Property Expo
×







Credit : 7Day Daily

#Unicode Version

 မော်တော်ယာဉ်နံပါတ် ပြားကို မြန်မာအက္ခရာမှ အင်္ဂလိပ် အက္ခရာသို့ပြောင်းလဲတပ်ဆင်ရန် တစ်နိုင်ငံလုံးတွင် ယာဉ်အစီးရေ ရာဂဏန်းခန့် ကျန်ရှိနေသေး ကြောင်း သတင်းရရှိသည်။

 မော်တော်ယာဉ်များတွင် မြန်မာအက္ခရာနံပါတ်မှ အင်္ဂလိပ် အက္ခရာ နံပါတ်သို့ပြောင်းလဲတပ် ဆင်ခြင်းကို ယခုနှစ်ကုန် ဒီဇင်ဘာ နောက်ဆုံးထားပြီး ပြောင်းလဲရ မည်ဖြစ်သည်။

 ယာဉ်နံပါတ်ပြားများအား အင်္ဂလိပ်အက္ခရာသို့ ပြောင်းလဲသည့် စီမံချက်ကို ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ၂၀၁၃ အောက်တိုဘာ ၁၁ ရက်က စတင်ရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။


အင်္ဂလိပ်အက္ခရာပြောင်းလဲ ရန် ကျန်ရှိသည့်ကားများမှာ ယာဉ် အိုယာဉ်ဟောင်းများသာဖြစ်နိုင် ကြောင်း ကညနနေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးက ပြော သည်။

  မြန်မာနံပါတ်ပြားကို အင်္ဂ လိပ်အက္ခရာသို့ မပြောင်းဘဲ မောင်းနှင်နေခြင်းကို တွေ့ရှိရပါက ၂၀၁၅မော်တော်ယာဉ်ဥပဒေအရ လိုင်စင်တစ်နှစ် ပိတ်သိမ်းခြင်းနှင့် ဒဏ်ငွေသုံးသောင်းထက်  မပိုသော ပြစ်ဒဏ်ကို  ချမှတ်နိုင်ကြောင်း သတ်မှတ်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top