Kantharyar Centre
×

                                            ဓာတ္ပံု - Bangkok Post




Credit:5 Plus News

#Unicode Version
 ဓာတ်ပုံ - Bangkok Post


မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးဆီကနေ ဘတ်(၆)သိန်းခန့်တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေ လုယူသွားတဲ့ထိုင်းနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့မှာဖမ်းဆီးလိုက်ပါတယ်။

ဒီလ (၃)ရက်က စားသောက်ဆိုင်တစ်ခုမှာ လုယက်ခံခဲ့ရတာဖြစ်ပြီး လုယက်သူဟာ အသက်(၂၇)နှစ်ခန့်ရှိပါတယ်။ လုယက်ခံရသူဟာ အင်္ဂလန်မှာသူနာပြုလုပ်ကိုင်တဲ့သူဖြစ်ပြီး မကြာသေးခင်အချိန် ကမှ မြန်မာနိုင်ငံမှာမင်္ဂလာပွဲ ကျင်းပခဲ့သူဖြစ်ပါတယ်။

 လုယက်ခံရတဲ့ လက်ဝတ်ရတနာတွေဟာ မင်္ဂလာလက်ဖွဲ့တွေဖြစ်တယ်လို့လည်း သိရပါတယ်။ လုယက်သူကိုဖမ်းမိတဲ့အချိန်မှာ လက်ဝတ်ရတနာတွေအပြင် ဘဏ်စာအုပ်ကိုပါ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:5 Plus News
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top