Kantharyar Centre
×


မုန္႔ဆုိင္အတြင္းမွာ မိန္းကေလးခ်စ္သူနဲ႔ ေရခဲမုန္႔စားေနတဲ့ အမ်ိဳးသားတစ္ဦးကို ေသနတ္သမားတစ္ဦးက ဝင္ေရာက္ပစ္ခတ္မႈ ဘရာဇီးမွာ ျဖစ္ပြားခဲ့ပါတယ္။

႐ုပ္သံမွတ္တမ္းအရ အဝါေရာင္အက်ႌဝတ္ဆင္ထားတဲ့ အမ်ိဳးသားဟာ ထုိင္ခံုမွာ သူ႔ရဲ႕ခ်စ္သူနဲ႔ထိုင္ေနခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ဆုိင္ကယ္စီးဦးထုပ္ေဆာင္းထားတဲ့ ေသနတ္သမားက ဝင္ေရာက္ၿပီး အဆိုပါအမ်ိဳးသားကို ပစ္ခတ္ခဲ့တာျဖစ္ပါတယ္။ ေသနတ္ပစ္ခ်ိန္မွာ အဆိုပါအမ်ိဳးသားရဲ႕ ခ်စ္သူအပါအဝင္ ေဘးဝုိင္းကလူေတြအားလံုး ထြက္ေျပးသြားခဲ့ၾကပါတယ္။

စကၠ႔န္ပိုင္းအၾကာမွာေတာ့ အပစ္ခံရတဲ့ အမ်ိဳးသားရဲ႕ခ်စ္သူ ျပန္ေရာက္လာၿပီး သူ႔ရဲ႕ခ်စ္သူကို ျပန္ရွာခဲ့တာေတြ႔ရပါတယ္။ ဒါေပမယ့္ စီစီတီဗီျမင္ကြင္းထဲမွာ ေတာ့ေသနတ္အပစ္ခံရတဲ့ အမ်ိဳးသားဟာ ေပ်ာက္ကြယ္ေနခဲ့ပါတယ္။ သူ႔ကို ေဆး႐ံုပို႔ခဲ့ေပမယ့္ ေသနတ္ဒဏ္ရာေတြဟာ ေခါင္း၊ ရင္ဘတ္၊ မ်က္ႏွာနဲ႔ လက္ေတြမွာ ရရွိခဲ့ၿပီးေသဆံုးသြားခဲ့တယ္လို႔ ဆိုပါတယ္။

ျပည္တြင္းမီဒီယာအခ်ိဳ႕ရဲ႕ အဆုိအရ မူးယစ္ေဆးဝါး အေရာင္းအဝယ္ကိစၥနဲ႔ပတ္သတ္ၿပီး ဒီလိုလုပ္ခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

မုန့်ဆိုင်အတွင်းမှာ မိန်းကလေးချစ်သူနဲ့ ရေခဲမုန့်စားနေတဲ့ အမျိုးသားတစ်ဦးကို သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်မှု ဘရာဇီးမှာ ဖြစ်ပွားခဲ့ပါတယ်။

ရုပ်သံမှတ်တမ်းအရ အဝါရောင်အကျႌဝတ်ဆင်ထားတဲ့ အမျိုးသားဟာ ထိုင်ခုံမှာ သူ့ရဲ့ချစ်သူနဲ့ထိုင်နေခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားတဲ့ သေနတ်သမားက ဝင်ရောက်ပြီး အဆိုပါအမျိုးသားကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သေနတ်ပစ်ချိန်မှာ အဆိုပါအမျိုးသားရဲ့ ချစ်သူအပါအဝင် ဘေးဝိုင်းကလူတွေအားလုံး ထွက်ပြေးသွားခဲ့ကြပါတယ်။

စက္က့န်ပိုင်းအကြာမှာတော့ အပစ်ခံရတဲ့ အမျိုးသားရဲ့ချစ်သူ ပြန်ရောက်လာပြီး သူ့ရဲ့ချစ်သူကို ပြန်ရှာခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် စီစီတီဗီမြင်ကွင်းထဲမှာ တော့သေနတ်အပစ်ခံရတဲ့ အမျိုးသားဟာ ပျောက်ကွယ်နေခဲ့ပါတယ်။ သူ့ကို ဆေးရုံပို့ခဲ့ပေမယ့် သေနတ်ဒဏ်ရာတွေဟာ ခေါင်း၊ ရင်ဘတ်၊ မျက်နှာနဲ့ လက်တွေမှာ ရရှိခဲ့ပြီးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမီဒီယာအချို့ရဲ့ အဆိုအရ မူးယစ်ဆေးဝါး အရောင်းအဝယ်ကိစ္စနဲ့ပတ်သတ်ပြီး ဒီလိုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top