Property Expo
×

လူအမ်ားစုဟာ ဝုိင္ေကာင္းတစ္ခြက္ (ႏွစ္ခြက္ သုိ႔မဟုတ္ သုံးခြက္) ေလာက္ကုိေတာ့ အရသာခံသာက္ခ်င္တတ္ၾကပါတယ္။ အရက္နာက်တာနဲ႔ပတ္သက္ရင္ ဝုိင္နီက အဆိုးဆုံးျဖစ္ပါတယ္။ ဒါေပမယ့္ ယခုအခါမွာ ဝိုင္နီက အရက္နာက်ေစတဲ့ ပါဝင္ပစၥည္းအားလုံး ဖယ္ရွားေပးႏုိင္တဲ့ ပစၥည္းရိွေနျပီလုိ႔ အခုိင္အမာဆုိတဲ့ ထုတ္ကုန္တစ္ခုရိွပါတယ္။ အိမ္မက္ေတြ တကယ္ျဖစ္လာတယ္ဆုိရမလား။ The Wand လုိ႔ လိုက္ဖက္စြာ နာမည္ေပးထားတဲ့ အဲဒီပစၥည္းကိရိယာကို အေမရိကႏုိင္ငံ Texas ျပည္နယ္ အေျခစုိက္ Pure Wine, Inc., မွ ေရာင္းခ်ထားတာပါ။ 

ဒီလို ေမွာ္ဆန္ဆန္ ဆန္းျပားတဲ့ကိရိယာက ဘယ္လုိအက်ဳိးသက္ေရာက္မႈေပးသလဲ  

-       တုတ္ကို ဝုိင္ခြက္ထဲထည့္

-       ခြက္ထဲထည့္ ေမႊျပီး အနည္းဆုံး ၃ မိနစ္ စိမ္ထားပါ။ မၾကာခင္ တုတ္ကေန အစြမ္းျပလာပါလိမ့္မယ္။

-       ဇိမ္က်က်နဲ႔ ဝုိင္ကို အရသာခံေသာက္ပါ။

ကုမၸဏီဝက္ဘ္ဆုိဒ္အရ ဒီေမွာ္တုတ္/ဇြန္း The Wand ကို "nano-pore resin technology" လုိ႔ ေခၚဆုိေၾကာင္းလည္း သိရပါတယ္။ ဖန္ခြက္ထဲရိွ ဝုိင္နဲ႔ထိလုိက္တာနဲ႔ မလုိလားအပ္တဲ့ histamines နဲ႔ sulfite ေတြကို သီးသန္႔စုစည္းေပးပါတယ္။ စပ်စ္ဝုိင္ေၾကာင့္ အရက္နာက်မႈျဖစ္တာက ဝုိင္မွာ သဘာဝအေလ်ာက္ရိွေနတဲ့ histamines ေၾကာင့္ တစ္စိတ္တစ္ေဒသပါဝင္ပါတယ္။ ေနာက္ ဝုိင္ထားသိုႏုိင္တဲ့ သက္တမ္းပိုၾကာေအာင္ ထည့္တဲ့ sulfites ကလည္း  မအီမသာပ်ဳိ႕အန္ခ်င္စိတ္ျဖစ္ေစတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
လူအများစုဟာ ဝိုင်ကောင်းတစ်ခွက် (နှစ်ခွက် သို့မဟုတ် သုံးခွက်) လောက်ကိုတော့ အရသာခံသာက်ချင်တတ်ကြပါတယ်။ အရက်နာကျတာနဲ့ပတ်သက်ရင် ဝိုင်နီက အဆိုးဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ယခုအခါမှာ ဝိုင်နီက အရက်နာကျစေတဲ့ ပါဝင်ပစ္စည်းအားလုံး ဖယ်ရှားပေးနိုင်တဲ့ ပစ္စည်းရှိနေပြီလို့ အခိုင်အမာဆိုတဲ့ ထုတ်ကုန်တစ်ခုရှိပါတယ်။ အိမ်မက်တွေ တကယ်ဖြစ်လာတယ်ဆိုရမလား။ The Wand လို့ လိုက်ဖက်စွာ နာမည်ပေးထားတဲ့ အဲဒီပစ္စည်းကိရိယာကို အမေရိကနိုင်ငံ Texas ပြည်နယ် အခြေစိုက် Pure Wine, Inc., မှ ရောင်းချထားတာပါ။

ဒီလို မှော်ဆန်ဆန် ဆန်းပြားတဲ့ကိရိယာက ဘယ်လိုအကျိုးသက်ရောက်မှုပေးသလဲ 

-       တုတ်ကို ဝိုင်ခွက်ထဲထည့်

-       ခွက်ထဲထည့် မွှေပြီး အနည်းဆုံး ၃ မိနစ် စိမ်ထားပါ။ မကြာခင် တုတ်ကနေ အစွမ်းပြလာပါလိမ့်မယ်။

-       ဇိမ်ကျကျနဲ့ ဝိုင်ကို အရသာခံသောက်ပါ။

ကုမ္ပဏီဝက်ဘ်ဆိုဒ်အရ ဒီမှော်တုတ်/ဇွန်း The Wand ကို "nano-pore resin technology" လို့ ခေါ်ဆိုကြောင်းလည်း သိရပါတယ်။ ဖန်ခွက်ထဲရှိ ဝိုင်နဲ့ထိလိုက်တာနဲ့ မလိုလားအပ်တဲ့ histamines နဲ့ sulfite တွေကို သီးသန့်စုစည်းပေးပါတယ်။ စပျစ်ဝိုင်ကြောင့် အရက်နာကျမှုဖြစ်တာက ဝိုင်မှာ သဘာဝအလျောက်ရှိနေတဲ့ histamines ကြောင့် တစ်စိတ်တစ်ဒေသပါဝင်ပါတယ်။ နောက် ဝိုင်ထားသိုနိုင်တဲ့ သက်တမ်းပိုကြာအောင် ထည့်တဲ့ sulfites ကလည်း  မအီမသာပျို့အန်ချင်စိတ်ဖြစ်စေတတ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top