုတင်းဓာတ်က သင့်ခန္ဓာကိုယ်မှာ လုံးဝမရှိတော့ပါဘူး။ ဒါပေမယ့် ဒီအချိန်မှာ နီကိုတင်းပြတ်လပ်မှုရဲ့ ဒဏ်လေးတွေ ဖြစ်တဲ့ ခေါင်းကိုက်သာ မအီမသာဖြစ်တာတွေ သင်ခံစားရနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပြီး နှစ်ပတ်၊သုံးပတ်အကြာ

ဒီအချိန်မှာတော့ သင်ဟာ ကိုယ်ကာယလေ့ကျင့်ခန်းတွေကို ဟောဟဲဆိုက် မမောပန်းဘဲ ပြန်လည်လုပ်နိုင်ပါပြီ။ သင့်ရဲ့ သွေးလှည့်ပတ်မှုက ပိုမိုကောင်းလာပြီး အဆုတ်ရဲ့ စွမ်းဆောင်နိုင်အားကလည်း သိသိသာသာ ပိုတိုးတက်လာတာကို ခံစားရမှာပါ။ နှစ်ပတ်သုံးပတ်ကျော်ရင်တော့ သင့်ရဲ့ အဆုတ်တွေဟာ သန့်ရှင်း သွားပြီး အသက်ရှူရ ပိုလွယ်ကူလာပါတယ်။

တစ်လကနေ ကိုးလအကြာ

ဒီလောက်အကြာမှာတော့ သင့်ရဲ့အဆုတ်ဟာ အလိုအလျောက်ပြန်လည်ကုသမှုကို လုပ်ဆောင်လာပါတယ်။ အဆုတ်အတွင်းက ဆီလီယာလို့ခေါ်တဲ့ ဆံပင်ပုံစံ အင်္ဂါလေးတွေဟာ အလိုအလျောက်ပြန်လည်ကောင်းမွန်လာပြီး ချွဲ၊သလိပ်တွေ တွန်းထုတ်ပေးရတဲ့ သူတို့ရဲ့ တာဝန်ကို ကောင်းမွန်စွာ ပြန်လည်အလုပ်လုပ်လာနိုင်ပါတယ်။

တစ်နှစ်အကြာ

ဆေးလိပ်တစ်နှစ်မသောက်ဘဲနေနိုင်ပြီးရင်တော့ သင့်မှာ နှလုံးရောဂါဖြစ်နိုင်ချေဟာ ဆေးလိပ်သောက်နေတုန်းက ဖြစ်နိုင်ချေထက် ၅၀ ရာခိုင်နှုန်းကို လျှော့ကျသွားပါတယ်။

ငါးနှစ်အကြာ

ဆေးရွက်ကြီးလောင်ကျွမ်းရာက ထွက်ရှိလာတဲ့ ဓာတ်ပစ္စည်းတွေ၊ အထူးသဖြင့် ကာဗွန်မိုနောက်ဆိုက် ဟာ သင့်ရဲ့ သွေးကြောတွေကို ကျဉ်းသွားစေပါတယ်။ ငါးနှစ် ကနေ ၁၅ နှစ်အတွင်း ဆေးလိပ်ဖြတ်နိုင်ပြီးရင်တော့ လေသင်တုန်းရောဂါဖြစ်နိုင်ခြေဟာ သာမန်ဆေးလိပ်မသောက်သူတစ်ယောက်လို ဖြစ်သွားပါတယ်။

၁၀ နှစ်အကြာ

အဆုတ်ကင်ဆာကြောင့်သေဆုံးသူ ၉၀ ရာခိုင်နှုန်းက ဆေးလိပ်သောက်သုံးသူတွေ ဖြစ်ပါတယ်။ သင်ဟာ ဆေးလိပ်ဖြတ်နိုင်ပြီး ၁၀ နှစ်အရာမှာတော့ အဆုတ်ရောဂါ ကြောင့် သေဆုံးနိုင်ခြေဟာ ထက်ဝက်ခန့်လျှော့ကျသွားပါတယ်။

၁၅ နှစ်အကြာ

၁၅ နှစ်အကြာမှာတော့ နှလုံးရောဂါဖြစ်နိုင်ချေဟာ သာမန်လူတစ်ယောက်နဲ့အတူတူ ပြန်ဖြစ်သွားပါတယ်။

ကာလကြာအကျိုးကျေးဇူးများ

အမေရိကန်ကျန်းမာရေးအဖွဲ့အစည်းကြီးရဲ့ အဆိုအရ ဆေးလိပ်မသောက်သုံးသူတွေ ဟာ ဆေးလိပ်သောက်သူတွေထက် သက်တမ်း ၁၄ နှစ်ပိုနေနိုင်တယ်လို့သိရပါတယ်။ ဒီနေ့ဆေးလိပ်စဖြတ်လိုက်တာနဲ့သင်ဟာ ကောင်းမွန်စွာ အလုပ်လုပ်တဲ့ နှလုံးသွေးကြောလည်ပတ်မှုစနစ်နဲ့သက်တမ်းပိုရှည်နေနိုင်သွားပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : new myanmar news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top