Property Expo
×

လူတခ်ဳိ႕က ကိုယ့္ရဲ႕ relationship အေျခအေနအတြက္ ေတြးၿပီးပူၾကတယ္။ ဒီအရြယ္အထိ ရည္းစားမရေသးဘူး၊ ဒီအရြယ္အထိ အိမ္ေထာင္မက်ေသးဘူး စသျဖင့္ သူမ်ားအတြဲေတြ၊ ေပ်ာ္ရႊင္ေနတဲ့ အိမ္ေထာင္ေရးေတြကို ၾကည့္ၿပီး ကိုယ့္ကိုကိုယ္ မခ်င့္မရဲေတြ ျဖစ္တတ္ၾကတယ္။ ဒါေပမဲ့ စိတ္ပ်က္စရာ အခ်စ္ေရးေတြ၊ အိမ္ေထာင္ေရးေတြလည္း ရွိတယ္ဆုိတာကို သင္သတိရပါ။ တကယ္လို႔ သင့္မွာ ေအာက္မွာ ေဖာ္ျပထားတဲ့ အခ်က္ေတြသာ မရွိရင္ သင့္အခ်စ္ေရးက မသာယာႏုိင္သလို ဒီအခ်က္ေတြကို အာ႐ံုစိုက္လုိက္မယ္ဆုိရင္လည္း သင့္အတြက္ တကယ္အေရးပါတာကို သင္ရွာေဖြေတြ႕ရွိသြားမွာပါ။

၁။ သင့္ရဲ႕ကိုယ္ပိုင္တန္ဖိုး
ရည္းစားက ကိုယ့္ကို ဘယ္လိုထင္ျမင္ယူဆတယ္ဆုိတာထက္ သင့္ကိုယ္သင္ တန္ဖိုးထားဖုိ႔က အမ်ားႀကီးပိုအေရးႀကီးပါတယ္။ ကိုယ္က တကယ္ဆြဲေဆာင္မႈရွိတဲ့သူ၊ တန္ဖိုးရွိတဲ့သူလုိ႔ သင့္ကိုယ္သင္မထင္ဘူးဆုိရင္ ရည္းစားထားလည္း သင့္အေတြးေတြ ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ ဘာေတြျဖစ္လာမယ္ဆုိတာ မသိႏိုင္တဲ့ဘဝမွာ ဘာပဲျဖစ္ျဖစ္ တစ္ေယာက္တည္းလည္း ေနႏုိင္တဲ့သူ ျဖစ္ဖုိ႔ လုိပါတယ္။

၂။ တျခားသူေတြကို သင္ဆက္္ဆံတဲ့ပံုစံ
သင္ဟာ လူေတြကို အထင္မႀကီးသလို အဖက္မတန္သလို ဆက္ဆံတတ္သူ ဒါမွမဟုတ္ အႏုိင္က်င့္တတ္သူဆုိရင္ သင့္ကိုခ်စ္တဲ့သူနဲ႔ေတြ႕လည္း ဘယ္လိုမွ မေကာင္းႏုိင္ပါဘူး။ သင္ဟာ ၾကင္နာတတ္သူ၊ သူမ်ားအေပၚ နားလည္တတ္သူျဖစ္မွသာ လူေတြရဲ႕ ခ်စ္ခင္မႈကို ရမွာျဖစ္သလို ႏွစ္လိုဖြယ္ေကာင္းတဲ့ ခ်စ္သူတစ္ေယာက္လည္း ျဖစ္လာမွာပါ။

၃။ သင့္ရဲ႕ပန္းတိုင္ေတြ
သင့္မွာ လုပ္စရာေတြရွိတယ္၊ ေတြ႕ရမယ့္လူေတြရွိတယ္၊ အေကာင္အထည္ေဖာ္ရမယ့္ အိပ္မက္ေတြရွိပါတယ္။ ရည္းစားအတြက္နဲ႔ ဒါေတြအားလံုးကို ေဘးဖယ္မထားသင့္ပါဘူး။ တကယ္လုိ႔ သူသာ သင္နဲ႔ ထိုက္တန္သူဆုိရင္ သင့္ပန္းတုိင္ေတြေရာက္ဖို႔အတြက္ အားေပးမယ့္သူ ျဖစ္ရပါမယ္။

၄။ သင့္ရဲ႕ ေပ်ာ္ရႊင္မႈ
Single ေတြထဲမွာေရာ၊ ရည္းစားေတြ အိမ္ေထာင္ေတြရွိတဲ့သူေတြထဲမွာေရာ ဘဝကို စိတ္ပ်က္ေနသူေတြ အမ်ားႀကီးပါ။ အဲဒီလုိပဲ ေပ်ာ္ရႊင္ေနသူေတြလည္း ရွိပါတယ္။ ရည္းစားရွိတာ၊ အိမ္ေထာင္ရွိိတာနဲ႔ သင္ေပ်ာ္ရႊင္ရမွာ မဟုတ္ပါဘူး။ သင့္ဘဝကို သင္ေပ်ာ္ရႊင္ဖုိ႔ကသာ အေရးႀကီးဆံုးအရာပါပဲ။ တစ္ကိုယ္တည္းေနရတာကို သင္ပိုေပ်ာ္တယ္ဆုိရင္ တစ္ကိုယ္တည္းသာ ေနလုိက္ပါ။

၅။ သင့္ရဲ႕က်န္းမာေရး
စိတ္က်န္းမာေရးေရာ ကိုယ္က်န္းမာေရးေရာ ပါပါတယ္။ ခ်စ္သူရည္းစားဆုိတာ တစ္ေယာက္အဆင္မေျပရင္ တစ္ေယာက္ ေျပာင္းလုိ႔ရေပမဲ့ တစ္သက္မွာ ဒီခႏၶာကိုယ္တစ္ခုပဲ သင္ရတာပါ။ အဲဒီေတာ့ သင့္ခႏၶာကိုယ္ကို ခ်စ္ပါ၊ ဂ႐ုစိုက္ပါ။ ကိုယ့္ကို စိတ္ဆင္းရဲ၊ ကိုယ္ဆင္းရဲျဖစ္ေအာင္ လုပ္ေနသူနဲ႔ ဘာအေၾကာင္းနဲ႔မွ အတူေနစရာ အေၾကာင္းမရွိပါဘူး။ သင့္ကိုယ္သင္ သိမ္ငယ္ေစတဲ့သူ၊ သင့္ကို စိတ္ဒုကၡေပးသူနဲဲ႔ အတူရွိေနရတာထက္ တစ္ေယာက္တည္းေနရတဲ့ဘဝက ပိုေကာင္းပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

လူတချို့က ကိုယ့်ရဲ့ relationship အခြေအနေအတွက် တွေးပြီးပူကြတယ်။ ဒီအရွယ်အထိ ရည်းစားမရသေးဘူး၊ ဒီအရွယ်အထိ အိမ်ထောင်မကျသေးဘူး စသဖြင့် သူများအတွဲတွေ၊ ပျော်ရွှင်နေတဲ့ အိမ်ထောင်ရေးတွေကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မချင့်မရဲတွေ ဖြစ်တတ်ကြတယ်။ ဒါပေမဲ့ စိတ်ပျက်စရာ အချစ်ရေးတွေ၊ အိမ်ထောင်ရေးတွေလည်း ရှိတယ်ဆိုတာကို သင်သတိရပါ။ တကယ်လို့ သင့်မှာ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေသာ မရှိရင် သင့်အချစ်ရေးက မသာယာနိုင်သလို ဒီအချက်တွေကို အာရုံစိုက်လိုက်မယ်ဆိုရင်လည်း သင့်အတွက် တကယ်အရေးပါတာကို သင်ရှာဖွေတွေ့ရှိသွားမှာပါ။

၁။ သင့်ရဲ့ကိုယ်ပိုင်တန်ဖိုး
ရည်းစားက ကိုယ့်ကို ဘယ်လိုထင်မြင်ယူဆတယ်ဆိုတာထက် သင့်ကိုယ်သင် တန်ဖိုးထားဖို့က အများကြီးပိုအရေးကြီးပါတယ်။ ကိုယ်က တကယ်ဆွဲဆောင်မှုရှိတဲ့သူ၊ တန်ဖိုးရှိတဲ့သူလို့ သင့်ကိုယ်သင်မထင်ဘူးဆိုရင် ရည်းစားထားလည်း သင့်အတွေးတွေ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဘာတွေဖြစ်လာမယ်ဆိုတာ မသိနိုင်တဲ့ဘဝမှာ ဘာပဲဖြစ်ဖြစ် တစ်ယောက်တည်းလည်း နေနိုင်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။

၂။ တခြားသူတွေကို သင်ဆက်ဆံတဲ့ပုံစံ
သင်ဟာ လူတွေကို အထင်မကြီးသလို အဖက်မတန်သလို ဆက်ဆံတတ်သူ ဒါမှမဟုတ် အနိုင်ကျင့်တတ်သူဆိုရင် သင့်ကိုချစ်တဲ့သူနဲ့တွေ့လည်း ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ သင်ဟာ ကြင်နာတတ်သူ၊ သူများအပေါ် နားလည်တတ်သူဖြစ်မှသာ လူတွေရဲ့ ချစ်ခင်မှုကို ရမှာဖြစ်သလို နှစ်လိုဖွယ်ကောင်းတဲ့ ချစ်သူတစ်ယောက်လည်း ဖြစ်လာမှာပါ။

၃။ သင့်ရဲ့ပန်းတိုင်တွေ
သင့်မှာ လုပ်စရာတွေရှိတယ်၊ တွေ့ရမယ့်လူတွေရှိတယ်၊ အကောင်အထည်ဖော်ရမယ့် အိပ်မက်တွေရှိပါတယ်။ ရည်းစားအတွက်နဲ့ ဒါတွေအားလုံးကို ဘေးဖယ်မထားသင့်ပါဘူး။ တကယ်လို့ သူသာ သင်နဲ့ ထိုက်တန်သူဆိုရင် သင့်ပန်းတိုင်တွေရောက်ဖို့အတွက် အားပေးမယ့်သူ ဖြစ်ရပါမယ်။

၄။ သင့်ရဲ့ ပျော်ရွှင်မှု
Single တွေထဲမှာရော၊ ရည်းစားတွေ အိမ်ထောင်တွေရှိတဲ့သူတွေထဲမှာရော ဘဝကို စိတ်ပျက်နေသူတွေ အများကြီးပါ။ အဲဒီလိုပဲ ပျော်ရွှင်နေသူတွေလည်း ရှိပါတယ်။ ရည်းစားရှိတာ၊ အိမ်ထောင်ရှိတာနဲ့ သင်ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ သင့်ဘဝကို သင်ပျော်ရွှင်ဖို့ကသာ အရေးကြီးဆုံးအရာပါပဲ။ တစ်ကိုယ်တည်းနေရတာကို သင်ပိုပျော်တယ်ဆိုရင် တစ်ကိုယ်တည်းသာ နေလိုက်ပါ။

၅။ သင့်ရဲ့ကျန်းမာရေး
စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးရော ပါပါတယ်။ ချစ်သူရည်းစားဆိုတာ တစ်ယောက်အဆင်မပြေရင် တစ်ယောက် ပြောင်းလို့ရပေမဲ့ တစ်သက်မှာ ဒီခန္ဓာကိုယ်တစ်ခုပဲ သင်ရတာပါ။ အဲဒီတော့ သင့်ခန္ဓာကိုယ်ကို ချစ်ပါ၊ ဂရုစိုက်ပါ။ ကိုယ့်ကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် လုပ်နေသူနဲ့ ဘာအကြောင်းနဲ့မှ အတူနေစရာ အကြောင်းမရှိပါဘူး။ သင့်ကိုယ်သင် သိမ်ငယ်စေတဲ့သူ၊ သင့်ကို စိတ်ဒုက္ခပေးသူနဲ့ အတူရှိနေရတာထက် တစ်ယောက်တည်းနေရတဲ့ဘဝက ပိုကောင်းပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top