Property Expo
×

မိမိကုိယ္မိမိ ကမၻာ့အဆင့္ (၁) တင္းနစ္မယ္အသစ္ အျဖစ္ ေျပာဆုိရသည္မွာ အံ့ၾသ ဖြယ္ေကာင္းသည္ဟု ယူအက္စ္ အုိးပင္းဗုိလ္လုပြဲတက္ေရာက္ သြားေသာ အန္ဂ်လစ္ကာဘာက ေျပာၾကားသည္။

ဂ်ာမနီႏုိင္ငံသူ ကာဘာ (၂၈)ႏွစ္သည္ ယူအက္စ္အုိးပင္းအႀကိဳ ဗိုလ္လုပြဲတြင္ ကာဂုိလမ္းေ၀ၚဇနီ ယက္ကီကုိ အႏုိင္ရရိွခဲ့ၿပီး လက္ ရိွကမၻာ့နံပါတ္ (၁) ဆီရီနာ၀ီလီယံ က လာ႐ုိလီနာပလစ္ကုိဗာကုိ ႐ႈံး နိမ့္ခဲ့ကာ ၁၈၆ ပတ္ၾကာ ထိပ္ဆံုး၌ရပ္တည္မႈ အဆံုးသတ္ခဲ့သည္။

လာမည့္သီတင္းပတ္ ကမၻာ့ အဆင့္မ်ား ေၾကညာခ်ိန္တြင္ ကာဘာသည္ ၁၉၉၆ က စတက္ဖီဂရပ္ဖ္ေနာက္ပုိင္း ဂ်ာမနီႏုိင္ငံမွ ထပ္မံေပၚထြက္လာေသာ ကမၻာ့အဆင့္ (၁) တင္းနစ္မယ္ျဖစ္လာ မည္ျဖစ္သည္။

‘‘ကမၻာေပၚမွာ နံပါတ္ (၁) ျဖစ္လာတယ္ဆုိတာ အံ့ၾသစရာ ေကာင္းပါတယ္’’ဟု ႏုိင္ေျခအ ဆင့္ (၂) ကာဘာက ေျပာသည္။

‘‘စတက္ဖီၿပီးေနာက္ ဂ်ာမနီ က ကမၻာ့အဆင့္ (၁)ျဖစ္လာတာ ကြၽန္မအတြက္ေတာ့ မယံုႏုိင္စရာ ပါပဲ’’ဟု စတက္ဖီဂရပ္ဖ္ေနာက္ ပုိင္း ယူအက္စ္အုိးပင္းဗုိလ္လုပဲြ ပထမဆံုးတက္ေရာက္လာသည့္ ကာဘာက ေျပာၾကားသည္။

ကမၻာ့နံပါတ္ (၁)ျဖစ္လာရာ တြင္ ကာဘာသည္ စတက္ဖီဂ ရပ္ဖ္၏ ဆက္တုိက္နံပါတ္ (၁) သီတင္းပတ္စံခ်ိန္ကိုလည္း ကာ ကြယ္ႏုိင္ခဲ့သည္။ ပလစ္ကုိဗာ ကုိ ႐ႈံးနိမ့္ၿပီးေနာက္ ဆရီနာ၀ီလီ ယံရရိွေသာ ၁၈၆ သီတင္းပတ္ ဆက္တုိက္နံပါတ္ (၁)အျဖစ္ ရပ္ တည္မႈမွာ စတက္ဖီဂရပ္ဖ္၏ စံ ခ်ိန္ႏွင့္အတူတူပင္ျဖစ္သည္။

ၾသစေၾတးလ်အုိးပင္းခ်န္ပီ ယံႏွင့္ ၀င္ဘယ္ဒန္ဒုတိယရထား သူ ကာဘာသည္ စေနေန႔၌ ကစားမည့္ ယူအက္စ္အိုးပင္းဗုိလ္လုပဲြ တြင္ ခ်က္ႏုိင္ငံမွ ပလစ္ကုိဗာႏွင့္ ယွဥ္ၿပိဳင္မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မိမိကိုယ်မိမိ ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ်အသစ် အဖြစ် ပြောဆိုရသည်မှာ အံ့သြ ဖွယ်ကောင်းသည်ဟု ယူအက်စ် အိုးပင်းဗိုလ်လုပွဲတက်ရောက် သွားသော အန်ဂျလစ်ကာဘာက ပြောကြားသည်။

ဂျာမနီနိုင်ငံသူ ကာဘာ (၂၈)နှစ်သည် ယူအက်စ်အိုးပင်းအကြို ဗိုလ်လုပွဲတွင် ကာဂိုလမ်းဝေါ်ဇနီ ယက်ကီကို အနိုင်ရရှိခဲ့ပြီး လက် ရှိကမ္ဘာ့နံပါတ် (၁) ဆီရီနာဝီလီယံ က လာရိုလီနာပလစ်ကိုဗာကို ရှုံး နိမ့်ခဲ့ကာ ၁၈၆ ပတ်ကြာ ထိပ်ဆုံး၌ရပ်တည်မှု အဆုံးသတ်ခဲ့သည်။

လာမည့်သီတင်းပတ် ကမ္ဘာ့ အဆင့်များ ကြေညာချိန်တွင် ကာဘာသည် ၁၉၉၆ က စတက်ဖီဂရပ်ဖ်နောက်ပိုင်း ဂျာမနီနိုင်ငံမှ ထပ်မံပေါ်ထွက်လာသော ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ်ဖြစ်လာ မည်ဖြစ်သည်။

‘‘ကမ္ဘာပေါ်မှာ နံပါတ် (၁) ဖြစ်လာတယ်ဆိုတာ အံ့သြစရာ ကောင်းပါတယ်’’ဟု နိုင်ခြေအ ဆင့် (၂) ကာဘာက ပြောသည်။

‘‘စတက်ဖီပြီးနောက် ဂျာမနီ က ကမ္ဘာ့အဆင့် (၁)ဖြစ်လာတာ ကျွန်မအတွက်တော့ မယုံနိုင်စရာ ပါပဲ’’ဟု စတက်ဖီဂရပ်ဖ်နောက် ပိုင်း ယူအက်စ်အိုးပင်းဗိုလ်လုပွဲ ပထမဆုံးတက်ရောက်လာသည့် ကာဘာက ပြောကြားသည်။

ကမ္ဘာ့နံပါတ် (၁)ဖြစ်လာရာ တွင် ကာဘာသည် စတက်ဖီဂ ရပ်ဖ်၏ ဆက်တိုက်နံပါတ် (၁) သီတင်းပတ်စံချိန်ကိုလည်း ကာ ကွယ်နိုင်ခဲ့သည်။ ပလစ်ကိုဗာ ကို ရှုံးနိမ့်ပြီးနောက် ဆရီနာဝီလီ ယံရရှိသော ၁၈၆ သီတင်းပတ် ဆက်တိုက်နံပါတ် (၁)အဖြစ် ရပ် တည်မှုမှာ စတက်ဖီဂရပ်ဖ်၏ စံ ချိန်နှင့်အတူတူပင်ဖြစ်သည်။

သြစတြေးလျအိုးပင်းချန်ပီ ယံနှင့် ဝင်ဘယ်ဒန်ဒုတိယရထား သူ ကာဘာသည် စနေနေ့၌ ကစားမည့် ယူအက်စ်အိုးပင်းဗိုလ်လုပွဲ တွင် ချက်နိုင်ငံမှ ပလစ်ကိုဗာနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top