Kantharyar Centre
×

ရိုးသားမႈဆုိတာ ခ်စ္ျခင္းတစ္ခုမွာ အေရးအႀကီးဆံုး မရွိမျဖစ္ပါပဲ။ သုိ႔ေပမယ့္လည္း တစ္ခ်ိဳ႕ေသာ အတိတ္ျဖစ္ရပ္ေတြဟာ ပြင့္ပြင့္လင္းလင္း ေျပာျပဖို႕ အေျခအေနမေပးတာမ်ိဳးလည္း ရွိေကာင္းရွိႏုိင္ပါတယ္။ အတိတ္ဟာ အတိတ္ပဲျဖစ္ၿပီးေတာ့ အတိတ္ကိုျပန္တူးဆြရင္ လက္ရွိအေျခအေနေတြ ပ်က္စီးတတ္ပါတယ္။ အတိတ္မဟုတ္ေတာင္ မုသားျဖဴျဖဴ၊ ဘယ္သူ႕အတြက္မွ ဒုကၡမေရာက္ေစတဲ့ စကားမ်ိဳးကေတာ့ လူတုိင္း ေျပာၾကတာပဲ မဟုတ္လား။ အမ်ိဳးသမီးေရာ အမ်ိဳးသမီးပါ တစ္ခါတစ္ေလ မထင္မွတ္ပဲ လိမ္ေျပာသလို ျဖစ္သြားတဲ့အရာေတြ အမ်ားႀကီးပါ။ အဲ့ဒီအထဲကမွ အမ်ိဳးသမီးေတြ လိမ္ေလ့ရွိတဲ့ အရာေလးမ်ိဳး အေၾကာင္း ေဖာ္ျပမွာျဖစ္ပါတယ္။

(၁)     သူမ ပတ္သက္ခဲ့ဖူးတဲ့ အမ်ိဳးသားေတြရဲ႕ အေရအတြက္

သူမဟာ အေတြ႕အႀကံဳရွိတဲ့ ပေရာဖက္ရွင္နယ္တစ္ေယာက္ ျဖစ္ေနႏုိင္ပါတယ္။ သူမ ရည္းစား ဘယ္ႏွစ္ေယာက္ေလာက္ပဲ ထားခဲ့ထားခဲ့ သင့္အေနနဲ႕ ေသခ်ာတာကေတာ့ သူမဟာ အေရအတြက္ကို လိမ္ထားပါၿပီ။ အိမ္ေထာင္မက်ခင္ ကုိယ္ခႏၶာႏွီးေႏွာခဲ့ဖူးျခင္းဟာ အေရွ႕တုိင္းသာေတြ အျမင္မွာေတာ့ တားျမစ္ခ်က္တစ္ခုပါ။ တျခား လူမႈအသိုင္းအ၀ိုင္း အဖြဲ႕အစည္းေတြ ဘယ္လိုပဲ တိုးတက္ေနပါေစ၊ ဒီတစ္ခ်က္ကေတာ့ အခုအခ်ိန္ထိ တားျမစ္ထားဆဲပါ။ ဒါနဲ႔ ပတ္သက္ၿပီး သင့္ကို လိမ္ညာထားေကာင္း ထားႏိုင္ပါတယ္။

(၂)     သူမရဲ႕ အေလးခ်ိန္

  အမ်ိဳးသမီးေတြဟာ စြဲမက္ဖြယ္ေကာင္းတဲ့ ဖြံ႔ဖြ႔ံထြားထြား ကိုယ္ခႏၶာကိုယ္ေတြ ရွိသင့္ပါတယ္။ ဒီ့ထက္ေက်ာ္ၿပီး ၀သြားရင္ေတာ့ ၾကည့္မေကာင္းေတာ့ပါဘူး။ ဒါေၾကာင့္ ၀ေနတဲ့ အမ်ိဳးသမီးေတြဟာ သူမတုိ႕ရဲ႕ အေလးခ်ိန္ကို အနည္းဆံုး ငါးကီလုိေလာက္ ေလွ်ာ့ၿပီး ေျဖတတ္ၾကပါတယ္။ တစ္ခါတစ္ရံ ၅၀ ကီလို ဆိုတာ သူမတုိ႕ရွိသင့္တဲ့ အေနေတာ္ အေလးခ်ိန္ေလာက္လုိ႕ ယူဆၿပီး အၿမဲတမ္း ၅၀ကီလိုလို႕ ေျဖတတ္ၾကပါတယ္။ ဒီအခါ သင္ ဘယ္မိန္းကေလးကို ေမးလုိက္ ေမးလုိက္ ၅၀ ကီလိုလုိ႕ ေျဖတာကို ေတြ႕ရမွာျဖစ္ၿပီး “ ကမၻာေပၚက မိန္းမေတြ အကုန္လံုး ၅၀ ကီလို ၀န္းက်င္ပဲရွိေနၿပီး ဘာေၾကာင့္ ပံုမက် ပန္းမက်ေတြ ျဖစ္ေနရတာလဲ”လို႕ ေတာင္ ညည္းမိပါလိမ့္မယ္။ သူမကေတာ့ မပိန္မခ်င္း ေမးလုိက္တုိင္း ၅၀ ကီလို၀န္းက်င္ေလာက္ပဲ လွည့္ပတ္ ေျဖေနမွာပါ။

(၃)     သူမရဲ႕ ရပ္တည္မႈ

 အမ်ိဳးသမီးေတြ အမွီအခုိ ကင္းေအာင္ ရပ္တည္ႏုိင္တာ မွန္ပါတယ္။ ဒါေပမယ့္ သူမ ေဒါသထြက္တဲ့ အခါတုိင္း သူမအတြက္ အမ်ိဳးသားတစ္ေယာက္ မလိုအပ္ဘူးလုိ႕ ေအာ္ေျပာတတ္တာေတြလည္း ရွိပါတယ္။ ေယာက်ၤားေတြဟာ အသည္းႏွလံုးမရွိတဲ့လူေတြ ဘာညာလည္း သူတုိ႔မၾကာခဏ ေျပာတတ္ပါတယ္။ သင္မရွိပဲ သူေနႏိုင္တယ္လုိ႔လည္း သင့္ကို ေျပာေကာင္းေျပာပါလိမ့္မယ္။  ဒါဟာ လိမ္ညာေနတာလုိ႔ သူမနဲ႔ ျပန္လည္ေျပလည္သြားတဲ့အခါ သင္သိရမွာပါ။

(၄)     သူမစိတ္ကူး မယဥ္တတ္ဘူးလုိ႔ ဆုိခဲ့ရင္

အမ်ိဳးသမီးေတြက သူမတုိ႕ဟာ အခ်ဳပ္အေႏွာင္ကင္းတယ္ ၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိတယ္ ၊ သန္စြမ္းတယ္၊ လံုၿခံဳစိတ္ခ်မႈ ရွိတယ္ဆိုတာ အလြန္ျပခ်င္ၾကပါတယ္။ ဒီလုိအရာေတြ ျပသလိုက္ႏုိင္တာေၾကာင့္ သူမတုိ႕ဟာ စိတ္ကူးယဥ္ မဆန္တတ္တဲ့သူေတြေတာ့ မဟုတ္ပါဘူး။ တျခား အမ်ိဳးသမီးေတြနဲ႕ မတူပဲ ခပ္ထန္ထန္ ၊ ခပ္မာမာ ေနတတ္ၾကေပမယ့္ တကယ္တမ္းမွာေတာ့ သူမတုိ႕ေတြဟာ အမ်ိဳးသမီးေတြထဲ အမ်ိဳးသမီးတစ္ေယာက္ပဲ ျဖစ္တာေၾကာင့္ သူမတုိ႕မွာလည္း စိတ္ကူးယဥ္ဆန္တတ္တဲ့ စိတ္ေတြ အျပည့္ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ်တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။ အတိတ်မဟုတ်တောင် မုသားဖြူဖြူ၊ ဘယ်သူ့အတွက်မှ ဒုက္ခမရောက်စေတဲ့ စကားမျိုးကတော့ လူတိုင်း ပြောကြတာပဲ မဟုတ်လား။ အမျိုးသမီးရော အမျိုးသမီးပါ တစ်ခါတစ်လေ မထင်မှတ်ပဲ လိမ်ပြောသလို ဖြစ်သွားတဲ့အရာတွေ အများကြီးပါ။ အဲ့ဒီအထဲကမှ အမျိုးသမီးတွေ လိမ်လေ့ရှိတဲ့ အရာလေးမျိုး အကြောင်း ဖော်ပြမှာဖြစ်ပါတယ်။

(၁)     သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက်

သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူမ ရည်းစား ဘယ်နှစ်ယောက်လောက်ပဲ ထားခဲ့ထားခဲ့ သင့်အနေနဲ့ သေချာတာကတော့ သူမဟာ အရေအတွက်ကို လိမ်ထားပါပြီ။ အိမ်ထောင်မကျခင် ကိုယ်ခန္ဓာနှီးနှောခဲ့ဖူးခြင်းဟာ အရှေ့တိုင်းသာတွေ အမြင်မှာတော့ တားမြစ်ချက်တစ်ခုပါ။ တခြား လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းတွေ ဘယ်လိုပဲ တိုးတက်နေပါစေ၊ ဒီတစ်ချက်ကတော့ အခုအချိန်ထိ တားမြစ်ထားဆဲပါ။ ဒါနဲ့ ပတ်သက်ပြီး သင့်ကို လိမ်ညာထားကောင်း ထားနိုင်ပါတယ်။

(၂)     သူမရဲ့ အလေးချိန်

  အမျိုးသမီးတွေဟာ စွဲမက်ဖွယ်ကောင်းတဲ့ ဖွံ့ဖွံ့ထွားထွား ကိုယ်ခန္ဓာကိုယ်တွေ ရှိသင့်ပါတယ်။ ဒီ့ထက်ကျော်ပြီး ဝသွားရင်တော့ ကြည့်မကောင်းတော့ပါဘူး။ ဒါကြောင့် ဝနေတဲ့ အမျိုးသမီးတွေဟာ သူမတို့ရဲ့ အလေးချိန်ကို အနည်းဆုံး ငါးကီလိုလောက် လျှော့ပြီး ဖြေတတ်ကြပါတယ်။ တစ်ခါတစ်ရံ ၅၀ ကီလို ဆိုတာ သူမတို့ရှိသင့်တဲ့ အနေတော် အလေးချိန်လောက်လို့ ယူဆပြီး အမြဲတမ်း ၅၀ကီလိုလို့ ဖြေတတ်ကြပါတယ်။ ဒီအခါ သင် ဘယ်မိန်းကလေးကို မေးလိုက် မေးလိုက် ၅၀ ကီလိုလို့ ဖြေတာကို တွေ့ရမှာဖြစ်ပြီး “ ကမ္ဘာပေါ်က မိန်းမတွေ အကုန်လုံး ၅၀ ကီလို ဝန်းကျင်ပဲရှိနေပြီး ဘာကြောင့် ပုံမကျ ပန်းမကျတွေ ဖြစ်နေရတာလဲ”လို့ တောင် ညည်းမိပါလိမ့်မယ်။ သူမကတော့ မပိန်မချင်း မေးလိုက်တိုင်း ၅၀ ကီလိုဝန်းကျင်လောက်ပဲ လှည့်ပတ် ဖြေနေမှာပါ။

(၃)     သူမရဲ့ ရပ်တည်မှု

 အမျိုးသမီးတွေ အမှီအခို ကင်းအောင် ရပ်တည်နိုင်တာ မှန်ပါတယ်။ ဒါပေမယ့် သူမ ဒေါသထွက်တဲ့ အခါတိုင်း သူမအတွက် အမျိုးသားတစ်ယောက် မလိုအပ်ဘူးလို့ အော်ပြောတတ်တာတွေလည်း ရှိပါတယ်။ ယောကျၤားတွေဟာ အသည်းနှလုံးမရှိတဲ့လူတွေ ဘာညာလည်း သူတို့မကြာခဏ ပြောတတ်ပါတယ်။ သင်မရှိပဲ သူနေနိုင်တယ်လို့လည်း သင့်ကို ပြောကောင်းပြောပါလိမ့်မယ်။  ဒါဟာ လိမ်ညာနေတာလို့ သူမနဲ့ ပြန်လည်ပြေလည်သွားတဲ့အခါ သင်သိရမှာပါ။

(၄)     သူမစိတ်ကူး မယဉ်တတ်ဘူးလို့ ဆိုခဲ့ရင်

အမျိုးသမီးတွေက သူမတို့ဟာ အချုပ်အနှောင်ကင်းတယ် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် ၊ သန်စွမ်းတယ်၊ လုံခြုံစိတ်ချမှု ရှိတယ်ဆိုတာ အလွန်ပြချင်ကြပါတယ်။ ဒီလိုအရာတွေ ပြသလိုက်နိုင်တာကြောင့် သူမတို့ဟာ စိတ်ကူးယဉ် မဆန်တတ်တဲ့သူတွေတော့ မဟုတ်ပါဘူး။ တခြား အမျိုးသမီးတွေနဲ့ မတူပဲ ခပ်ထန်ထန် ၊ ခပ်မာမာ နေတတ်ကြပေမယ့် တကယ်တမ်းမှာတော့ သူမတို့တွေဟာ အမျိုးသမီးတွေထဲ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်တာကြောင့် သူမတို့မှာလည်း စိတ်ကူးယဉ်ဆန်တတ်တဲ့ စိတ်တွေ အပြည့်ရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top