Kantharyar Centre
×

၀န္ထမ္း အမ်ားစု ဟာ လုပ္အားခ မရတဲ့ အခ်ိန္ပို အလုပ္ဆင္းခ်ိန္ေတြေၾကာင့္ ၊ လိုအပ္တာထက္ပိုၿပီး ေျပာဆိုတတ္တဲ့ အထက္အရာရွိေတြ ေၾကာင့္ စသျဖင့္ အလုပ္မွာ စိတ္ဖိစီးမႈ ေတြကို ႀကံဳေတြ႕ေနရပါတယ္။

အခုေတာ့ ၊ ေလ့လာမႈ အသစ္တစ္ခုက အလုပ္ေၾကာင့္ရတဲ့ စိတ္ဖိစီးမႈ ေတြဟာ သင့္အတြက္ ေဆးလိပ္ ေသာက္တတ္သြားသလိုပဲ ေရရွည္သက္ေရာက္မႈ ရွိမယ့္ က်န္းမာေရး ထိခိုက္မႈ ေတြ ျဖစ္လာႏိုင္တယ္ဆိုတာကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။

အလုပ္မွာ လံုၿခံဳမႈ မရွိတာ နဲ႔ အခ်ိန္ၾကာၾကာ အလုပ္လုပ္ရျခင္းတို႔လို အလုပ္ေၾကာင့္ ရတဲ့ စိတ္ဖိစီးမႈေတြဟာ လူတစ္ေယာက္ရဲ႕ က်န္းမာေရး ကို ထိခိုက္မႈ ေတြရွိႏိုင္ၿပီး ဖ်ားနာျခင္းေတြ ျဖစ္ပြားဖို႔ အခြင့္အေရးမ်ားေစတဲ့အျပင္ သတ္မွတ္ခ်ိန္ ထက္ ေစာၿပီး ေသဆံုးတာမ်ိဳးအထိျဖစ္ေစႏိုင္တယ္လို႔ ဆရာ၀န္ ေတြက ဆိုလိုက္ပါတယ္။

ဟားဗာဒ္ တကၠသိုလ္က သုေတသီ အဖြဲ႔ဟာ အလုပ္ခြင္ကရတဲ့ စိတ္ဖိစီးမႈေတြကို စံုစမ္းစစ္ေဆးဖို႔ ေလ့လာမႈ ေပါင္း ၂၂၈ ခု ျပဳလုပ္ခဲ့ၿပီး သက္ေသေတြ ရယူခဲ့ပါတယ္။ ဒါ့အျပင္သုေတသီ အဖြဲ႕ဟာ ထို ၀န္ထမ္းေတြရဲ႕ စိတ္ဖိစီးမႈ ပမာဏ နဲ႔ က်န္းမာေရး ထိခိုက္မႈ ပမာဏ ေတြကို ႏိႈင္းယွဥ္စစ္ေဆးခဲ့ၾကပါတယ္။

အဲဒီအခါမွာေတာ့ အလုပ္ျဖဳတ္ခံရျခင္း ၊ အလုပ္မွာ အနည္းငယ္ ဖိႏွိပ္ခံရျခင္း နဲ႔ က်န္းမာေရး အာမခံ မရရွိျခင္း တို႔ကေတာ့ ေဆးလိုက္ေသာက္တတ္ သြားတာထက္ပိုၿပီး ေစာေစာ ေသဆံုးေစႏိုင္တဲ့ သက္ေရာက္မႈ မ်ိဳးရွိေစႏိုင္တာကို ေတြ႕ခဲ့ရပါတယ္။ အခ်ိန္ၾကာရွည္စြာ အလုပ္လုပ္ရျခင္း ၊ မိသားစု ဘ၀ နဲ႔ ဒြိဟ ျဖစ္ေစၿပီး အလုပ္လုပ္ေနရျခက္း စတဲ့ စိတ္ဖိစီးမႈ ေတြကေတာ့ ေဆးလိပ္ေသာက္တတ္သြားတာထက္ ပိုၿပီး ေစာေစာေသဆံုး ႏိုင္ေခ်ရွိတဲ့ အခြင့္အေရးကို ၂၀ ရာခိုင္ႏႈန္း ပိုမို ေသခ်ာသြားေစခဲ့ပါတယ္။

အလုပ္ခြင္ ဟာမွ်တမႈ မရွိဘူးလို႔ ခံစားရတာေတြ ၊ အလုပ္ရႈပ္တာေတြကေတာ့ ေဆးလိပ္ေသာက္တာထက္ ပိုၿပီး ေရာဂါ ျဖစ္ႏိုင္ေခ်မ်ားျပားလာ ေစတယ္ဆိုတာကိုလည္း ေလ့လာမႈ က တစ္ဆင့္ ေတြ႕ခဲ့ရျပန္ပါတယ္။

ဒါေၾကာင့္ အေနာက္ႏိုင္ငံေတြမွာ ရွိတဲ့ ကုမၼဏီ ႀကီးေတြဟာ က်န္းမာေရး ပရိုဂရမ္ တစ္ခု ဖန္တီးၿပီး ေလ့က်င့္ခန္း နဲ႔ ေယာဂ သင္တန္းတို႔ကို ပို႕ခ်ကာေန႔လည္ ထမင္းစားခ်ိန္ ၀န္းက်င္ေတြမွာ ၀န္ထမ္းေတြရဲ႕ စိတ္ဖိစီးမႈ ေတြ ေလ်ာ့နည္းလာေအာင္ ႀကိဳးစားေနၾကတယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သစ္ထူးလြင္(က်န္းမာေရး)


#Unicode Version

၀န်ထမ်း အများစု ဟာ လုပ်အားခ မရတဲ့ အချိန်ပို အလုပ်ဆင်းချိန်တွေကြောင့် ၊ လိုအပ်တာထက်ပိုပြီး ပြောဆိုတတ်တဲ့ အထက်အရာရှိတွေ ကြောင့် စသဖြင့် အလုပ်မှာ စိတ်ဖိစီးမှု တွေကို ကြုံတွေ့နေရပါတယ်။

အခုတော့ ၊ လေ့လာမှု အသစ်တစ်ခုက အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှု တွေဟာ သင့်အတွက် ဆေးလိပ် သောက်တတ်သွားသလိုပဲ ရေရှည်သက်ရောက်မှု ရှိမယ့် ကျန်းမာရေး ထိခိုက်မှု တွေ ဖြစ်လာနိုင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အလုပ်မှာ လုံခြုံမှု မရှိတာ နဲ့ အချိန်ကြာကြာ အလုပ်လုပ်ရခြင်းတို့လို အလုပ်ကြောင့် ရတဲ့ စိတ်ဖိစီးမှုတွေဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေး ကို ထိခိုက်မှု တွေရှိနိုင်ပြီး ဖျားနာခြင်းတွေ ဖြစ်ပွားဖို့ အခွင့်အရေးများစေတဲ့အပြင် သတ်မှတ်ချိန် ထက် စောပြီး သေဆုံးတာမျိုးအထိဖြစ်စေနိုင်တယ်လို့ ဆရာဝန် တွေက ဆိုလိုက်ပါတယ်။

ဟားဗာဒ် တက္ကသိုလ်က သုတေသီ အဖွဲ့ဟာ အလုပ်ခွင်ကရတဲ့ စိတ်ဖိစီးမှုတွေကို စုံစမ်းစစ်ဆေးဖို့ လေ့လာမှု ပေါင်း ၂၂၈ ခု ပြုလုပ်ခဲ့ပြီး သက်သေတွေ ရယူခဲ့ပါတယ်။ ဒါ့အပြင်သုတေသီ အဖွဲ့ဟာ ထို ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးမှု ပမာဏ နဲ့ ကျန်းမာရေး ထိခိုက်မှု ပမာဏ တွေကို နှိုင်းယှဉ်စစ်ဆေးခဲ့ကြပါတယ်။

အဲဒီအခါမှာတော့ အလုပ်ဖြုတ်ခံရခြင်း ၊ အလုပ်မှာ အနည်းငယ် ဖိနှိပ်ခံရခြင်း နဲ့ ကျန်းမာရေး အာမခံ မရရှိခြင်း တို့ကတော့ ဆေးလိုက်သောက်တတ် သွားတာထက်ပိုပြီး စောစော သေဆုံးစေနိုင်တဲ့ သက်ရောက်မှု မျိုးရှိစေနိုင်တာကို တွေ့ခဲ့ရပါတယ်။ အချိန်ကြာရှည်စွာ အလုပ်လုပ်ရခြင်း ၊ မိသားစု ဘ၀ နဲ့ ဒွိဟ ဖြစ်စေပြီး အလုပ်လုပ်နေရခြက်း စတဲ့ စိတ်ဖိစီးမှု တွေကတော့ ဆေးလိပ်သောက်တတ်သွားတာထက် ပိုပြီး စောစောသေဆုံး နိုင်ချေရှိတဲ့ အခွင့်အရေးကို ၂၀ ရာခိုင်နှုန်း ပိုမို သေချာသွားစေခဲ့ပါတယ်။

အလုပ်ခွင် ဟာမျှတမှု မရှိဘူးလို့ ခံစားရတာတွေ ၊ အလုပ်ရှုပ်တာတွေကတော့ ဆေးလိပ်သောက်တာထက် ပိုပြီး ရောဂါ ဖြစ်နိုင်ချေများပြားလာ စေတယ်ဆိုတာကိုလည်း လေ့လာမှု က တစ်ဆင့် တွေ့ခဲ့ရပြန်ပါတယ်။

ဒါကြောင့် အနောက်နိုင်ငံတွေမှာ ရှိတဲ့ ကုမ္မဏီ ကြီးတွေဟာ ကျန်းမာရေး ပရိုဂရမ် တစ်ခု ဖန်တီးပြီး လေ့ကျင့်ခန်း နဲ့ ယောဂ သင်တန်းတို့ကို ပို့ချကာနေ့လည် ထမင်းစားချိန် ဝန်းကျင်တွေမှာ ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးမှု တွေ လျော့နည်းလာအောင် ကြိုးစားနေကြတယ်လို့လည်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:သစ်ထူးလွင်(ကျန်းမာရေး)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top