Property Expo
×

Bellion ေဗာဒ္ကာဟာ NTX နည္းပညာနဲ႔ ျပဳလုပ္ေရာင္းခ်တဲ့ ကမာၻ႕ပထမဆံုး ေဗာဒ္ကာ ျဖစ္ပါတယ္။

အိႏိၵယ စြန္႔ဦးတီထြင္သူ ဟာရွာ ခ်ီဂူရူပတီက အဆုိပါ နည္းပညာကို ဖန္တီးခဲ့တာျဖစ္ျပီး အရသာကို ထိခိုက္ျခင္းမရွိဘဲ အယ္ကိုေဟာေၾကာင္ျဖစ္တဲ့ အသည္းပ်က္စီးမႈကေန ကာကြယ္ေပးတယ္လို႔ ဆုိပါတယ္။ glycyrrhizin၊  mannitol နဲ႔ ပိုတက္ဆီယမ္ဆာဖိတ္တို႔ကို သံုးကာ ေရာစပ္ထားတာျဖစ္ျပီး အဆိုပါနည္းပညာကိုရရွိဖို႔ ၁၀ ႏွစ္ေက်ာ္ၾကာ ေလ့လာခဲ့ရတယ္လို႔ ဟာရွာက ေျပာထားပါတယ္။

ကမာၻေပၚကလူေတြဟာ အသည္းပ်က္စီးခ်င္လို႔ အရက္ေသာက္တာ မဟုတ္ဘဲ မူးတဲ့ခံစားမႈကိုလိုခ်င္လို႔ ေသာက္ျခင္းျဖစ္တာေၾကာင့္ တစ္ခ်ိန္တည္းမွာ အသည္းကို ကာကြယ္ရင္းေသာက္ႏုိင္ရမယ္လို႔ ဟာရွာက ဆုိပါတယ္။

 အဆုိပါနည္းပညာဟာ သူေၾကြးေၾကာ္တဲ့အတိုင္း လံုျခံဳေၾကာင္း ျပသႏုိင္တဲ့ သိပၸံနည္းက်အေထာက္အထားေတြ ရွိေပမဲ့  ဒီလိုမ်ိဳး ကာကြယ္တယ္လို႔ ခိုင္ခုိင္မာမာတံဆိပ္ကပ္ျခင္းကို အစိုးရက ခြင့္မျပဳပါဘူး။ ဟာရွာခ်ီဂူရူပတီရဲ႕ကုမၸဏီဟာ ဝိုင္နဲ႔ဘီယာလို အျခားအယ္ကိုေဟာပါဝင္တဲ့ ေသာက္သံုးမႈေတြဆီ ျပန္ႏွံ႔မသြားဖို႔အတြက္ကိုလည္း ကန္႔သတ္ထားပါတယ္။

 Bellion Vodka ဟာ အေမရိကန္အမွတ္တံဆိပ္ျဖစ္ျပီး လက္ရွိမွာေတာ့ အေမရိကန္ျပည္နယ္ ၁၅ ခုမွာသာ ဝယ္ယူႏုိင္ဦးမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

Bellion ဗောဒ်ကာဟာ NTX နည်းပညာနဲ့ ပြုလုပ်ရောင်းချတဲ့ ကမ္ဘာ့ပထမဆုံး ဗောဒ်ကာ ဖြစ်ပါတယ်။

အိန္ဒိယ စွန့်ဦးတီထွင်သူ ဟာရှာ ချီဂူရူပတီက အဆိုပါ နည်းပညာကို ဖန်တီးခဲ့တာဖြစ်ပြီး အရသာကို ထိခိုက်ခြင်းမရှိဘဲ အယ်ကိုဟောကြောင်ဖြစ်တဲ့ အသည်းပျက်စီးမှုကနေ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ glycyrrhizin၊  mannitol နဲ့ ပိုတက်ဆီယမ်ဆာဖိတ်တို့ကို သုံးကာ ရောစပ်ထားတာဖြစ်ပြီး အဆိုပါနည်းပညာကိုရရှိဖို့ ၁၀ နှစ်ကျော်ကြာ လေ့လာခဲ့ရတယ်လို့ ဟာရှာက ပြောထားပါတယ်။

ကမ္ဘာပေါ်ကလူတွေဟာ အသည်းပျက်စီးချင်လို့ အရက်သောက်တာ မဟုတ်ဘဲ မူးတဲ့ခံစားမှုကိုလိုချင်လို့ သောက်ခြင်းဖြစ်တာကြောင့် တစ်ချိန်တည်းမှာ အသည်းကို ကာကွယ်ရင်းသောက်နိုင်ရမယ်လို့ ဟာရှာက ဆိုပါတယ်။

အဆိုပါနည်းပညာဟာ သူကြွေးကြော်တဲ့အတိုင်း လုံခြုံကြောင်း ပြသနိုင်တဲ့ သိပ္ပံနည်းကျအထောက်အထားတွေ ရှိပေမဲ့  ဒီလိုမျိုး ကာကွယ်တယ်လို့ ခိုင်ခိုင်မာမာတံဆိပ်ကပ်ခြင်းကို အစိုးရက ခွင့်မပြုပါဘူး။ ဟာရှာချီဂူရူပတီရဲ့ကုမ္ပဏီဟာ ဝိုင်နဲ့ဘီယာလို အခြားအယ်ကိုဟောပါဝင်တဲ့ သောက်သုံးမှုတွေဆီ ပြန်နှံ့မသွားဖို့အတွက်ကိုလည်း ကန့်သတ်ထားပါတယ်။

 Bellion Vodka ဟာ အမေရိကန်အမှတ်တံဆိပ်ဖြစ်ပြီး လက်ရှိမှာတော့ အမေရိကန်ပြည်နယ် ၁၅ ခုမှာသာ ဝယ်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top