Kantharyar Centre
×

ထိုင္းႏိုင္ငံ ဘန္ေကာက္ ဘန္က်တ္နယ္ေျမ ဖရခႏုန္ရပ္ကြက္ ဆုခိုး၀စ္ ၅၆ လမ္းထဲမွာ ၿပီးခဲ့တဲ့ အပတ္က ပတ္စ္ပို႔ အတုလုပ္တဲ့ ဂိုဏ္းတဂိုဏ္းကို ၀င္ဖမ္းရင္း ေတြ႔ရွိခဲ့တဲ့ ၆ ပိုင္းျပတ္ အေလာင္း ဟာ လြန္ခဲ့တဲ့ ၈ ႏွစ္ခန္႔က ေသဆံုးသြားတာ ျဖစ္ႏိုင္တယ္လို႔ အထူးစံုစမ္းစစ္ေဆးေရး ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ရဲတပ္ဖြဲ႔႕မွ ဖမ္းဆီးထားတဲ့ ပတ္စပို႔တ္အတုဂိုဏ္း၀င္ ႏိုင္ငံျခားသား ၃ ဦးကို စစ္ေဆးေမးျမန္းခဲ့ၿပီး ေတြ႔ရွိခ်က္ေတြနဲ႔ ပတ္သက္တဲ့ အစည္းအေ၀းကို စက္တင္ဘာလ ၂၇ ရက္ မြန္းလဲြပိုင္းမွာ ျပဳ လုပ္ခဲ့ပါတယ္။

မူးယစ္ေဆး၀ါးလက္၀ယ္ေတြ႔ရွိမႈ၊ ႏိုင္ငံကူးအတုလုပ္ေဆာင္မႈ၊ တာ၀န္က်ရဲ၀န္ထမ္းကို ေသနတ္နဲ႔ ပစ္ခတ္မႈ၊ အေလာင္းထိန္ခ်န္သို၀ွက္မႈေတြနဲ႔ ပီတာ ၀ီလ်ံဂၽြန္ဆင္ (၆၆ ႏွစ္) ၊ ဂ်ိမ္းစ္ တတ္ကလပ္စ္ (၆၃ ႏွစ္)၊ အာရြန္ေသာမတ္စ္ ကာဘယ္လ္ (၄၀ ႏွစ္) တို႔ ၃ ဦးကို ဖမ္းဆီးစစ္ေဆးေနတာ ျဖစ္ပါတယ္။

ႏိုင္ငံသားအမွန္ေတြသိရဖို႔ အေမရိကန္သံရံုးနဲ႔ ပူးေပါင္းေဆာင္ရြက္ခဲ့ရာမွာ ၂ ဦးမွာ အေမရိ ကန္ႏိုင္ငံသားျဖစ္ၿပီး ပတ္စပို႔တ္အစစ္ျဖစ္ေၾကာင္း၊ ဂိုဏ္းေခါင္းေဆာင္ ပီတာ၀ီလ်ံ ကိုင္ေဆာင္တဲ့ ပတ္စပို႔မွာေတာ့ အတုျဖစ္ေၾကာင္း၊ ေရခဲေသတၱာထဲက ၆ ပိုင္းျပတ္အေလာင္းမွာလည္း သူ႔ အသိတေယာက္က လာအပ္ထားတာလို႔ ဂိုဏ္းေခါင္းေဆာင္ကေျပာေၾကာင္း စံုစမ္းစစ္ေဆးေရး ရဲတပ္ဖြဲ႔မွ ဒုရဲမႉး ဆု၀ပ္က်ဲန္႔ယြတ္ဆုခ္က ေျပာပါတယ္။

နယ္ေျမ ၅ ရဲတပ္ဖြဲ႔မွ ဒုရဲမႉး ဆုမ္ပစုန္ယင္ထုမ့္ကေတာ့ ပီတာ၀ီလ်ံဟာ ယခင္က ဧကမိုင္းလမ္းမွာ ေနခဲ့ဖူးၿပီး ဆုခို၀စ္ကို ေရႊ႕ေျပာင္းလာတဲ့အခါ အဆိုပါေရခဲေသတၱာကိုပါ သယ္ေဆာင္လာ ေၾကာင္း၊ အဲဒီေသတၱာကို လြန္ခဲ့တဲ့ ၂၀၀၈ ခုႏွစ္တည္းက ၀ယ္ယူခဲ့ၿပီး မည္သူ႔ကိုမွ် သံုးစြဲခြင့္ မျပဳခဲ့ေၾကာင္း၊ ဒါေၾကာင့္ အေလာင္းဟာ လြန္ခဲ့တဲ့ ၈ ႏွစ္ကတည္းက သိမ္းထားတယ္လို႔ ယူဆရေၾကာင္း၊ အေလာင္းဟာ ၾကာခဲ့ၿပီျဖစ္တဲ့အတြက္ မည္သူမည္၀ါျဖစ္တယ္ဆိုတာ သိဖို႔ ခက္ခဲေနေၾကာင္း၊ မႈခင္းဆရာ၀န္ေတြနဲ႔ ဒီအန္ေအထပ္မံစစ္ေဆးဖို႔ရွိတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ စိတ္ပညာဆရာ၀န္ေတြက ပီတာ၀ီလ်ံကို စစ္ေဆးခ်က္အရ ေသဆံုးသူနဲ႔ သူဟာ လိင္တူ ခ်စ္သူေတြ ျဖစ္ၿပီး ခ်စ္လြန္းတဲ့အတြက္ အေလာင္းကို မပစ္ရက္ဘဲ သိမ္းထားဟန္ရွိေၾကာင္း ဒုရဲမႉး ဆုမ္ပစုန္က ေျပာသြားပါတယ္။

သူတို႔ေနထိုင္ရာ တိုက္ခန္းတြဲကို စံုစမ္းေရးရဲတပ္ဖြဲ႔၀င္ေတြက ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၃ ရက္ေန႔က ၀င္ေရာက္ရွာေဖြရာမွာ သူတို႔က ေသနတ္နဲ႔ျပန္ပစ္ၿပီးခုခံတဲ့အတြက္ ရဲအရာရွိတဦး ဒဏ္ရာရခဲ့ပါတယ္။

အဲဒီေန႔က သူတို႔အိမ္ထဲမွာ ျမန္မာ ၂ ဦးကိုပါ ေတြ႔ရွိခဲ့ၿပီး သူတို႔ကေတာ့ အိမ္ျပဳျပင္သန္႔ရွင္းေရးအတြက္ ငွားရမ္းထားတဲ့ အလုပ္သမားေတြသာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb burmese

#Unicode Version

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ကျတ်နယ်မြေ ဖရခနုန်ရပ်ကွက် ဆုခိုးဝစ် ၅၆ လမ်းထဲမှာ ပြီးခဲ့တဲ့ အပတ်က ပတ်စ်ပို့ အတုလုပ်တဲ့ ဂိုဏ်းတဂိုဏ်းကို ဝင်ဖမ်းရင်း တွေ့ရှိခဲ့တဲ့ ၆ ပိုင်းပြတ် အလောင်း ဟာ လွန်ခဲ့တဲ့ ၈ နှစ်ခန့်က သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားတဲ့ ပတ်စပို့တ်အတုဂိုဏ်းဝင် နိုင်ငံခြားသား ၃ ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး တွေ့ရှိချက်တွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို စက်တင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်းမှာ ပြု လုပ်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု၊ နိုင်ငံကူးအတုလုပ်ဆောင်မှု၊ တာဝန်ကျရဲဝန်ထမ်းကို သေနတ်နဲ့ ပစ်ခတ်မှု၊ အလောင်းထိန်ချန်သိုဝှက်မှုတွေနဲ့ ပီတာ ဝီလျံဂျွန်ဆင် (၆၆ နှစ်) ၊ ဂျိမ်းစ် တတ်ကလပ်စ် (၆၃ နှစ်)၊ အာရွန်သောမတ်စ် ကာဘယ်လ် (၄၀ နှစ်) တို့ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။

နိုင်ငံသားအမှန်တွေသိရဖို့ အမေရိကန်သံရုံးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရာမှာ ၂ ဦးမှာ အမေရိ ကန်နိုင်ငံသားဖြစ်ပြီး ပတ်စပို့တ်အစစ်ဖြစ်ကြောင်း၊ ဂိုဏ်းခေါင်းဆောင် ပီတာဝီလျံ ကိုင်ဆောင်တဲ့ ပတ်စပို့မှာတော့ အတုဖြစ်ကြောင်း၊ ရေခဲသေတ္တာထဲက ၆ ပိုင်းပြတ်အလောင်းမှာလည်း သူ့ အသိတယောက်က လာအပ်ထားတာလို့ ဂိုဏ်းခေါင်းဆောင်ကပြောကြောင်း စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဆုဝပ်ကျဲန့်ယွတ်ဆုခ်က ပြောပါတယ်။

နယ်မြေ ၅ ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဆုမ်ပစုန်ယင်ထုမ့်ကတော့ ပီတာဝီလျံဟာ ယခင်က ဧကမိုင်းလမ်းမှာ နေခဲ့ဖူးပြီး ဆုခိုဝစ်ကို ရွှေ့ပြောင်းလာတဲ့အခါ အဆိုပါရေခဲသေတ္တာကိုပါ သယ်ဆောင်လာ ကြောင်း၊ အဲဒီသေတ္တာကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တည်းက ဝယ်ယူခဲ့ပြီး မည်သူ့ကိုမျှ သုံးစွဲခွင့် မပြုခဲ့ကြောင်း၊ ဒါကြောင့် အလောင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက သိမ်းထားတယ်လို့ ယူဆရကြောင်း၊ အလောင်းဟာ ကြာခဲ့ပြီဖြစ်တဲ့အတွက် မည်သူမည်ဝါဖြစ်တယ်ဆိုတာ သိဖို့ ခက်ခဲနေကြောင်း၊ မှုခင်းဆရာဝန်တွေနဲ့ ဒီအန်အေထပ်မံစစ်ဆေးဖို့ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စိတ်ပညာဆရာဝန်တွေက ပီတာဝီလျံကို စစ်ဆေးချက်အရ သေဆုံးသူနဲ့ သူဟာ လိင်တူ ချစ်သူတွေ ဖြစ်ပြီး ချစ်လွန်းတဲ့အတွက် အလောင်းကို မပစ်ရက်ဘဲ သိမ်းထားဟန်ရှိကြောင်း ဒုရဲမှူး ဆုမ်ပစုန်က ပြောသွားပါတယ်။

သူတို့နေထိုင်ရာ တိုက်ခန်းတွဲကို စုံစမ်းရေးရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က ဝင်ရောက်ရှာဖွေရာမှာ သူတို့က သေနတ်နဲ့ပြန်ပစ်ပြီးခုခံတဲ့အတွက် ရဲအရာရှိတဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနေ့က သူတို့အိမ်ထဲမှာ မြန်မာ ၂ ဦးကိုပါ တွေ့ရှိခဲ့ပြီး သူတို့ကတော့ အိမ်ပြုပြင်သန့်ရှင်းရေးအတွက် ငှားရမ်းထားတဲ့ အလုပ်သမားတွေသာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top