Property Expo
×

စံုစမ္းစ္ေဆးေရး တာ၀န္ခံအရာရွိ၏ ေျပာၾကားခ်က္အရ အရွက္သိကၡာအရသတ္ျဖတ္မႈ (honour killing)တစ္ခုတြင္ ပါကစၥတန္၌ ေသဆံုးခဲ့ရသည့္ ၿဗိတိသွ်အမ်ိဳးသမီးမွာ မေသဆံုးမီ အဓမၼျပဳက်င့္ခံခဲ့ရသည္ဟု ဆုိသည္။ ၿဗိတိန္ ဘရတ္ဖို႔မွ ၂၈ႏွစ္အရြယ္ ဆမီရာ ရွာဟစ္မွာ ဇူလိုင္လက ပန္ဂ်ပ္္ျပည္နယ္ေျမာက္ပိုင္းတြင္ ေသဆံုးခဲ့သည္။

ပါကစၥတန္ စံုစမ္းစစ္ေဆးေရးမွဴးခ်ဳပ္က ဘီဘီစီသို႔ ေျပာၾကားခ်က္အရ မစၥရွာဟစ္၏ ဖခင္ျဖစ္သူႏွင့္္ ခင္ပြန္းေဟာင္းတို႔က လူသတ္မႈကို က်ဴးလြန္ျခင္းျဖစ္သည္ဟု ဆိုသည္။

လူသတ္မႈတြင္ ၄င္းတို႔၏ အခန္းက႑ကို ေမးျမန္းရန္အတြက္ မိခင္ႏွင့္ အစ္မျဖစ္သူတို႔ကိုလည္း ပါကစၥတန္သို႔ ေခၚယူရန္ ႀကိဳးစားေနသည္ဟု ရဲအရာရွိက ေျပာၾကားခဲ့သည္။

မစၥရွာဟစ္ ေသဆံုးမႈႏွင့္ ပတ္သက္၍ အမ်ိဳးသားႏွစ္ေယာက္မွာ ပါကစၥတန္ ရံုးေတာ္တြင္ အစစ္ခံေနၿပီျဖစ္သည္။

ေဒသခံရဲ၏ ေျပာၾကားခ်က္အရ လူသတ္မႈျဖင့္ စြပ္စြဲခံထားရသည့္ ခင္ပြန္းေဟာင္း ေခ်ာင္ဒရီ မူဟာမတ္ ရွာကီးက ရွာဟစ္ကို ၿခံဳပု၀ါျဖင့္ လည္ပင္းညွစ္ သတ္ျဖတ္ခဲ့ေၾကာင္း ၀န္ခံခဲ့သည္ဟု ဆိုသည္။

ဖခင္ျဖစ္သူ ေခ်ာင္ဒရီ မူဟာမတ္ ရွာဟစ္ကိုလည္း လူသတ္မႈတြင္ ႀကံရာပါအျဖစ္ ထိန္းသိမ္းထားသည္ဟု ဆုိသည္။ ႏွစ္ေယာက္စလံုးကို စက္တင္ဘာ ၅ရက္ေန႔အထိ ရမန္ျဖင့္ ခ်ဳပ္ထားသည္ဟု ဆုိသည္။

မစၥရွာဟစ္မွာ ေသဆံုးခ်ိန္တြင္ ပန္ဒိုရီရြာမွ မိသားစုထံ လာေရာက္လည္ပတ္ေနျခင္းျဖစ္ၿပီး ကနဦးက ေဆြမ်ိဳးမ်ားက ႏွလံုးေရာဂါျဖင့္ ေသဆံုးျခင္းျဖစ္သည္ဟု ေျပာၾကားခဲ့ၾကသည္ဟုဆိုသည္။

သူမ၏ ဒုတိယခင္ပြန္းသည္ျဖစ္သူ ဆာယတ္ မြတ္တား ကာဇင္ကမူ သူတို႔ႏွစ္ေယာက္ လက္ထပ္သည္ကို မိသားစုက သေဘာမတူေသာေၾကာင့္ သူမကို မိသားစုကို အရွက္ခြဲသူအျဖစ္ ဂုဏ္သိကၡာအရ သတ္ျဖတ္လိုက္ျခင္းျဖစ္သည္ဟု ယံုၾကည္ေနသည္ဟု ဆုိသည္။

မႈခင္းဆရာ၀န္၏ စမ္းသပ္ခ်က္အရ မစၥရွာဟစ္မွာ အသက္ရွဴက်ပ္၍ ေသဆံုးေၾကာင္း အတည္ျပဳခဲ့သည္ဟု ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဘီဘီစီ

Unicode Version

စုံစမ်းစ်ဆေးရေး တာဝန်ခံအရာရှိ၏ ပြောကြားချက်အရ အရှက်သိက္ခာအရသတ်ဖြတ်မှု (honour killing)တစ်ခုတွင် ပါကစ္စတန်၌ သေဆုံးခဲ့ရသည့် ဗြိတိသျှအမျိုးသမီးမှာ မသေဆုံးမီ အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု ဆိုသည်။ ဗြိတိန် ဘရတ်ဖို့မှ ၂၈နှစ်အရွယ် ဆမီရာ ရှာဟစ်မှာ ဇူလိုင်လက ပန်ဂျပ်ပြည်နယ်မြောက်ပိုင်းတွင် သေဆုံးခဲ့သည်။

ပါကစ္စတန် စုံစမ်းစစ်ဆေးရေးမှူးချုပ်က ဘီဘီစီသို့ ပြောကြားချက်အရ မစ္စရှာဟစ်၏ ဖခင်ဖြစ်သူနှင့် ခင်ပွန်းဟောင်းတို့က လူသတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ဆိုသည်။

လူသတ်မှုတွင် ၎င်းတို့၏ အခန်းကဏ္ဍကို မေးမြန်းရန်အတွက် မိခင်နှင့် အစ်မဖြစ်သူတို့ကိုလည်း ပါကစ္စတန်သို့ ခေါ်ယူရန် ကြိုးစားနေသည်ဟု ရဲအရာရှိက ပြောကြားခဲ့သည်။

မစ္စရှာဟစ် သေဆုံးမှုနှင့် ပတ်သက်၍ အမျိုးသားနှစ်ယောက်မှာ ပါကစ္စတန် ရုံးတော်တွင် အစစ်ခံနေပြီဖြစ်သည်။

ဒေသခံရဲ၏ ပြောကြားချက်အရ လူသတ်မှုဖြင့် စွပ်စွဲခံထားရသည့် ခင်ပွန်းဟောင်း ချောင်ဒရီ မူဟာမတ် ရှာကီးက ရှာဟစ်ကို ခြုံပုဝါဖြင့် လည်ပင်းညှစ် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

ဖခင်ဖြစ်သူ ချောင်ဒရီ မူဟာမတ် ရှာဟစ်ကိုလည်း လူသတ်မှုတွင် ကြံရာပါအဖြစ် ထိန်းသိမ်းထားသည်ဟု ဆိုသည်။ နှစ်ယောက်စလုံးကို စက်တင်ဘာ ၅ရက်နေ့အထိ ရမန်ဖြင့် ချုပ်ထားသည်ဟု ဆိုသည်။

မစ္စရှာဟစ်မှာ သေဆုံးချိန်တွင် ပန်ဒိုရီရွာမှ မိသားစုထံ လာရောက်လည်ပတ်နေခြင်းဖြစ်ပြီး ကနဦးက ဆွေမျိုးများက နှလုံးရောဂါဖြင့် သေဆုံးခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်ဟုဆိုသည်။

သူမ၏ ဒုတိယခင်ပွန်းသည်ဖြစ်သူ ဆာယတ် မွတ်တား ကာဇင်ကမူ သူတို့နှစ်ယောက် လက်ထပ်သည်ကို မိသားစုက သဘောမတူသောကြောင့် သူမကို မိသားစုကို အရှက်ခွဲသူအဖြစ် ဂုဏ်သိက္ခာအရ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ယုံကြည်နေသည်ဟု ဆိုသည်။

မှုခင်းဆရာဝန်၏ စမ်းသပ်ချက်အရ မစ္စရှာဟစ်မှာ အသက်ရှူကျပ်၍ သေဆုံးကြောင်း အတည်ပြုခဲ့သည်ဟု ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဘီဘီစီ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top