Kantharyar Centre
×

ဧရာဝတီတိုင္း ေညာင္တုန္းၿမိဳ႕နယ္ရွိ ပန္းဧရာ စား ေသာက္ဆုိင္ေရွ႕တြင္ ေရေဘးကူ ညီၿပီး ျပန္လာသည့္ ဒိုင္နာယာဥ္ ႏွင့္ Alphard ကိုယ္ပိုင္ယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ အ သက္ (၅၀)အရြယ္ အမ်ဳိးသားတစ္ဦး ေသဆံုးၿပီး အမ်ဳိးသားေလးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။


ရန္ကုန္မွ ပန္းတေနာ္ဘက္ သို႔ ယာဥ္ေမာင္း ကုလားႀကီး ေမာင္းႏွင္လာသည့္ Alphard ယာဥ္ႏွင့္ ေရေဘးကူညီၿပီး ျပန္ လာသည့္ ယာဥ္ေမာင္းသိန္းမင္း ေမာင္းႏွင္လာေသာ ISUZU အ မ်ဳိးအစား ဒိုင္နာယာဥ္တို႔ စက္ တင္ဘာ ၄ရက္ ည ၇ နာရီခြဲခန္႔က မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း ေညာင္တုန္းၿမိဳ႕မ ရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ဆုိသည္။

‘‘အရွိန္လြန္ၿပီး တိုက္တာပါ။ ကားေက်ာ္တာေတြ ဘာေတြ လည္းမဟုတ္ဘူး။ လမ္းလယ္ ေကာင္မွာ တိုက္တာဆိုေတာ့ ယာဥ္ေမာင္းႏွစ္ေယာက္စလံုးကုိ အမႈဖြင့္ထားပါတယ္။ ေသတဲ့သူကလည္း ႏွလံုးေရာဂါအခံရွိတယ္လို႔ ၾကားတယ္’’ဟု ၎က ဆို သည္။

ယာဥ္တိုက္မႈေၾကာင့္ Al-phard ယာဥ္ေပၚတြင္ လိုက္ပါ လာသည့္ အသက္ (၅၀)အရြယ္ ဦးေဌးေအာင္ဆိုသူ ေသဆံုးၿပီး အမ်ဳိးသားေလးဦး ဒဏ္ရာရရွိသျဖင့္ ေညာင္တုန္းေဆး႐ံုမွ ရန္ကုန္ေဆး႐ံုသို႔ ေျပာင္းလဲကုသေပးခဲ့ေၾကာင္း ၎ကဆက္လက္ရွင္း ျပသည္။

ယာဥ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္ တိုက္မိကာ အမ်ဳိးသားတစ္ဦး ေသဆံုးသျဖင့္ ယာဥ္ေမာင္းႏွစ္ဦးကို ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၇/၃၃၈/၂၇၉ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ေညာင္ တုန္းၿမိဳ႕မရဲစခန္းမွ သိရသည္။

 ျမန္မာတစ္ႏိုင္ငံလံုးတြင္ ယခုႏွစ္ ဇန္နဝါရီ ၁ ရက္မွ ဇူလိုင္ ၃၁ ရက္အထိ ယာဥ္မေတာ္တဆ မႈေပါင္း ၉,၅၀၀ ေက်ာ္ ျဖစ္ပြား ရာမွ လူ ၂,၈၀၀ ေက်ာ္ ေသဆံုးခဲ့ ေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕ဦးစီး မွဴး႐ံုးထံမွ စံုစမ္းသိရသည္။

အဆိုပါ ယာဥ္မေတာ္တဆ မႈေၾကာင့္ တစ္ေန႔လွ်င္ လူ ၁၃ ဦးခန္႔ ပ်မ္းမွ်ေသဆံုးခဲ့ၿပီး ခုနစ္လ အတြင္း ယာဥ္မေတာ္တဆမႈ ေၾကာင့္ ၁၅,၄၇၁ ဦး ထိခိုက္ဒဏ္ ရာရရွိခဲ့ေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕ဦးစီးမွဴး႐ံုးမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

၂၀၁၅ က ျမန္မာႏိုင္ငံတြင္ ယာဥ္မေတာ္တဆမႈ ၁၅,၆၇၇ မႈျဖစ္ပြားခဲ့ၿပီး ေသဆံုးသူ ၄,၄၂၀ ဦးႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ ၂၅,၀၀၀ ေက်ာ္ရွိခဲ့ေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕ဦးစီးမွဴး႐ံုးမွ သိရ သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ရှိ ပန်းဧရာ စား သောက်ဆိုင်ရှေ့တွင် ရေဘေးကူ ညီပြီး ပြန်လာသည့် ဒိုင်နာယာဉ် နှင့် Alphard ကိုယ်ပိုင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ အ သက် (၅၀)အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။


ရန်ကုန်မှ ပန်းတနော်ဘက် သို့ ယာဉ်မောင်း ကုလားကြီး မောင်းနှင်လာသည့် Alphard ယာဉ်နှင့် ရေဘေးကူညီပြီး ပြန် လာသည့် ယာဉ်မောင်းသိန်းမင်း မောင်းနှင်လာသော ISUZU အ မျိုးအစား ဒိုင်နာယာဉ်တို့ စက် တင်ဘာ ၄ရက် ည ၇ နာရီခွဲခန့်က မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ညောင်တုန်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

‘‘အရှိန်လွန်ပြီး တိုက်တာပါ။ ကားကျော်တာတွေ ဘာတွေ လည်းမဟုတ်ဘူး။ လမ်းလယ် ကောင်မှာ တိုက်တာဆိုတော့ ယာဉ်မောင်းနှစ်ယောက်စလုံးကို အမှုဖွင့်ထားပါတယ်။ သေတဲ့သူကလည်း နှလုံးရောဂါအခံရှိတယ်လို့ ကြားတယ်’’ဟု ၎င်းက ဆို သည်။

ယာဉ်တိုက်မှုကြောင့် Al-phard ယာဉ်ပေါ်တွင် လိုက်ပါ လာသည့် အသက် (၅၀)အရွယ် ဦးဌေးအောင်ဆိုသူ သေဆုံးပြီး အမျိုးသားလေးဦး ဒဏ်ရာရရှိသဖြင့် ညောင်တုန်းဆေးရုံမှ ရန်ကုန်ဆေးရုံသို့ ပြောင်းလဲကုသပေးခဲ့ကြောင်း ၎င်းကဆက်လက်ရှင်း ပြသည်။

ယာဉ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မိကာ အမျိုးသားတစ်ဦး သေဆုံးသဖြင့် ယာဉ်မောင်းနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ညောင် တုန်းမြို့မရဲစခန်းမှ သိရသည်။

 မြန်မာတစ်နိုင်ငံလုံးတွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ယာဉ်မတော်တဆ မှုပေါင်း ၉,၅၀၀ ကျော် ဖြစ်ပွား ရာမှ လူ ၂,၈၀၀ ကျော် သေဆုံးခဲ့ ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဦးစီး မှူးရုံးထံမှ စုံစမ်းသိရသည်။

အဆိုပါ ယာဉ်မတော်တဆ မှုကြောင့် တစ်နေ့လျှင် လူ ၁၃ ဦးခန့် ပျမ်းမျှသေဆုံးခဲ့ပြီး ခုနစ်လ အတွင်း ယာဉ်မတော်တဆမှု ကြောင့် ၁၅,၄၇၁ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဦးစီးမှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

၂၀၁၅ က မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှု ၁၅,၆၇၇ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄,၄၂၀ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၅,၀၀၀ ကျော်ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဦးစီးမှူးရုံးမှ သိရ သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top