Property Expo
×

ကယ္လဖိုးနီးယားက ေဆးရံုတစ္ရံုမွာ လံုၿခံဳေရး ၀န္ထမ္းအသစ္ကို အခမ္းအနားနဲ႕ ခန္႕အပ္ခဲ့ပါတယ္။ ဒါကေတာ့ အေရးေပၚခန္းရဲ႕ ကားပါကင္ကို လွည့္လည္ေစာင့္ၾကည့္မယ့္ စက္ရုပ္တစ္ရုပ္ပါ။

Bakersfield Memorial ေဆးရံုက ဥပံုသ႑ာန္ရွိၿပီး ကေလးတစ္ေယာက္အရပ္အရွည္ေလာက္ရွိတဲ့ စက္ရုပ္မွာ ကင္မရာေတြပါရွိၿပီး လူက ထိန္းခ်ဳပ္ေပးစရာမလိုပဲ ကားပါကင္တစ္၀ိုက္ကို ေစာင့္ၾကည့္ အာရံုခံႏိုင္မွာျဖစ္တယ္လို႕ တရား၀င္ေျပာခဲ့ပါတယ္။

‘စက္ရုပ္မွာ လူေတြကို ေဖာ္ေဖာ္ေရြေရြနဲ႕ ဟယ္လို လို႕ေျပာၿပီး ႏႈတ္ဆက္မယ့္ ပရိုဂရမ္ပါရွိၿပီး စက္ရံုမွာပါတဲ့ လံုၿခံဳေရးခလုတ္ကို ႏွိပ္ၿပီး လံုၿခံဳေရး၀န္ထမ္းေတြကို ေခၚလို႕လည္းရပါတယ္။ စက္ရုပ္ကို အလုပ္ခန္႕ထားတဲ့အေၾကာင္းရင္းက လံုၿခံဳဖို႕ ၊ စိတ္ခ်ရဖို႕ နဲ႕ ေစာင့္ၾကည့္စစ္ေဆးဖုိ႕ေတြ အတြက္ပါ။

လံုၿခံဳေရး၀န္ထမ္းအင္အားတိုးျမင့္ၿပီး လူနာေတြနဲ႕ သူတို႕မိသားစုေတြ အတြက္ ပိုမို အဆင္ေျပေအာင္ လုပ္ေဆာင္တာပါ ‘လို႕ ေဆးရံုရဲ႕ အႀကီးအကဲျဖစ္တဲ့ Ken Keller ကေျပာပါတယ္။

မၾကာခင္မွာ စက္ရုပ္က အဂၤလိပ္စကား နဲ႕ စပိန္စကား ေျပာဆိုႏိုင္ေတာ့မယ့္လို႕ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ကယ်လဖိုးနီးယားက ဆေးရုံတစ်ရုံမှာ လုံခြုံရေး ဝန်ထမ်းအသစ်ကို အခမ်းအနားနဲ့ ခန့်အပ်ခဲ့ပါတယ်။ ဒါကတော့ အရေးပေါ်ခန်းရဲ့ ကားပါကင်ကို လှည့်လည်စောင့်ကြည့်မယ့် စက်ရုပ်တစ်ရုပ်ပါ။

Bakersfield Memorial ဆေးရုံက ဥပုံသဏ္ဍာန်ရှိပြီး ကလေးတစ်ယောက်အရပ်အရှည်လောက်ရှိတဲ့ စက်ရုပ်မှာ ကင်မရာတွေပါရှိပြီး လူက ထိန်းချုပ်ပေးစရာမလိုပဲ ကားပါကင်တစ်ဝိုက်ကို စောင့်ကြည့် အာရုံခံနိုင်မှာဖြစ်တယ်လို့ တရားဝင်ပြောခဲ့ပါတယ်။

‘စက်ရုပ်မှာ လူတွေကို ဖော်ဖော်ရွေရွေနဲ့ ဟယ်လို လို့ပြောပြီး နှုတ်ဆက်မယ့် ပရိုဂရမ်ပါရှိပြီး စက်ရုံမှာပါတဲ့ လုံခြုံရေးခလုတ်ကို နှိပ်ပြီး လုံခြုံရေးဝန်ထမ်းတွေကို ခေါ်လို့လည်းရပါတယ်။ စက်ရုပ်ကို အလုပ်ခန့်ထားတဲ့အကြောင်းရင်းက လုံခြုံဖို့ ၊ စိတ်ချရဖို့ နဲ့ စောင့်ကြည့်စစ်ဆေးဖို့တွေ အတွက်ပါ။

လုံခြုံရေးဝန်ထမ်းအင်အားတိုးမြင့်ပြီး လူနာတွေနဲ့ သူတို့မိသားစုတွေ အတွက် ပိုမို အဆင်ပြေအောင် လုပ်ဆောင်တာပါ ‘လို့ ဆေးရုံရဲ့ အကြီးအကဲဖြစ်တဲ့ Ken Keller ကပြောပါတယ်။

မကြာခင်မှာ စက်ရုပ်က အင်္ဂလိပ်စကား နဲ့ စပိန်စကား ပြောဆိုနိုင်တော့မယ့်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top