Property Expo
×

 ဂ်ပန္ႏုိင္ငံ၊ တိုက်ိဳၿမိဳ႕ေတာ္ အေ႐ွ႕ေတာင္ပိုင္းတြင္ ရစ္ခ်္တာစေကး ၆.၄ အဆင့္ရွိ အင္အားျပင္း ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ငလ်င္သည္ စက္တင္ဘာ ၂၃ ရက္ နံနက္အေစာပိုင္းက တိုက်ိဳ အေ႐ွကေတာင္ဘက္ ၂၃၂ ကီလိုမီတာအကြာ ပင္လယ္ျပင္ကို ဗဟိုျပဳခဲ့ျခင္းဟု အေမရိကန္ ငလ်င္တိုင္းတာေရး ေအဂ်င္စီက ေၾကညာသည္။ ငလ်င္ဗဟိုျပဳေသာ အနက္သည္ ၁၀ ကီလိုမီတာမွ်သာျဖစ္ၿပီး ေရတိမ္ပိုင္း ျဖစ္ေသာေၾကာင့္ မ်က္ႏွာျပင္ေပၚ သက္ေရာက္မႈ ပိုမိုျပင္းထန္ခဲ့သည္။

ငလ်င္ေၾကာင့္ တိုက်ိဳႏွင့္ အျခားေသာ ေဒသမ်ားတြင္ ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚေၾကာင္း သတင္းမ်ား မၾကားသိရေခ်။ ပစိဖိတ္ ဆူနာမီ သတိေပး စင္တာကလည္း ငလ်င္ႏွင့္ ပတ္သက္ၿပီး ဆူနာမီ ေရလိႈင္းအႏၱရာယ္ သတိေပးခ်က္ ထုတ္ျပန္ခဲ့ျခင္း မရွိေၾကာင္း သိရသည္။ ဂ်ပန္ မိုးေလဝသ ေအဂ်င္စီက ငလ်င္ေၾကာင့္ ပင္လယ္ေရမ်က္ႏွာျပင္အျမင့္အေပၚ အေသးစား သက္ေရာက္မႈမ်ိဳး ရွိႏုိင္ေသာ္လည္း ဂ်ပန္ႏုိင္ငံအတြက္ ထိခုိက္မႈ မရွိဟု ဆိုသည္။

ဂ်ပန္သည္ ေရေအာက္ ေျမလႊာျပတ္ေ႐ြ႕ႀကီး ေလးခုဆိုင္သည့္ ေနရာတြင္ တည္ရွိေသာ ကၽြန္းႏုိင္ငံ တစ္ခုျဖစ္ရာ ႏွစ္စဉ္ႏွစ္တိုင္း အင္အားျပင္းထန္ေသာ ငလ်င္မ်ား လႈပ္ခတ္မႈႏွင့္ ႀကံဳေလ့ ရွိသည္။ သို႔ေသာ္ ႏုိင္ငံ၏ အေဆာက္အအံု တည္ေဆာက္မႈ စံႏႈန္း တိက်စြာ သတ္မွတ္ခ်က္မ်ားေၾကာင့္ ျပင္းထန္သည့္ ငလ်င္မ်ား ႀကံဳရသည့္တိုင္ ပ်က္စီးဆံုး႐ံႈးမႈကို အေသးဆံုး အဆင့္ထိ ေလွ်ာ့ခ်ႏုိင္ေလ့ရွိသည္။

၂၀၁၁ မတ္လကမူ အင္အားျပင္း ေရေအာက္ငလ်င္ႀကီး တစ္ခုေၾကာင့္ ဂ်ပန္ အေ႐ွ႕ေျမာက္ ကမ္း႐ိုးတန္းသို႔ ဆူနာမီ ေရလိုႈင္းမ်ား ႐ိုက္ခတ္ရာ လူေပါင္း ၁၈၀၀၀ ေက်ာ္ ေသဆံုးၿပီး ဖူကူရွီးမား ႏ်ဴကလီးယား ဓာတ္ေပါင္းဖိုတြင္ ေရဒီယို သတၱိႂကြ ယိုစိမ့္မႈမ်ား ျဖစ္ေပၚခဲ့သည္။

ယခုႏွစ္ ဧၿပီတြင္လည္း ဂ်ပန္၏ ကူမာမိုတို ေဒသကို ဦးတည္ၿပီး အင္အားျပင္း ငလ်င္ႀကီးႏွစ္ခု လႈပ္ခတ္ကာ ေနာက္ဆက္တြဲ ငလ်င္ငယ္ ၁၇၀၀ ေက်ာ္ ေပၚေပါက္ခဲ့ရာ လူ ၅၀ ေက်ာ္ ေသဆံုးၿပီး ေဒသတလႊားတြင္ ႀကီးမားသည့္ အပ်က္အစီးမ်ား ျဖစ္ေပၚခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော် အရှေ့တောင်ပိုင်းတွင် ရစ်ချ်တာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်သည် စက်တင်ဘာ ၂၃ ရက် နံနက်အစောပိုင်းက တိုကျို အရှေကတောင်ဘက် ၂၃၂ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြုခဲ့ခြင်းဟု အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ကြေညာသည်။ ငလျင်ဗဟိုပြုသော အနက်သည် ၁၀ ကီလိုမီတာမျှသာဖြစ်ပြီး ရေတိမ်ပိုင်း ဖြစ်သောကြောင့် မျက်နှာပြင်ပေါ် သက်ရောက်မှု ပိုမိုပြင်းထန်ခဲ့သည်။

ငလျင်ကြောင့် တိုကျိုနှင့် အခြားသော ဒေသများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ကြောင်း သတင်းများ မကြားသိရချေ။ ပစိဖိတ် ဆူနာမီ သတိပေး စင်တာကလည်း ငလျင်နှင့် ပတ်သက်ပြီး ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ဂျပန် မိုးလေဝသ အေဂျင်စီက ငလျင်ကြောင့် ပင်လယ်ရေမျက်နှာပြင်အမြင့်အပေါ် အသေးစား သက်ရောက်မှုမျိုး ရှိနိုင်သော်လည်း ဂျပန်နိုင်ငံအတွက် ထိခိုက်မှု မရှိဟု ဆိုသည်။

ဂျပန်သည် ရေအောက် မြေလွှာပြတ်ရွေ့ကြီး လေးခုဆိုင်သည့် နေရာတွင် တည်ရှိသော ကျွန်းနိုင်ငံ တစ်ခုဖြစ်ရာ နှစ်စဉ်နှစ်တိုင်း အင်အားပြင်းထန်သော ငလျင်များ လှုပ်ခတ်မှုနှင့် ကြုံလေ့ ရှိသည်။ သို့သော် နိုင်ငံ၏ အဆောက်အအုံ တည်ဆောက်မှု စံနှုန်း တိကျစွာ သတ်မှတ်ချက်များကြောင့် ပြင်းထန်သည့် ငလျင်များ ကြုံရသည့်တိုင် ပျက်စီးဆုံးရှုံးမှုကို အသေးဆုံး အဆင့်ထိ လျှော့ချနိုင်လေ့ရှိသည်။

၂၀၁၁ မတ်လကမူ အင်အားပြင်း ရေအောက်ငလျင်ကြီး တစ်ခုကြောင့် ဂျပန် အရှေ့မြောက် ကမ်းရိုးတန်းသို့ ဆူနာမီ ရေလိုှုင်းများ ရိုက်ခတ်ရာ လူပေါင်း ၁၈၀၀၀ ကျော် သေဆုံးပြီး ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုတွင် ရေဒီယို သတ္တိကြွ ယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယခုနှစ် ဧပြီတွင်လည်း ဂျပန်၏ ကူမာမိုတို ဒေသကို ဦးတည်ပြီး အင်အားပြင်း ငလျင်ကြီးနှစ်ခု လှုပ်ခတ်ကာ နောက်ဆက်တွဲ ငလျင်ငယ် ၁၇၀၀ ကျော် ပေါ်ပေါက်ခဲ့ရာ လူ ၅၀ ကျော် သေဆုံးပြီး ဒေသတလွှားတွင် ကြီးမားသည့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top