Property Expo
×

အဂၤလန္ကြင္းလယ္လူ အဲရစ္ဒိုင္ယာသည္ စပါးအသင္း တြင္ ၂၀၂၁ အထိ ရွိေနမည့္ ငါး ႏွစ္သက္တမ္းရွိ စာခ်ဳပ္သစ္တစ္ ရပ္ လက္မွတ္ေရးထိုးလိုက္သည္။

စပို႔တင္းအသင္းမွ ၂၀၁၄ က စပါးသို႔ ေျပာင္းလာေသာ ဒိုင္ ယာ (၂၂) ႏွစ္သည္ နည္းျပ ပို ခ်က္တီႏို၏ အဓိကကစားသမား မ်ားအနက္ တစ္ဦးျဖစ္လာသည္။

ယမန္ႏွစ္က ပရီးမီးယားလိဂ္ ဖလားကို စိန္ေခၚရန္ စပါးအသင္း ႀကိဳးစားရာတြင္ ေျခစြမ္းျပႏိုင္ခဲ့ သည့္ ဒိုင္ယာသည္ ယူ႐ို ၂၀၁၆ ၿပိဳင္ပဲြ၀င္ အဂၤလန္အသင္းအ တြက္ ေရြးခ်ယ္ခံရၿပီး ႐ုရွားႏွင့္ တစ္ဂိုးစီ သေရက်ခဲ့ေသာ အဖြင့္ ပဲြ၌ အလြတ္တည္ကန္ေဘာမွ တစ္ဆင့္ ဂိုးသြင္းယူခဲ့သည္။

စပါး၏ ယခုရာသီ ႐ံႈးပဲြမရွိ ေသးေသာ  ပဲြမ်ားအားလံုးတြင္ ဒိုင္ယာသည္ ပဲြခ်ိန္ျပည့္ ပါ၀င္ ကစားခဲ့ၿပီး မိုနာကိုႏွင့္ ခ်န္ပီယံ လိဂ္ပဲြ၌ ပါ၀င္ရန္ ျပင္ဆင္ေန သည္။

ဒိုင္ယာသည္ စပါးသို႔ ေျပာင္း လာစဥ္က ခံစစ္ကစားသမားတစ္ ဦးအျဖစ္သာ မူလက ႐ႈျမင္ခံရ ေသာ္လည္း ယင္းေနာက္ပိုင္းတြင္ စပါးႏွင့္ အဂၤလန္အတြက္ ကြင္း လယ္ေနရာမွ ေျခစြမ္းျပကစားခဲ့ သည္။

အဂၤလန္အတြက္ ၁၁ ပဲြ ကစားထားေသာ ဒိုင္ယာသည္ စပါးအတြက္ ၈၇ ပဲြကစားၿပီး ၆၇ ဂိုး သြင္းယူထားသည္။

ဒိုင္ယာ၏ အသင္းေဖာ္ ခရစ္ ခ်န္အဲရစ္ဆင္သည္လည္း ၿပီးခဲ့ သည့္အပတ္က စပါးႏွင့္ ေလး ႏွစ္ စာခ်ဳပ္သက္တမ္းတိုးခဲ့သည္။

ေနာက္ခံလူ ကိုင္လီေ၀ၚလ္ ကာသည္လည္း စပါးႏွင့္ ေရရွည္ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုရန္ နီး စပ္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အင်္ဂလန်ကွင်းလယ်လူ အဲရစ်ဒိုင်ယာသည် စပါးအသင်း တွင် ၂၀၂၁ အထိ ရှိနေမည့် ငါး နှစ်သက်တမ်းရှိ စာချုပ်သစ်တစ် ရပ် လက်မှတ်ရေးထိုးလိုက်သည်။

စပို့တင်းအသင်းမှ ၂၀၁၄ က စပါးသို့ ပြောင်းလာသော ဒိုင် ယာ (၂၂) နှစ်သည် နည်းပြ ပို ချက်တီနို၏ အဓိကကစားသမား များအနက် တစ်ဦးဖြစ်လာသည်။

ယမန်နှစ်က ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်ရန် စပါးအသင်း ကြိုးစားရာတွင် ခြေစွမ်းပြနိုင်ခဲ့ သည့် ဒိုင်ယာသည် ယူရို ၂၀၁၆ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းအ တွက် ရွေးချယ်ခံရပြီး ရုရှားနှင့် တစ်ဂိုးစီ သရေကျခဲ့သော အဖွင့် ပွဲ၌ အလွတ်တည်ကန်ဘောမှ တစ်ဆင့် ဂိုးသွင်းယူခဲ့သည်။

စပါး၏ ယခုရာသီ ရှုံးပွဲမရှိ သေးသော  ပွဲများအားလုံးတွင် ဒိုင်ယာသည် ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ပြီး မိုနာကိုနှင့် ချန်ပီယံ လိဂ်ပွဲ၌ ပါဝင်ရန် ပြင်ဆင်နေ သည်။

ဒိုင်ယာသည် စပါးသို့ ပြောင်း လာစဉ်က ခံစစ်ကစားသမားတစ် ဦးအဖြစ်သာ မူလက ရှုမြင်ခံရ သော်လည်း ယင်းနောက်ပိုင်းတွင် စပါးနှင့် အင်္ဂလန်အတွက် ကွင်း လယ်နေရာမှ ခြေစွမ်းပြကစားခဲ့ သည်။

အင်္ဂလန်အတွက် ၁၁ ပွဲ ကစားထားသော ဒိုင်ယာသည် စပါးအတွက် ၈၇ ပွဲကစားပြီး ၆၇ ဂိုး သွင်းယူထားသည်။

ဒိုင်ယာ၏ အသင်းဖော် ခရစ် ချန်အဲရစ်ဆင်သည်လည်း ပြီးခဲ့ သည့်အပတ်က စပါးနှင့် လေး နှစ် စာချုပ်သက်တမ်းတိုးခဲ့သည်။

နောက်ခံလူ ကိုင်လီဝေါ်လ် ကာသည်လည်း စပါးနှင့် ရေရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် နီး စပ်နေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top