Kantharyar Centre
×

ယောက်ျားလေးတစ်ယောက်အတွက် အချစ်ထက်







Credit : ကောင်လေး

#Unicode Version

ယောကျ်ားလေးတစ်ယောက်အတွက် အချစ်ထက်
အရေးကြီးတာဟာ ကိုယ်ကျင့်တရားရယ် သစ္စာတရားရယ်

မိန်းကလေးတစ်ယောက်အတွက် အချစ်ထက်
အရေးကြီးတာလည်း အရှက်နဲ့သိက္ခာ •••

ချစ်ရင်ပိုင်ဆိုင် ချင်ကြတာမှန်ပေမဲ့ ကိုယ့်ချစ်သူရဲ့
တန်ဖိုး သိက္ခာတွေကို ထိန်းသိမ်းပေးဖို့လည်း လိုသေးတယ်•••

အချစ်ဆိုတာ တကယ်တော့ ဥယျာဉ်မှုးကောင်းတစ်ယောက်
လိုပေါ့ အပင်တပင်ကိုအကောင်းဆုံးပြုစုပျိုးထောင်ပေးရတာ
အဲဒီအပင်ကို ချိုးပစ်ရတာမဟုတ်ဘူး •••

မြင့်မြတ်တဲ့ ချစ်ခြင်းတရားဆိုတာ ချစ်သူရဲ့တန်ဖိုးကို
မြှင့်တင်ပေးတာ သူ့ရဲ့သိက္ခာတရားကို ထိန်းသိမ်းပေးတာ
ကိုယ့်ကြောင့်အပြောအဆိုမခံရစေတာ
သူ့အရှက်ကို ကာကွယ်ပေးတာပါ •••

ချစ်တယ်ဆိုပီး သူ့တန်ဖိုးကိုကျစေ သူ့အရှက်ကိုလည်း
မဲ့စေရင် သင့်အချစ်ဟာ အပေါစားအချစ်ပဲဖြစ်မှာ •••

နှုတ်ခမ်းထက်က သတ်မက်မှု့အနမ်းထက်
နဖူးထက်က အနမ်းဟာ မြင့်မြတ်တဲ့
ချစ်ခြင်းတရား တစ်ခုပါ

ဖိုးသူတော် (www.phothutaw.com)
Credit : ကောင်လေး
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top