Kantharyar Centre
×

လူတုိင္းဆီမွာ အနည္းဆံုး အက်င့္ဆုိးတစ္ခုေတာ့ ရွိတတ္ၾကပါတယ္။ လက္သည္းကိုက္တာျဖစ္ျဖစ္၊ တီဗီကို မ်က္ႏွာနဲ႔ မခြာစတမ္း ၾကည့္တတ္တာမ်ိဳး ျဖစ္ျဖစ္ စတဲ့ အက်င့္ဆိုးမ်ိဳးေတြပါ။

သင့္မွာ အက်င့္ဆိုး တစ္ခုခုရွိခဲ့ရင္ အဲဒီအက်င့္ဆိုးကို ေဖ်ာက္ဖ်က္ႏုိင္မယ့္ အလြယ္ကူဆံုး နည္းလမ္း (၃) ခုရွိပါတယ္။ အဆင့္ ၃ ဆင့္လို႔လည္း ဆိုႏုိင္ပါတယ္ ။

၁။ စိတ္ပါလက္ပါ ဆံုးျဖတ္

ဒါကို ငါတကယ္မလုပ္ေတာ့ဘူးဆိုတာမ်ိဳး စိတ္ပါလက္ပါ အရင္ဆံုးေတြးၾကည့္လိုက္ပါ။ ဘယ္အရာပဲျဖစ္ျဖစ္ စိတ္ကူးနဲ႔ အရင္စၾကည့္ရပါတယ္။ စိတ္ေလ့က်င့္ခန္းနဲ႔ အက်င့္ဆိုးကို ေဖ်ာက္ဖ်က္တာဟာ သာမန္ထက္ပိုၿပီး အက်ိဳးရွိေၾကာင္း ေလ့လာခ်က္တစ္ခုက ေဖာ္ထုတ္ထားပါတယ္။

၂။ ပတ္ဝန္းက်င္ေျပာင္း

ေဆးလိပ္မေသာက္ေတာ့ဘူး ဆိုေပယ့္ ေဆးလိပ္ေသာက္တဲ့ သူငယ္ခ်င္းေတြနဲ႔ ေန႔စဥ္အတူတူရွိေနရင္ သင္ျပန္ေသာက္ျဖစ္ဖို႔ ရာႏႈန္းမ်ားပါတယ္။ အထူးသျဖင့္ ေဆးလိပ္ျဖတ္ေနတဲ့ ကာလအစပိုင္းမ်ိဳးမွာပါ။ ဒီေတာ့ ပတ္ဝန္းက်င္ကိုလည္း ေျပာင္းလဲပစ္လိုက္ပါ။

၃။ ပိုေကာင္းတဲ့ဟာနဲ႔ အစားထိုး

အက်င့္က စြဲၿမဲေနၿပီျဖစ္လို႔ မလုပ္လို႔မွမေနႏုိင္ဘူးဆိုရင္ အျခားတစ္ခုခုနဲ႔ အစားထိုးၾကည့္ပါ။ ဥပမာ လက္သည္းကိုက္ေနက် ကိုက္မိေတာ့မယ္ဆိုရင္ အသက္ျပင္းျပင္း႐ႈတဲ့ ေလ့က်င့္ခန္း လုပ္ၾကည့္လိုက္ပါ။ ေဆးလိပ္ေသာက္ခ်င္လာရင္ က်န္းမာေရး အေထာက္အကူျပဳတဲ့ အစားအေသာက္ တစ္ခုခု စားၾကည့္လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

 လူတိုင်းဆီမှာ အနည်းဆုံး အကျင့်ဆိုးတစ်ခုတော့ ရှိတတ်ကြပါတယ်။ လက်သည်းကိုက်တာဖြစ်ဖြစ်၊ တီဗီကို မျက်နှာနဲ့ မခွာစတမ်း ကြည့်တတ်တာမျိုး ဖြစ်ဖြစ် စတဲ့ အကျင့်ဆိုးမျိုးတွေပါ။

သင့်မှာ အကျင့်ဆိုး တစ်ခုခုရှိခဲ့ရင် အဲဒီအကျင့်ဆိုးကို ဖျောက်ဖျက်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်း (၃) ခုရှိပါတယ်။ အဆင့် ၃ ဆင့်လို့လည်း ဆိုနိုင်ပါတယ် ။

၁။ စိတ်ပါလက်ပါ ဆုံးဖြတ်

ဒါကို ငါတကယ်မလုပ်တော့ဘူးဆိုတာမျိုး စိတ်ပါလက်ပါ အရင်ဆုံးတွေးကြည့်လိုက်ပါ။ ဘယ်အရာပဲဖြစ်ဖြစ် စိတ်ကူးနဲ့ အရင်စကြည့်ရပါတယ်။ စိတ်လေ့ကျင့်ခန်းနဲ့ အကျင့်ဆိုးကို ဖျောက်ဖျက်တာဟာ သာမန်ထက်ပိုပြီး အကျိုးရှိကြောင်း လေ့လာချက်တစ်ခုက ဖော်ထုတ်ထားပါတယ်။

၂။ ပတ်ဝန်းကျင်ပြောင်း

ဆေးလိပ်မသောက်တော့ဘူး ဆိုပေယ့် ဆေးလိပ်သောက်တဲ့ သူငယ်ချင်းတွေနဲ့ နေ့စဉ်အတူတူရှိနေရင် သင်ပြန်သောက်ဖြစ်ဖို့ ရာနှုန်းများပါတယ်။ အထူးသဖြင့် ဆေးလိပ်ဖြတ်နေတဲ့ ကာလအစပိုင်းမျိုးမှာပါ။ ဒီတော့ ပတ်ဝန်းကျင်ကိုလည်း ပြောင်းလဲပစ်လိုက်ပါ။

၃။ ပိုကောင်းတဲ့ဟာနဲ့ အစားထိုး

အကျင့်က စွဲမြဲနေပြီဖြစ်လို့ မလုပ်လို့မှမနေနိုင်ဘူးဆိုရင် အခြားတစ်ခုခုနဲ့ အစားထိုးကြည့်ပါ။ ဥပမာ လက်သည်းကိုက်နေကျ ကိုက်မိတော့မယ်ဆိုရင် အသက်ပြင်းပြင်းရှုတဲ့ လေ့ကျင့်ခန်း လုပ်ကြည့်လိုက်ပါ။ ဆေးလိပ်သောက်ချင်လာရင် ကျန်းမာရေး အထောက်အကူပြုတဲ့ အစားအသောက် တစ်ခုခု စားကြည့်လိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top