Kantharyar Centre
×
#Unicode Version
ရုရှားနိုင်ငံ၊ မြို့တော်လေးတစ်ခုက အမျိုးသားတစ်ဦးရဲ့ ဘဝသက် တမ်းအတော်ကြာ ဖြတ်သန်းလာတဲ့တလျှောက်က သူများတွေနဲ့ မတူပဲ ထူးထူးခြားခြား ဖြတ်သန်းလာခဲ့တယ်လို့ သိရပါတယ်။ တစ် သက်တာလုံးမှာ အမျိုးသမီးဝတ် အကျီၤတွေနဲ့ စကတ်တွေကို အမြဲ တမ်း ဝတ်ဆင်ပြီးနေထိုင်လာခဲ့လို့ပါပဲ။
အသက် ၄၄ နှစ်အရွယ်ရှိတဲ့ ကျောင်းဆရာအမျိုးသား ဗလာဒီမီရာ ဖော်မင်က နေအိမ်တွင်းနဲ့ စာသင်ကျောင်း၊ လမ်းမလည်လျှောက်သွားတဲ့ အချိန်အခါမျိုးတွေဆို ရင်တောင်မှပဲ အမျိုးသမီးဝတ်စုံ စကတ်တွေကို ဝတ်ဆင်ထားရတာ ကို ရှက်ရွံ့ခြင်းလုံးဝမရှိပဲ ယုံကြည်မှုအပြည့်ရှိနေခဲ့ပါတယ်။
သူ့ရဲ့ ဘာ့ကြောင့် ဒီလိုမျိုး သာမန်မဟုတ်တဲ့ ထူးခြားတဲ့ နေထိုင်မှုရဲ့ အကြောင်းအရင်းကဆိုရင် သူ့အနေနဲ့ အမျိုးသားထုကြီးဘက်က နေ အကောင်းဆုံးထောက်ခံပေးလိုက်တဲ့ သဘောပဲလို့ဆိုပါတယ်။
အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ဝတ်စားဆင်ယင်မှုမှာ အမျိုးသားတွေ ဝတ်ဆင်တဲ့ ဘောင်းဘီတွေကို အမျိုးသမီးတွေ ဝတ်ဆင်နိုင်ကြပေ မယ့် အမျိုးသမီးတွေဝတ်ဆင်ကြတဲ့ စကတ်နဲ့ ဂါဝန်အမျိုးသမီးဝတ် အဝတ်အစားတွေကို ဘာ့ကြောင့်အမျိုးသားတွေ ဝတ်ဆင်လို့မရနိုင် သလဲဆိုတဲ့အကြောင်းအရင်းကို လက်မခံလို့ပါပဲတဲ့။
ဒါ့ကြောင့်မို့လို့ သူက ဒီကန့်သတ်တားမြစ်ချက်ကို ချိုးဖောက်ပြီး လူ့ အခွင့်အရေးအပြည့်အဝ အရယူဖို့အတွက် ဒီလိုမျိုး စကတ်နဲ့ အမျိုး သမီးဝတ် အဝတ်အစားတွေကို တချိန်လုံးဝတ်ဆင်လာတာ အခုဆို ရင် နှစ်ပေါင်းအတော်ကြာနေခဲ့ပြီပဲ ဖြစ်ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top