Property Expo
×

                

တ႐ုတ္နိုင္ငံမွာ ကမၻာ့အႀကီးဆုံး ေရဒီယို တယ္လီစကုပ္ မွန္ေျပာင္းႀကီးကို တရားဝင္ ဖြင့္လွစ္လိုက္ပါၿပီ။

ကမၻာနဲ႔ အလင္းႏွစ္ တေထာင္ေက်ာ္ ကြာေဝးတဲ့ ၾကယ္ေတြဆီက အခ်က္အလက္ကို ဒီမွန္ေျပာင္းႀကီးက ရခဲ့တယ္လို႔ သိရပါတယ္။

ဒီမွန္ေျပာင္းႀကီးနဲ႔ စၾကာဝဠာအေၾကာင္း ပိုသိနားလည္ၿပီး တျခားၿဂိဳဟ္ေတြေပၚမွာ သက္ရွိေတြ ေနၾကသလား ေလ့လာမွာ ျဖစ္ပါတယ္။

စအခ်က္ျပ

တ႐ုတ္ သိပၸံပညာရွင္ေတြ အဆိုအရ ဒီမွန္ေျပာင္းႀကီးရဲ့ အင္မတန္ႀကီးမားတဲ့ မ်က္ႏွာျပင္ႀကီးက အခ်င္း ေပ ၁၇ဝဝ ေလာက္ရွိၿပီး အာကာသကေန ပထမဆုံး အခ်က္ျပမွုေတြရေနၿပီလို႔ ေျပာပါတယ္။

ဒီဧရာမမွန္ေျပာင္းႀကီး အျပည့္အဝ လည္ပတ္ဖို႔ ေနာက္ထပ္သုံးႏွစ္ေလာက္ အခ်ိန္ယူအုံးမွာ ျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံဟာ သိပၸံပညာရဲ့ ၾသဇာတိကၠမရွိတဲ့နိုင္ငံ ျဖစ္ေအာင္ရည္ရြယ္ခ်က္နဲ႔ တည္ေဆာက္တဲ့ ဒီမွန္ေျပာင္းႀကီးကို တနဂၤေႏြေန႔မွာ အခမ္းအနားနဲ႔ ဖြင့္လွစ္ခဲ့ပါတယ္။

က်ေနာ္တို႔အာကာသ စူးစမ္းေလ့လာမွုလုပ္ဖို႔ဆို အရင္က ျပည္ပသြားလုပ္ၾကရတယ္၊ အခုေတာ့ ကမၻာ့အႀကီးဆုံး တယ္လီစကုပ္ႀကီး ပိုင္ဆိုင္လာတဲ့ အတြက္ လူေတြက သိပ္ကို စိတ္ဝင္တစား ၾကည့္ခ်င္ေနၿပီလို႔ စီမံကိန္း ဒုတိယမန္ေနဂ်ာ ပါေမာကၡ ပင္ဘိုက ဘီဘီစီကို ေျပာပါတယ္။
မ်က္ႏွာဝကို ေသာင္းနဲ႔ခ်ီတဲ့ သုံးေထာင့္ ပစၥည္းေတြနဲ႔ လုပ္
တ႐ုတ္နိုင္ငံ အေနာက္ေတာင္ဘက္ ဂြီေခ်ာင္ေဒသမွာ သဘာဝ မီးေတာင္ ထိပ္ဝႀကီးမွာ ေဆာက္ထားၿပီး တ႐ုတ္နိုင္ငံ အမ်ိဳးသား နကၡတ္ေဗဒ ေလ့လာေရး အတြက္ အလြန္ႀကီးမားတဲ့ ရည္မွန္းခ်က္ႀကီး ျဖစ္ပါတယ္။

မ်က္ႏွာဝကို ေသာင္းနဲ႔ခ်ီတဲ့ သုံးေထာင့္ပစၥည္းေတြနဲ႔ လုပ္ထားတာျဖစ္ၿပီး ပြာတိုရီကိုက ကမၻာ့အႀကီးဆုံး စံခ်ိန္တင္ ထားတဲ့ ေပ ၉ဝဝ ေက်ာ္ရွိတဲ့ မွန္ေျပာင္းႀကီးကိုေက်ာ္သြားနိုင္ပါတယ္။

ဒီေလာက္ႀကီးတဲ့မွန္ေျပာင္းႀကီးကို ၅ ႏွစ္အတြင္း တည္ေဆာက္နိုင္ခဲ့ၿပီး ကုန္က်စရိတ္ အေမရိကန္ေဒၚလာ သန္း ၁၈ဝ က်ပါတယ္။

အာကာသထဲက ရွိတဲ့ ပစၥည္းေတြကေန ထုတ္လႊင့္တဲ့ ေရဒီယိုလွိုင္းကို နားဆင္ဖို႔ တည္ေဆာက္တာ ျဖစ္ပါတယ္။

အလြန္ႀကီးမားတဲ့ အတြက္ စၾကာဝဠာ အေဝးႀကီးအထိ အသံလွိုင္းေတြကို ဖမ္းနိုင္မွာျဖစ္ပါတယ္။ အားလုံး တည္ေဆာက္ၿပီးသြားရင္ ေတာက္ေလၽွာက္ လည္ပတ္ေနတဲ့ ကိရိယာႀကီးကေန အလြန္ထူထပ္တဲ့ ၾကယ္စင္တန္းႀကီးက ေရဒီယိုလွိုင္းေတြကို ဖမ္းဖို႔ အဓိက ေဆာင္ရြက္တာ ျဖစ္ၿပီး ဒီလိုလုပ္ဖို႔အတြက္ စမ္းသပ္မွုေတြ ထိန္းညႇိမွုေတြ ဆက္လုပ္ရမယ္လို႔ ပါေမာကၡ ပင္ကေျပာပါတယ္။

အခုစမ္းသပ္တဲ့အဆင့္မွာပဲ သိပၸံေလ့လာမွုေတြကို နိုင္ငံတကာ နကၡတ္ပညာရွင္ေတြနဲ႔ ပူးေပါင္း ေဆာင္ရြက္သြားမယ္ လို႔လည္း သူက ေျပာပါတယ္။

တယ္လီစကုပ္တည္ေဆာက္တဲ့ အႀကီးဆုံး သိပၸံပညာရွင္ ကေတာ့ ကမၻာ့သိပၸံအသိုင္းအဝိုင္းနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အဓိကစီမံကိန္းႀကီးလို႔လည္း ေျပာပါတယ္ ။

တ႐ုတ္ဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြ ကေတာ့ ကမၻာ့သိပၸံေလာကမွာ အဆင့္ သိပ္မရွိေပမယ့္ အခုအခါ သုေတသန အတြက္ အသုံးျပဳတာနဲ႔ စာတန္း ဖတ္တာေတြမွာ အေမရိကန္ၿပီးရင္ ဒုတိယ လိုက္ပါတယ္။

အခုအခါ ဒီဧရာမမွန္ေျပာင္းႀကီးကို တည္ေဆာက္ၿပီး သုေတသန တေခတ္ဆန္းလာတဲ့အတြက္ တ႐ုတ္က သူ႔ကတိအတိုင္း ကမၻာနဲ႔နည္းပညာေတြ ပူးေပါင္းေဆာင္ရြက္ဖို႔ ဘယ္ေလာက္လိုက္နာမလဲ ဆိုတာကမၻာက ေစာင့္ၾကည့္ေနရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC Burmese

#Unicode Version
တခြားဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ နေကြသလား လေ့လာ
တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုပ် မှန်ပြောင်းကြီးကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။

ကမ္ဘာနဲ့ အလင်းနှစ် တထောင်ကျော် ကွာဝေးတဲ့ ကြယ်တွေဆီက အချက်အလက်ကို ဒီမှန်ပြောင်းကြီးက ရခဲ့တယ်လို့ သိရပါတယ်။

ဒီမှန်ပြောင်းကြီးနဲ့ စကြာဝဠာအကြောင်း ပိုသိနားလည်ပြီး တခြားဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ နေကြသလား လေ့လာမှာ ဖြစ်ပါတယ်။

စအချက်ပြ

တရုတ် သိပ္ပံပညာရှင်တွေ အဆိုအရ ဒီမှန်ပြောင်းကြီးရဲ့ အင်မတန်ကြီးမားတဲ့ မျက်နှာပြင်ကြီးက အချင်း ပေ ၁၇ဝဝ လောက်ရှိပြီး အာကာသကနေ ပထမဆုံး အချက်ပြမှုတွေရနေပြီလို့ ပြောပါတယ်။

ဒီဧရာမမှန်ပြောင်းကြီး အပြည့်အဝ လည်ပတ်ဖို့ နောက်ထပ်သုံးနှစ်လောက် အချိန်ယူအုံးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ သိပ္ပံပညာရဲ့ သြဇာတိက္ကမရှိတဲ့နိုင်ငံ ဖြစ်အောင်ရည်ရွယ်ချက်နဲ့ တည်ဆောက်တဲ့ ဒီမှန်ပြောင်းကြီးကို တနင်္ဂနွေနေ့မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

ကျနော်တို့အာကာသ စူးစမ်းလေ့လာမှုလုပ်ဖို့ဆို အရင်က ပြည်ပသွားလုပ်ကြရတယ်၊ အခုတော့ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်ကြီး ပိုင်ဆိုင်လာတဲ့ အတွက် လူတွေက သိပ်ကို စိတ်ဝင်တစား ကြည့်ချင်နေပြီလို့ စီမံကိန်း ဒုတိယမန်နေဂျာ ပါမောက္ခ ပင်ဘိုက ဘီဘီစီကို ပြောပါတယ်။
မျက်နှာဝကို သောင်းနဲ့ချီတဲ့ သုံးထောင့် ပစ္စည်းတွေနဲ့ လုပ်
တရုတ်နိုင်ငံ အနောက်တောင်ဘက် ဂွီချောင်ဒေသမှာ သဘာဝ မီးတောင် ထိပ်ဝကြီးမှာ ဆောက်ထားပြီး တရုတ်နိုင်ငံ အမျိုးသား နက္ခတ်ဗေဒ လေ့လာရေး အတွက် အလွန်ကြီးမားတဲ့ ရည်မှန်းချက်ကြီး ဖြစ်ပါတယ်။

မျက်နှာဝကို သောင်းနဲ့ချီတဲ့ သုံးထောင့်ပစ္စည်းတွေနဲ့ လုပ်ထားတာဖြစ်ပြီး ပွာတိုရီကိုက ကမ္ဘာ့အကြီးဆုံး စံချိန်တင် ထားတဲ့ ပေ ၉ဝဝ ကျော်ရှိတဲ့ မှန်ပြောင်းကြီးကိုကျော်သွားနိုင်ပါတယ်။

ဒီလောက်ကြီးတဲ့မှန်ပြောင်းကြီးကို ၅ နှစ်အတွင်း တည်ဆောက်နိုင်ခဲ့ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၁၈ဝ ကျပါတယ်။

အာကာသထဲက ရှိတဲ့ ပစ္စည်းတွေကနေ ထုတ်လွှင့်တဲ့ ရေဒီယိုလှိုင်းကို နားဆင်ဖို့ တည်ဆောက်တာ ဖြစ်ပါတယ်။

အလွန်ကြီးမားတဲ့ အတွက် စကြာဝဠာ အဝေးကြီးအထိ အသံလှိုင်းတွေကို ဖမ်းနိုင်မှာဖြစ်ပါတယ်။ အားလုံး တည်ဆောက်ပြီးသွားရင် တောက်လျှောက် လည်ပတ်နေတဲ့ ကိရိယာကြီးကနေ အလွန်ထူထပ်တဲ့ ကြယ်စင်တန်းကြီးက ရေဒီယိုလှိုင်းတွေကို ဖမ်းဖို့ အဓိက ဆောင်ရွက်တာ ဖြစ်ပြီး ဒီလိုလုပ်ဖို့အတွက် စမ်းသပ်မှုတွေ ထိန်းညှိမှုတွေ ဆက်လုပ်ရမယ်လို့ ပါမောက္ခ ပင်ကပြောပါတယ်။

အခုစမ်းသပ်တဲ့အဆင့်မှာပဲ သိပ္ပံလေ့လာမှုတွေကို နိုင်ငံတကာ နက္ခတ်ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ် လို့လည်း သူက ပြောပါတယ်။

တယ်လီစကုပ်တည်ဆောက်တဲ့ အကြီးဆုံး သိပ္ပံပညာရှင် ကတော့ ကမ္ဘာ့သိပ္ပံအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဓိကစီမံကိန်းကြီးလို့လည်း ပြောပါတယ် ။

တရုတ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ကတော့ ကမ္ဘာ့သိပ္ပံလောကမှာ အဆင့် သိပ်မရှိပေမယ့် အခုအခါ သုတေသန အတွက် အသုံးပြုတာနဲ့ စာတန်း ဖတ်တာတွေမှာ အမေရိကန်ပြီးရင် ဒုတိယ လိုက်ပါတယ်။

အခုအခါ ဒီဧရာမမှန်ပြောင်းကြီးကို တည်ဆောက်ပြီး သုတေသန တခေတ်ဆန်းလာတဲ့အတွက် တရုတ်က သူ့ကတိအတိုင်း ကမ္ဘာနဲ့နည်းပညာတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လောက်လိုက်နာမလဲ ဆိုတာကမ္ဘာက စောင့်ကြည့်နေရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top