Property Expo
×

အလြန္အမင္း အႏုိင္က်င့္ႏိွပ္စက္မႈေတြ မခံႏိုင္ေတာ့တဲ့အဆံုး မိမိတုိ႕ရဲ႔ ခင္ပြန္းသည္ေတြကုိ မီးရိႈ႕သတ္ခဲ့ၾကတဲ့ ဇနီးသည္ေတြ မ်ားစြာ ရိွပါတယ္။ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ခင္ပြန္းျဖစ္သူေတြကို သတ္ျဖတ္ခဲ့တဲ့ ဇနီးသည္ေတြအေၾကာင္း ေဖာ္ျပပါမယ္။ “Burning Bed” လုိ ရုပ္ရွင္ဇာတ္ကားေတြေၾကာင့္ စိတ္ေစ့ေဆာ္မႈျဖစ္ကာ ဇနီးမွ ခင္ပြန္းျဖစ္သူေတြကို မီးရႈိ႕တဲ့ျဖစ္ရပ္တခ်ဳိ႕ရိွပါတယ္။ ဇနီးသည္ေတြအေနနဲ႕ ဘယ္လိုဒုကၡ၊ ျဖစ္ရပ္ဆိုးေတြ ၾကံဳေတြ႕ခဲ့ရလို႕မ်ား ခုလို လုပ္ေဆာင္ခဲ့သလဲဆုိတာ ၾကည့္ရေအာင္။

Kiranjit Ahluwalia

၁၀ ႏွစ္ၾကာ ဆင္းရဲဒုကၡခံစားျပီးေနာက္ ၁၉၈၉ မွာ Kiranjit Ahluwalia ဟာ သူမရဲ႕ ရက္စက္ၾကမ္းၾကဳတ္တဲ့ ခင္ပြန္းသည္ Deepak ကို သတ္ျဖတ္ခဲ့ပါတယ္။ ခင္ပြန္းျဖစ္သူက သူမကို မၾကာခဏ ရုိက္ႏွက္ႏွိပ္စက္ခဲ့ျပီး အတင္းအဓၶမ ျပဳက်င့္ေလ့ရိွပါတယ္။ ဒီစိတ္ဒဏ္ရာေတြေၾကာင့္ သူမဟာ ခင္ပြန္းျဖစ္သူကို မီးေလာင္ႏုိင္တဲ့ ဆုိဒါနဲ႔ ဓာတ္ဆီေရာစပ္ျပီး အိပ္ေနတုန္းအခ်ိန္မွာ မီးရႈိ႕ပစ္ခဲ့တာပါ။ ခုလို မီးရႈိးျပီး ေနာက္ ရက္အနည္းငယ္အၾကာမွာ မီးေလာင္ဒဏ္ရာေတြေၾကာင့္ ခင္ပြန္းျဖစ္သူ ေသဆုံးသြားခဲ့ပါတယ္။

Rajini Narayan

Rajini Narayan ကို ေယာက်္ားလိင္တံ မီးရႈိ႕တဲ့ အမ်ဳိးသမီးလုိ႔ လူသိမ်ားပါတယ္။ ခင္ပြန္း Satish Narayan ဟာ Rajini လုံးဝ သေဘာတူခြင့္မျပဳတဲ့ အခမ္းအနားပြဲတစ္ခုကုိ ျပဳလုပ္ဆင္ႏႊဲခဲ့တာေၾကာင့္ သူ႔လိင္တံကို မီးရိႈ႕ျပီး သင္ခန္းစာေပးဖုိ႔ Rajini က ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ပါတယ္။

Tatanysha Jedman

 ဒီအမ်ဳိးသမီးကေတာ့ ခင္ပြန္းဦးေခါင္းေပၚ ဓာတ္ဆီေလာင္း၊ မီးရိႈ႕မႈနဲ႔ တရားစြဲဆို ခံခဲ့ရတာပါ။ ခင္ပြန္းျဖစ္သူဟာ Tatanysha နဲ႕ အရင္အမ်ိဳးသား ရခဲ့တဲ့ ၇ ႏွစ္အရြယ္ Hedman ဆုိတဲ့ သူမရဲ႕သမီးျဖစ္သူကို အဓမၼျပဳက်င့္ခဲ့တာေၾကာင့္ မီးရႈိ႕သတ္ဖုိ႕ ဆံုးျဖတ္ခဲ့တာပါ။ ခင္ပြန္းျဖစ္သူရဲ႕ ဦးေခါင္းမီးဟုန္းဟုန္းေတာက္လ်က္ၾကီး ထြက္ေျပးႏုိင္ခဲ့ေပမယ့္ မီးျငိမ္းသတ္ေပးဖုိ႔ အကူအညီေတာင္းဆုိရင္းကေန ယုိင္လဲက်သြားခဲ့ပါတယ္။

Michelle Houcks

ခုေျပာျပမယ့္ Michelle Houcks ရဲ႕ ျဖစ္စဥ္ကိုေတာ့ မေတာ္တဆျဖစ္သြားတာလုိ႔ သူမက အခုိင္အမာ ဆုိထားပါတယ္။ Michelle Houcks နဲ႔ ခင္ပြန္းျဖစ္သူတုိ႕ဟာ တစ္မိုးေအာက္မွာ ႏွစ္ေယာက္အတူ ဆက္လက္ေနထုိင္မယ္ဆုိရင္ အခ်င္းခ်င္းသတ္ပစ္ႏိုင္ၾကတဲ့အထိကို အဆင္မေျပျဖစ္ေနတာေၾကာင့္ လမ္းခြဲဖုိ႕ ဆံုးျဖတ္ခဲ့ၾကပါတယ္။ တစ္ေန႔ သူမအျပင္ထြက္ျပီးျပန္အလာမွာ သူမ ရဲ႕အိမ္ထဲ အျခား အမ်ဳိးသမီးတစ္ဦးကို ေတြ႔လိုက္ရတာကေန ခင္ပြန္းျဖစ္သူကို မီးရႈိ႕အျပစ္ေပးဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။ ပထမဆံုး ရန္ျဖစ္စကားမ်ားျပီးတဲ့ေနာက္မွာ သူမက ခင္ပြန္းျဖစ္သူ ရဲ ႔ေခါင္းေပၚကို ဓာတ္ဆီေလာင္းခ်လိုက္ပါတယ္။ အဲ့ဒီေနာက္ႏွစ္ဦးသား ျပသနာတက္၊  နပန္းလုံးေနၾကခ်ိန္မွာပဲ မီးျခစ္မေတာ္တဆ ျခစ္မိလိုက္တာေၾကာင့္ သူမ ခင္ပြန္းေသဆုံးသြားခဲ့တာပါတဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

အလွန်အမင်း အနိုင်ကျင့်နှိပ်စက်မှုတွေ မခံနိုင်တော့တဲ့အဆုံး မိမိတို့ရဲ့ ခင်ပွန်းသည်တွေကို မီးရှို့သတ်ခဲ့ကြတဲ့ ဇနီးသည်တွေ များစွာ ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ခင်ပွန်းဖြစ်သူတွေကို သတ်ဖြတ်ခဲ့တဲ့ ဇနီးသည်တွေအကြောင်း ဖော်ပြပါမယ်။ “Burning Bed” လို ရုပ်ရှင်ဇာတ်ကားတွေကြောင့် စိတ်စေ့ဆော်မှုဖြစ်ကာ ဇနီးမှ ခင်ပွန်းဖြစ်သူတွေကို မီးရှို့တဲ့ဖြစ်ရပ်တချို့ရှိပါတယ်။ ဇနီးသည်တွေအနေနဲ့ ဘယ်လိုဒုက္ခ၊ ဖြစ်ရပ်ဆိုးတွေ ကြုံတွေ့ခဲ့ရလို့များ ခုလို လုပ်ဆောင်ခဲ့သလဲဆိုတာ ကြည့်ရအောင်။

Kiranjit Ahluwalia

၁၀ နှစ်ကြာ ဆင်းရဲဒုက္ခခံစားပြီးနောက် ၁၉၈၉ မှာ Kiranjit Ahluwalia ဟာ သူမရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ခင်ပွန်းသည် Deepak ကို သတ်ဖြတ်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက သူမကို မကြာခဏ ရိုက်နှက်နှိပ်စက်ခဲ့ပြီး အတင်းအဓ္ဓမ ပြုကျင့်လေ့ရှိပါတယ်။ ဒီစိတ်ဒဏ်ရာတွေကြောင့် သူမဟာ ခင်ပွန်းဖြစ်သူကို မီးလောင်နိုင်တဲ့ ဆိုဒါနဲ့ ဓာတ်ဆီရောစပ်ပြီး အိပ်နေတုန်းအချိန်မှာ မီးရှို့ပစ်ခဲ့တာပါ။ ခုလို မီးရှိုးပြီး နောက် ရက်အနည်းငယ်အကြာမှာ မီးလောင်ဒဏ်ရာတွေကြောင့် ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။

Rajini Narayan

Rajini Narayan ကို ယောကျ်ားလိင်တံ မီးရှို့တဲ့ အမျိုးသမီးလို့ လူသိများပါတယ်။ ခင်ပွန်း Satish Narayan ဟာ Rajini လုံးဝ သဘောတူခွင့်မပြုတဲ့ အခမ်းအနားပွဲတစ်ခုကို ပြုလုပ်ဆင်နွှဲခဲ့တာကြောင့် သူ့လိင်တံကို မီးရှို့ပြီး သင်ခန်းစာပေးဖို့ Rajini က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

Tatanysha Jedman

 ဒီအမျိုးသမီးကတော့ ခင်ပွန်းဦးခေါင်းပေါ် ဓာတ်ဆီလောင်း၊ မီးရှို့မှုနဲ့ တရားစွဲဆို ခံခဲ့ရတာပါ။ ခင်ပွန်းဖြစ်သူဟာ Tatanysha နဲ့ အရင်အမျိုးသား ရခဲ့တဲ့ ၇ နှစ်အရွယ် Hedman ဆိုတဲ့ သူမရဲ့သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တာကြောင့် မီးရှို့သတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ခင်ပွန်းဖြစ်သူရဲ့ ဦးခေါင်းမီးဟုန်းဟုန်းတောက်လျက်ကြီး ထွက်ပြေးနိုင်ခဲ့ပေမယ့် မီးငြိမ်းသတ်ပေးဖို့ အကူအညီတောင်းဆိုရင်းကနေ ယိုင်လဲကျသွားခဲ့ပါတယ်။

Michelle Houcks

ခုပြောပြမယ့် Michelle Houcks ရဲ့ ဖြစ်စဉ်ကိုတော့ မတော်တဆဖြစ်သွားတာလို့ သူမက အခိုင်အမာ ဆိုထားပါတယ်။ Michelle Houcks နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ တစ်မိုးအောက်မှာ နှစ်ယောက်အတူ ဆက်လက်နေထိုင်မယ်ဆိုရင် အချင်းချင်းသတ်ပစ်နိုင်ကြတဲ့အထိကို အဆင်မပြေဖြစ်နေတာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တစ်နေ့ သူမအပြင်ထွက်ပြီးပြန်အလာမှာ သူမ ရဲ့အိမ်ထဲ အခြား အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရတာကနေ ခင်ပွန်းဖြစ်သူကို မီးရှို့အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပထမဆုံး ရန်ဖြစ်စကားများပြီးတဲ့နောက်မှာ သူမက ခင်ပွန်းဖြစ်သူ ရဲ့ခေါင်းပေါ်ကို ဓာတ်ဆီလောင်းချလိုက်ပါတယ်။ အဲ့ဒီနောက်နှစ်ဦးသား ပြသနာတက်၊  နပန်းလုံးနေကြချိန်မှာပဲ မီးခြစ်မတော်တဆ ခြစ်မိလိုက်တာကြောင့် သူမ ခင်ပွန်းသေဆုံးသွားခဲ့တာပါတဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top