Kantharyar Centre
×

မဂၤလာဒံုျမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တဲ့ ေလးေလာင္းျပိဳင္ လူသတ္မႈဟာ ၁၅ ရက္ေက်ာ္လာျပီျဖစ္ေပမဲ့ ထူးျခားမႈ မရွိေသးဘူးလို႔ သိရပါတယ္။ သံသယရွိသူကို လိုက္ရွာေနတယ္လို႔ ရဲေတြကေျပာျပီး ထူးျခားတာေတာ့ ဘာမွမရွိေသးဘူးလို႔ ေသဆံုးသူေတြရဲ႕ ေယာကၡမနဲ႔အေမျဖစ္သူ ေဒၚရီရီႏြဲ႕က ေျပာထားပါတယ္။

အမႈအေျခအေနကို ေမးခဲ့ေပမဲ့ တရားခံမိရင္ အားလံုးကို တရားဝင္ထုတ္ျပန္ေပးမယ္လို႔သာ ေျပာထားျပီး အမႈျဖစ္စဥ္ကိုေလ့လာျပီးတင္ျပတာ မရွိဘူးလို႔ အမႈျဖစ္္စဥ္နဲ႔ပက္သက္ျပီး ရဲစခန္းကို သြားေရာက္ေမးျမန္းခဲ့တဲ့ ရန္ကုန္တုိင္းေဒသၾကီး လႊတ္ေတာ္တရားစီရင္ေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ တိုင္ၾကားစာမ်ား အသနားခံစာမ်ား စီစစ္ေရးေကာ္မတီအဖြဲ႕ အတြင္းေရးမွဴး ဦးတင္ဝင္းက ေျပာထားပါတယ္။

လူသတ္မႈနဲ႔ ပက္သက္လို႔ေကာက္ခ်က္မခ်ႏုိင္ေသးတဲ့အခ်ိန္မွာ ဘယ္သူ႔ကိုမွ မေျပာထားေသးဘူးလို႔ ရဲမွဴးၾကီး မ်ိဳးေဆြကလည္း ေျပာပါတယ္။ အေထာက္အထားခိုင္ခိုင္လံုလံုရတဲ့အခါ မီဒီယာေတြကို ေျပာပါမယ္လို႔လည္း ရဲမွဴးၾကီး မ်ိဳးေဆြက ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Day Daily

#Unicode Version

မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လေးလောင်းပြိုင် လူသတ်မှုဟာ ၁၅ ရက်ကျော်လာပြီဖြစ်ပေမဲ့ ထူးခြားမှု မရှိသေးဘူးလို့ သိရပါတယ်။ သံသယရှိသူကို လိုက်ရှာနေတယ်လို့ ရဲတွေကပြောပြီး ထူးခြားတာတော့ ဘာမှမရှိသေးဘူးလို့ သေဆုံးသူတွေရဲ့ ယောက္ခမနဲ့အမေဖြစ်သူ ဒေါ်ရီရီနွဲ့က ပြောထားပါတယ်။

အမှုအခြေအနေကို မေးခဲ့ပေမဲ့ တရားခံမိရင် အားလုံးကို တရားဝင်ထုတ်ပြန်ပေးမယ်လို့သာ ပြောထားပြီး အမှုဖြစ်စဉ်ကိုလေ့လာပြီးတင်ပြတာ မရှိဘူးလို့ အမှုဖြစ်စဉ်နဲ့ပက်သက်ပြီး ရဲစခန်းကို သွားရောက်မေးမြန်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ အသနားခံစာများ စီစစ်ရေးကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးတင်ဝင်းက ပြောထားပါတယ်။

လူသတ်မှုနဲ့ ပက်သက်လို့ကောက်ချက်မချနိုင်သေးတဲ့အချိန်မှာ ဘယ်သူ့ကိုမှ မပြောထားသေးဘူးလို့ ရဲမှူးကြီး မျိုးဆွေကလည်း ပြောပါတယ်။ အထောက်အထားခိုင်ခိုင်လုံလုံရတဲ့အခါ မီဒီယာတွေကို ပြောပါမယ်လို့လည်း ရဲမှူးကြီး မျိုးဆွေက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top