Kantharyar Centre
×

ဇီကာဗိုင္းရပ္စ္၊ ခ်ီကြန္ ဂြန္ညာႏွင့္ ေသြးလြန္တုပ္ေကြး ဗိုင္းရပ္စ္သံုးမ်ိဳးစလံုး တစ္ၿပိဳင္ နက္တည္း နာရီပိုင္းအတြင္း စမ္း သပ္ႏိုင္ေသာ ကိရိယာတစ္ခုကို စင္ကာပူသိပၸံပညာရွင္မ်ားက တီ ထြင္လိုက္သည္။

ယင္းကိရိယာသည္ အသံုးျပဳရန္ အဆင္သင့္မျဖစ္ေသးေသာ္ လည္း ထုတ္လုပ္ရန္ ေဒၚလာအ နည္းငယ္သာ ကုန္က်ၿပီး အျခား ႏိုင္ငံမ်ားကလည္း စိတ္၀င္စား ေနၾကသည္။


 ကမၻာ့က်န္းမာေရးအဖဲြ႕ (WHO)ကပင္ ယင္းကိရိယာကို စိတ္၀င္စားေနသည္ဟု ကိရိယာ (Kit) တီထြင္မႈတြင္ ပါ၀င္ေသာ ပညာရွင္ ေဒါက္တာမာဆာဖူမီအီ ႏူးကေျပာသည္။

လက္ရွိတြင္ က်န္းမာေရး အာဏာပိုင္မ်ားထံမွ အခ်က္အ လက္မ်ား စုေဆာင္းေနၿပီး ေနာက္ ပိုင္း၌ ကိရိယာကို စမ္းသပ္ႏိုင္ ရန္ ေပးပို႔သြားမည္ဟု ၎ကဆို သည္။

 ျခင္မွတစ္ဆင့္ ကူးစက္ ေသာ အဆိုပါေရာဂါသံုးမ်ိဳးသည္ အဆစ္အျမစ္ကိုက္ခဲျခင္း၊ အနီ ကြက္ထျခင္းကဲ့သို႔ ေရာဂါလကၡ ဏာမ်ား ဆင္တူၾကသည္။

ေရာဂါမ်ားကို ေဆာလ်င္စြာ ခဲြျခားႏိုင္ခဲ့ပါက သင့္ေလ်ာ္ေသာ ေဆးကုသမႈေပးႏုိင္မည္ဟု ေဒါက္ တာ အီႏူးက ဆက္လက္ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဇီကာဗိုင်းရပ်စ်၊ ချီကွန် ဂွန်ညာနှင့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်သုံးမျိုးစလုံး တစ်ပြိုင် နက်တည်း နာရီပိုင်းအတွင်း စမ်း သပ်နိုင်သော ကိရိယာတစ်ခုကို စင်ကာပူသိပ္ပံပညာရှင်များက တီ ထွင်လိုက်သည်။

ယင်းကိရိယာသည် အသုံးပြုရန် အဆင်သင့်မဖြစ်သေးသော် လည်း ထုတ်လုပ်ရန် ဒေါ်လာအ နည်းငယ်သာ ကုန်ကျပြီး အခြား နိုင်ငံများကလည်း စိတ်ဝင်စား နေကြသည်။


 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကပင် ယင်းကိရိယာကို စိတ်ဝင်စားနေသည်ဟု ကိရိယာ (Kit) တီထွင်မှုတွင် ပါဝင်သော ပညာရှင် ဒေါက်တာမာဆာဖူမီအီ နူးကပြောသည်။

လက်ရှိတွင် ကျန်းမာရေး အာဏာပိုင်များထံမှ အချက်အ လက်များ စုဆောင်းနေပြီး နောက် ပိုင်း၌ ကိရိယာကို စမ်းသပ်နိုင် ရန် ပေးပို့သွားမည်ဟု ၎င်းကဆို သည်။

 ခြင်မှတစ်ဆင့် ကူးစက် သော အဆိုပါရောဂါသုံးမျိုးသည် အဆစ်အမြစ်ကိုက်ခဲခြင်း၊ အနီ ကွက်ထခြင်းကဲ့သို့ ရောဂါလက္ခ ဏာများ ဆင်တူကြသည်။

ရောဂါများကို ဆောလျင်စွာ ခွဲခြားနိုင်ခဲ့ပါက သင့်လျော်သော ဆေးကုသမှုပေးနိုင်မည်ဟု ဒေါက် တာ အီနူးက ဆက်လက်ပြော သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top