Property Expo
×

အဘိဓမ္မာသင်တန်းတတိယနှစ်သင်ယူနေတဲ့ စိုးမြတ်နန္ဒာက ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ သင်ကြားတဲ့ အဘိဓမ္မာအနှစ်ချုပ် အပိုင်း- ၁၊ အပိုင်း- ၂ သင်တန်း ကို ပြင်ဦးလွင်မှာ ရက် ၂ဝ ကြာသွားရောက်သင်ယူခဲ့ပါတယ်။

“အဲဒီမှာ လူက အယောက် ၂ဝဝ၊ ၃ဝဝ လောက်ရှိတယ်။ ဓမ္မမိတ်ဆွေတွေ အများကြီး တိုးလာတယ်။ အဲဒီလိုနေရာမျိုးမှာ အကုသိုလ်ဆိုတာ မရှိသလောက်ပဲ။ အကုန်လုံးက ကုသိုလ် ရေးနဲ့ပဲ ဘုန်းဘုန်းရဲ့အရိပ်အောက်မှာနေရတာ။ ဘယ်နေရာပဲကြည့်ကြည့် စိတ်ချမ်းသာစရာ တွေချည်းပဲ။ သူငယ် ချင်း မိတ်ဆွေတွေလည်း အများကြီး တိုးလာတယ်။ ဘုန်းဘုန်းကတော့ တစ်နှစ်ကို ဒီလိုဝါတွင်းတစ်ခေါက်ပဲသင်တယ်။ တစ်ခါသင်ရင် ၁ဝ ရက်နဲ့ ဒီနှစ်တော့ ၄ ပိုင်း၊ ရက်ပေါင်း ၄ဝ သင်တယ်။ အစ်မတို့ကတော့ အစ်မတို့ ဥာဏ်မီတဲ့ အဘိဓမ္မာအပိုင်း ၁ နဲ့ ၂ နဲ့ ရက် ၂ဝ ကိုပဲ သင်တယ်” လို့ ပြင်ဦးလွင်မှာ သင်ယူခဲ့တဲ့ အဘိဓမ္မာသင်တန်းနဲ့ ပတ်သက်ပြီး စိုးမြတ်နန္ဒာက ပြောပါတယ်။ ဒီသင်တန်းကို သရုပ်ဆောင် စိုးသူလည်း လာရောက်သင်ယူခဲ့တာကို တွေ့ရပြီး စိုးသူနဲ့ သင်တန်းတက်ဖြစ်ပုံကိုတော့ စိုးမြတ်နန္ဒာက..

14359085_1113068182106922_8570160541918082271_n

“အစ်ကိုနဲ့အတူသင်ဖြစ်တာပေါ့။ သူလည်း ဝါသနာပါတယ်လေ။ ဘုန်းဘုန်းကြီးကိုလည်း ကြည်ညို တယ်။ အခု ကိုပေါက်စ (စိုးသူ) က တော့ ဓမ္မဗျူဟာမှာ စနစ်တကျ စသင်နေပါတယ်” လို့ ပြောပါတယ်။ အဘိဓမ္မာကို လူတိုင်းသင်ယူစေချင်တယ်လို့ဆိုတဲ့ စိုးမြတ်နန္ဒာက..

“လူတွေအကုန်လုံးက အဘိဓမ္မာဆိုတာ ပါဠိတွေသင်မယ်၊ ငါတော့ ဥာဏ်မမီဘူးလို့ ထင်ကြတယ်။ အမှန်တကယ်က မဟုတ်ပါဘူး။ လူတိုင်းသင်လို့ရတယ်။ ဥာဏ်မီတာ၊ မမီတာနဲ့ မဆိုင်ဘူး။ ဘယ်သူ့ကိုမဆို လာသင်ပါဆိုပြီး အစ်မကတော့ အားပေးတယ်။ အစ်မတို့လည်း ဥာဏ်ကောင်းတဲ့အထဲမှာ မပါဘူး။ ဒါပေမဲ့ သင်ရင် ဘယ်သူမဆို တတ်တယ်။ စာမေးပွဲဖြေဖို့၊ မဖြေဖို့ အဓိကမဟုတ်ဘူး။ စာမေးပွဲဖြေတာက စာဘယ်လောက်ရလဲ၊ မရလဲ စစ်တာတစ်ခုပဲ” လို့ ပြောပါတယ်။ စိုးမြတ်နန္ဒာက လတ်တလောမှာ အချစ်ရေးနဲ့ပတ်သက်ပြီး
ထူးထူးခြားခြား မရှိသေးဘဲ ထူးရင်ပြောပြပါမယ်လို့ ဆိုပါတယ်။
အခုလောလောဆယ်မှာတော့ ပိုးထည်ဆိုင် အလုပ်နဲ့ အဘိဓမ္မာစာ သင်ယူနေပြီး နောက်နှစ်မှ ဝိတ်လျှော့ပြီး ဇာတ်ကားတွေ ရိုက်ကူးမယ်လို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Popular Journal
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top