Kantharyar Centre
×

  ျပည္တြင္းအလုပ္အကိုင္ ရွားပါးမႈႏွင့္ လုပ္ခလစာနည္းပါး မႈသည္ လူကုန္ကူးမႈျဖစ္ပြားရျခင္း ၏ အဓိကစိန္ေခၚမႈမ်ားျဖစ္ေနဆဲ ျဖစ္ေၾကာင္း ရန္ကုန္တိုင္း လူကုန္ ကူးမႈတားဆီးကာကြယ္ေရးအဖဲြ႕ မွ ရဲမွဴးရဲ၀င္းေအာင္က ေျပာ သည္။

ယခုႏွစ္ ပထမေျခာက္လ တာ ကာလအတြင္း လူကုန္ကူးမႈ အမႈေပါင္း ၆၀ ခန္႔ကို အေရးယူ ႏုိင္ခဲ့ၿပီး လူကုန္ကူးခံရသူ အမ်ား စုသည္ တ႐ုတ္ႏုိင္ငံႏွင့္ ထိုင္းႏုိင္ငံ သုိ႔ အမ်ားဆံုး လူကုန္ကူးခံရ ေၾကာင္း အဆုိပါ ရဲအရာရွိက ေျပာသည္။

‘‘လူကုန္ကူးမႈအမ်ားဆံုး အ ပို႔ခံရတဲ့ တ႐ုတ္ႏုိင္ငံဘက္ကို ေတာ့ အမ်ိဳးသမီးေတြကို သားမ ယားအျဖစ္ ေရာင္းစားခံရတာ မ်ားတယ္။ ထိုင္းႏုိင္ငံကိုေတာ့ အ မ်ိဳးသားေတြကို ေရလုပ္သားအ ျဖစ္ ေရာင္းစားခံရတာမ်ားတယ္။ အလုပ္အကိုင္ရွားပါးတာနဲ႔ လစာ နည္းပါးမႈက လူကုန္ကူးမႈအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္ေနတုန္းပါ’’ ဟု ရဲမွဴးရဲ၀င္းေအာင္က ေျပာ သည္။


၂၀၁၆ ဇန္န၀ါရီမွ ၾသဂုတ္ အထိ ရွစ္လတာအတြင္း လူကုန္ ကူးမႈ ၇၈ မႈျဖစ္ပြားခဲ့ရာ ရန္ကုန္ တိုင္းေဒသႀကီးတြင္ ၁၀ မႈ၊ မႏၲေလးတုိင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေျခာက္မႈစီ၊ ပဲခူးတိုင္းႏွင့္တနသၤာရီတိုင္းေဒသႀကီးတြင္တစ္မႈစီ၊ စစ္ကုိင္းတုိင္း၊ ဧရာ၀တီတိုင္းေဒသႀကီးႏွင့္ မြန္ျပည္နယ္တို႔တြင္ႏွစ္မႈစီ၊ မေကြးတိုင္းေဒသႀကီးႏွင့္ကရင္ျပည္နယ္တုိ႔တြင္ သံုးမႈစီ၊ ကခ်င္ျပည္နယ္တြင္ ရွစ္မႈႏွင့္ ရွမ္းျပည္နယ္တြင္ ၃၄ မႈျဖစ္ပြားခဲ့ေၾကာင္း လူကုန္ကူးမႈတားဆီးကာကြယ္ေရးရဲတပ္ဖဲြ႕မွ သိရသည္။

 အဆိုပါလူကုန္ကူးမႈမ်ား ေၾကာင့္ တရားခံေပါင္း ၂၂၄ ဦး တြင္ တရားခံေျပး ၈၆ ဦးရွိၿပီး တရားခံ ၁၃၈ ဦး ဖမ္းဆီးရမိခဲ့ကာ လူကုန္ကူးခံရသူေပါင္း ၂၁၂ ဦး အနက္ ကယ္တင္၍မရသူ ၄၁ ဦး ရွိၿပီး ၁၇၁ ဦးကုိ ကယ္တင္ႏုိင္ခဲ့ ေၾကာင္း သိရသည္။

လူကုန္ကူးေခါင္းပံုျဖတ္မႈ အေနျဖင့္ အဓမၼလက္ထပ္ေစခုိင္း မႈ ၅၆ မႈ၊ အဓမၼခုိင္းေစမႈ ၁၄ မႈ၊ ျပည့္တန္အာျပဳခုိင္းေစမႈ ေျခာက္ မႈ၊ ေမြးစားမႈတစ္မႈရွိခဲ့ၿပီး လူကုန္ ကူးရာတြင္ ဦးတည္ႏုိင္ငံမ်ားအ ျဖစ္ တ႐ုတ္ႏုိင္ငံသုိ႔ ၅၈ မႈ၊ ထိုင္း ႏုိင္ငံသုိ႔ ရွစ္မႈ၊ မေလးရွားသုိ႔ သံုး မႈ၊ ျပည္တြင္း၌ ကိုးမႈျဖစ္ပြားခဲ့ကာ ၂၀၀၆ မွလက္ရွိအထိ ဆယ္ႏွစ္ တာကာလအတြင္း လူကုန္ကူးမႈ ၁,၃၀၀ ခန္႔ျဖစ္ပြားခဲ့ၿပီး တရားခံ ၃,၆၃၀ ကို အမႈဖြင့္အေရးယူခဲ့ႏုိင္ ေၾကာင္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုနှင့် လုပ်ခလစာနည်းပါး မှုသည် လူကုန်ကူးမှုဖြစ်ပွားရခြင်း ၏ အဓိကစိန်ခေါ်မှုများဖြစ်နေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်း လူကုန် ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ မှ ရဲမှူးရဲဝင်းအောင်က ပြော သည်။

ယခုနှစ် ပထမခြောက်လ တာ ကာလအတွင်း လူကုန်ကူးမှု အမှုပေါင်း ၆၀ ခန့်ကို အရေးယူ နိုင်ခဲ့ပြီး လူကုန်ကူးခံရသူ အများ စုသည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ သို့ အများဆုံး လူကုန်ကူးခံရ ကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

‘‘လူကုန်ကူးမှုအများဆုံး အ ပို့ခံရတဲ့ တရုတ်နိုင်ငံဘက်ကို တော့ အမျိုးသမီးတွေကို သားမ ယားအဖြစ် ရောင်းစားခံရတာ များတယ်။ ထိုင်းနိုင်ငံကိုတော့ အ မျိုးသားတွေကို ရေလုပ်သားအ ဖြစ် ရောင်းစားခံရတာများတယ်။ အလုပ်အကိုင်ရှားပါးတာနဲ့ လစာ နည်းပါးမှုက လူကုန်ကူးမှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတုန်းပါ’’ ဟု ရဲမှူးရဲဝင်းအောင်က ပြော သည်။


၂၀၁၆ ဇန်နဝါရီမှ သြဂုတ် အထိ ရှစ်လတာအတွင်း လူကုန် ကူးမှု ၇၈ မှုဖြစ်ပွားခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးတွင် ၁၀ မှု၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ခြောက်မှုစီ၊ ပဲခူးတိုင်းနှင့်တနင်္သာရီတိုင်းဒေသကြီးတွင်တစ်မှုစီ၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်နှစ်မှုစီ၊ မကွေးတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင် သုံးမှုစီ၊ ကချင်ပြည်နယ်တွင် ရှစ်မှုနှင့် ရှမ်းပြည်နယ်တွင် ၃၄ မှုဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ သိရသည်။

 အဆိုပါလူကုန်ကူးမှုများ ကြောင့် တရားခံပေါင်း ၂၂၄ ဦး တွင် တရားခံပြေး ၈၆ ဦးရှိပြီး တရားခံ ၁၃၈ ဦး ဖမ်းဆီးရမိခဲ့ကာ လူကုန်ကူးခံရသူပေါင်း ၂၁၂ ဦး အနက် ကယ်တင်၍မရသူ ၄၁ ဦး ရှိပြီး ၁၇၁ ဦးကို ကယ်တင်နိုင်ခဲ့ ကြောင်း သိရသည်။

လူကုန်ကူးခေါင်းပုံဖြတ်မှု အနေဖြင့် အဓမ္မလက်ထပ်စေခိုင်း မှု ၅၆ မှု၊ အဓမ္မခိုင်းစေမှု ၁၄ မှု၊ ပြည့်တန်အာပြုခိုင်းစေမှု ခြောက် မှု၊ မွေးစားမှုတစ်မှုရှိခဲ့ပြီး လူကုန် ကူးရာတွင် ဦးတည်နိုင်ငံများအ ဖြစ် တရုတ်နိုင်ငံသို့ ၅၈ မှု၊ ထိုင်း နိုင်ငံသို့ ရှစ်မှု၊ မလေးရှားသို့ သုံး မှု၊ ပြည်တွင်း၌ ကိုးမှုဖြစ်ပွားခဲ့ကာ ၂၀၀၆ မှလက်ရှိအထိ ဆယ်နှစ် တာကာလအတွင်း လူကုန်ကူးမှု ၁,၃၀၀ ခန့်ဖြစ်ပွားခဲ့ပြီး တရားခံ ၃,၆၃၀ ကို အမှုဖွင့်အရေးယူခဲ့နိုင် ကြောင်း သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top