ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

27.9.2016 ရက္ေန႔ နံနက္ 7:30 အခ်ိန္ ေမာ္လျမိဳင္ျမိဳ႕ ေျမနီကုန္းရပ္ကြက္ ဓမၼရိပ္သာ ဘုန္းႀကီးေက်ာင္းဝင္း အတြင္းရွိ ေရတြင္းထဲတြင္ အသက္ ၁၂ ႏွစ္အရြယ္ အမ်ိဳးသမီးငယ္ တစ္ဦး၏ အေလာင္းတေလာင္း ေပၚခဲ႔ပါသည္။


ထိုအမ်ိဳးသမီးငယ္မွာ ေျမနီကုန္းရပ္ကြက္ နယ္ေျမ (၅) မင္းႀကီးလမ္း ကရင္စုရပ္ေန (ဘ) ဦးေမာင္ေက်ာ္ ၏ သမီးျဖစ္သူ မႏိုးငယ္ငယ္ အသက္ (၁၂) ႏွစ္ ကုန္စိမ္းေရာင္းသူ ျဖစ္ေၾကာင္း သိရွိရျပီး တနဂၤေႏြေန႔ ညေနပိုင္း ေလာက္ထဲက ေပ်ာက္ဆုံးေနသူ ျဖစ္ေၾကာင္း မိသားစုဝင္မ်ားထံမွ စုံစမ္း သိရွိရပါသည္။


အခင္းျဖစ္ရပ္သို႔ ဖုန္းသတင္းရရခ်င္း ေမာ္လျမိဳင္ လူမႈ႕ကယ္ဆယ္ေရး RESCUE အဖြဲ႔မွ ေရာက္ရွိခဲ႔ျပီး သက္ဆိုင္ရာ နယ္ေျမရဲစခန္း သို႔ ဖုန္းဆက္ အေၾကာင္းၾကား ေပးခဲ႔ရာ ဒိုင္းဝန္ကြင္း ရဲစခန္းမႈး ရဲအုပ္ေအာင္ေက်ာ္ေထြး ႏွင္႔ အဖြဲ႔မွ ေရာက္ရွိစစ္ေဆး ျပီးေနာက္ ေမာ္လျမိဳင္ Rescue အဖြဲ႔ဝင္မ်ားမွ ရပ္ကြက္ေန ျပည္သူမ်ားႏွင္႔ ပူးေပါင္းကာ အေလာင္းအား ေရတြင္းထဲမွ ဆယ္တင္ျပီး ေမာ္လျမိဳင္ ေတာင္ေပၚလမ္းေလ်ာက္ ေစတနာ နာ/ကူ အသင္း ကားျဖင္႔ ေမာ္လျမိဳင္ ျပည္သူ႔ေဆးရုံႀကီး OPD မွ တဆင္႔ ရင္ခြဲရုံသို႔ ပို႔ေဆာင္ ကူညီေပးခဲ႔ပါသည္။

ျဖစ္စဥ္ႏွင္႔ ပတ္သတ္၍ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္/မဟုတ္ ဒိုင္းဝန္ကြင္း ရဲစခန္းမွ ေသမႈ႕ေသခင္း ဖြင္႔လွစ္ကာ စစ္ေဆး ေဆာင္ရြက္လ်ွက္ ရွိေၾကာင္း သိရွိရပါသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
27.9.2016 ရက်နေ့ နံနက် 7:30 အချိန် မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် ဓမ္မရိပ်သာ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ရေတွင်းထဲတွင် အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး၏ အလောင်းတလောင်း ပေါ်ခဲ့ပါသည်။

ထိုအမျိုးသမီးငယ်မှာ မြေနီကုန်းရပ်ကွက် နယ်မြေ (၅) မင်းကြီးလမ်း ကရင်စုရပ်နေ (ဘ) ဦးမောင်ကျော် ၏ သမီးဖြစ်သူ မနိုးငယ်ငယ် အသက် (၁၂) နှစ် ကုန်စိမ်းရောင်းသူ ဖြစ်ကြောင်း သိရှိရပြီး တနင်္ဂနွေနေ့ ညနေပိုင်း လောက်ထဲက ပျောက်ဆုံးနေသူ ဖြစ်ကြောင်း မိသားစုဝင်များထံမှ စုံစမ်း သိရှိရပါသည်။


အခင်းဖြစ်ရပ်သို့ ဖုန်းသတင်းရရချင်း မော်လမြိုင် လူမှု့ကယ်ဆယ်ရေး RESCUE အဖွဲ့မှ ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်း သို့ ဖုန်းဆက် အကြောင်းကြား ပေးခဲ့ရာ ဒိုင်းဝန်ကွင်း ရဲစခန်းမှုး ရဲအုပ်အောင်ကျော်ထွေး နှင့် အဖွဲ့မှ ရောက်ရှိစစ်ဆေး ပြီးနောက် မော်လမြိုင် Rescue အဖွဲ့ဝင်များမှ ရပ်ကွက်နေ ပြည်သူများနှင့် ပူးပေါင်းကာ အလောင်းအား ရေတွင်းထဲမှ ဆယ်တင်ပြီး မော်လမြိုင် တောင်ပေါ်လမ်းလျောက် စေတနာ နာ/ကူ အသင်း ကားဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီး OPD မှ တဆင့် ရင်ခွဲရုံသို့ ပို့ဆောင် ကူညီပေးခဲ့ပါသည်။


ဖြစ်စဉ်နှင့် ပတ်သတ်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ဒိုင်းဝန်ကွင်း ရဲစခန်းမှ သေမှု့သေခင်း ဖွင့်လှစ်ကာ စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top