Kantharyar Centre
×

ထိုင္းႏိုင္ငံအေရွ႕ပိုင္း ခၽြန္းပူးရီးခရိုင္ ဆီရီရားခ်ားက်းဥယာဥ္ထဲမွာ တေန႔က ေပ်ာက္ဆံုးသြားတဲ့ တရုတ္ႏိုင္ငံသူ ကမၻာလွည့္ခရီးသည္အမ်ိဳးသမီးတဦးကို ဒီမနက္မွာျပန္ေတြ႔ၿပီလို႔ ထိုင္းရတ္သ တင္းမွာ ေဖာ္ျပပါတယ္။
က်ားဥယ်ာဥ္အနီး ေနထိုင္သူ ေဒသခံအမ်ိဳးသားတဦးက ဒီကေန႔မနက္ ၆ နာရီအခ်ိန္ သူ႔အိမ္ေရွ႕ေရကန္နားမွာ အ၀တ္ေလွ်ာ္ေနတဲ့ အဲဒီ အမ်ိဳးသမီးကို ေတြ႔ရွိေၾကာင္း တာ၀န္ရွိ သူေတြကို အေ ၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။

သူမကို ျပန္ေတြ႔တဲ့ေနရာဟာ က်ားဥယ်ာဥ္နဲ႔ မီတာေပါင္း ၄၀၀ သာကြာေ၀းတယ္လို႔ ဆိုပါတယ္။

တာ၀န္ရွိသူေတြက သြားေရာက္ေမးျမန္းရာမွာ ေတာ္ေတာ္နဲ႔ စကားမေျပာဘဲ ဘာသာျပန္နဲ႔ ေခ်ာ့ေမာ့ေမးျမန္းကာမွ သူဟာ အိမ္မျပန္လိုတဲ့အတြက္ ေလွ်ာက္သြားေနတာလို႔ ျပန္ေျဖဆို ခဲ့ပါ တယ္။

သူ႔ကို က်ားဥယာဥ္ဆီအလည္ေခၚခဲ့တဲ့ ခရီးသြားဧည့္လမ္းညႊန္ကလည္း အဲဒီအမ်ိဳးသမီးဟာ ကားေ ပၚမွာ လိုက္ပါလာစဥ္ ဘယ္သူနဲ႔မွစကားမေျပာဘဲ ငူငိုင္ေနတယ္လို႔ တာ၀န္ရွိ သူေတြကို ေျဖၾကားခဲ့ပါတယ္။

ေလာေလာဆယ္ သူမကို တိရိစၦာန္ဥယ်ာဥ္ နားေနေဆာင္မွာ ခ်ထားျပီး သူ႔အေၾကာင္းေတြကို စစ္ေဆးေမးျမန္းေနပါတယ္။

အသက္ ၃၅ ႏွစ္ရြယ္ Mrs.Gao Li Ping အမည္ရွိ တရုတ္အမ်ိဳးသမီးတဦးဟာ စက္တင္ဘာ ၁၁ ရက္ေန႔ ညေနက က်ားဥယ်ာဥ္ထဲမွာ ေပ်ာက္ဆံုးသြားတဲ့အတြက္ အဲဒီညက ၀န္ထမ္းနဲ႔ ကယ္ဆယ္ေရးအဖြဲ႔၀င္ ၆၀ ေက်ာ္ တညလံုးရွာေဖြခဲ့ပါတယ္။

မေတြ႔တဲ့အတြက္ ေနာက္တေန႔ စက္တင္ဘာ ၁၂ ရက္ေန႔မာ စစ္တပ္၊ ရဲနဲ႔ ကယ္ဆယ္ေရး အဖြဲ႔၀င္ အားလံုး လူအင္အား ၂၀၀ ေက်ာ္ အဖြဲ႔ ၅ ဖြဲ႔ခြဲၿပီး ဧကတစ္ရာေက်ာ္က်ယ္၀န္းတဲ့ တိရိစၦာန္ဥယ်ာဥ္တြင္း မိုးထဲေရထဲမွာ အသည္းအသန္လိုက္လံရွာေဖြခဲ့ပါေသးတယ္။

ဥယ်ာဥ္ထဲမွာ တပ္ဆင္ထားတဲ့ ေစာင့္ၾကည့္ကင္မရာေပါင္း ၁၁၆ လံုးကိုလည္း စစ္ေဆးၾကည့္႐ႈခဲ့ ရတယ္လို႔ ဥယ်ာဥ္တာ၀န္ရွိသူေတြရဲ႕ အေျပာကို ကိုးကားၿပီး ထိုင္းရတ္သတင္းမွာ ေဖာ္ျပသြား ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်းပူးရီးခရိုင် ဆီရီရားချားကျးဥယာဉ်ထဲမှာ တနေ့က ပျောက်ဆုံးသွားတဲ့ တရုတ်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည်အမျိုးသမီးတဦးကို ဒီမနက်မှာပြန်တွေ့ပြီလို့ ထိုင်းရတ်သ တင်းမှာ ဖော်ပြပါတယ်။
ကျားဥယျာဉ်အနီး နေထိုင်သူ ဒေသခံအမျိုးသားတဦးက ဒီကနေ့မနက် ၆ နာရီအချိန် သူ့အိမ်ရှေ့ရေကန်နားမှာ အဝတ်လျှော်နေတဲ့ အဲဒီ အမျိုးသမီးကို တွေ့ရှိကြောင်း တာဝန်ရှိ သူတွေကို အေ ကြာင်းကြားခဲ့တာဖြစ်ပါတယ်။

သူမကို ပြန်တွေ့တဲ့နေရာဟာ ကျားဥယျာဉ်နဲ့ မီတာပေါင်း ၄၀၀ သာကွာဝေးတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သွားရောက်မေးမြန်းရာမှာ တော်တော်နဲ့ စကားမပြောဘဲ ဘာသာပြန်နဲ့ ချော့မော့မေးမြန်းကာမှ သူဟာ အိမ်မပြန်လိုတဲ့အတွက် လျှောက်သွားနေတာလို့ ပြန်ဖြေဆို ခဲ့ပါ တယ်။

သူ့ကို ကျားဥယာဉ်ဆီအလည်ခေါ်ခဲ့တဲ့ ခရီးသွားဧည့်လမ်းညွှန်ကလည်း အဲဒီအမျိုးသမီးဟာ ကားေ ပါ်မှာ လိုက်ပါလာစဉ် ဘယ်သူနဲ့မှစကားမပြောဘဲ ငူငိုင်နေတယ်လို့ တာဝန်ရှိ သူတွေကို ဖြေကြားခဲ့ပါတယ်။

လောလောဆယ် သူမကို တိရိစ္ဆာန်ဥယျာဉ် နားနေဆောင်မှာ ချထားပြီး သူ့အကြောင်းတွေကို စစ်ဆေးမေးမြန်းနေပါတယ်။

အသက် ၃၅ နှစ်ရွယ် Mrs.Gao Li Ping အမည်ရှိ တရုတ်အမျိုးသမီးတဦးဟာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေက ကျားဥယျာဉ်ထဲမှာ ပျောက်ဆုံးသွားတဲ့အတွက် အဲဒီညက ဝန်ထမ်းနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၆၀ ကျော် တညလုံးရှာဖွေခဲ့ပါတယ်။

မတွေ့တဲ့အတွက် နောက်တနေ့ စက်တင်ဘာ ၁၂ ရက်နေ့မာ စစ်တပ်၊ ရဲနဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင် အားလုံး လူအင်အား ၂၀၀ ကျော် အဖွဲ့ ၅ ဖွဲ့ခွဲပြီး ဧကတစ်ရာကျော်ကျယ်ဝန်းတဲ့ တိရိစ္ဆာန်ဥယျာဉ်တွင်း မိုးထဲရေထဲမှာ အသည်းအသန်လိုက်လံရှာဖွေခဲ့ပါသေးတယ်။

ဥယျာဉ်ထဲမှာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာပေါင်း ၁၁၆ လုံးကိုလည်း စစ်ဆေးကြည့်ရှုခဲ့ ရတယ်လို့ ဥယျာဉ်တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွား ပါတယ်။


 ဖိုးသူတော် (www.phothutaw.com)
Credit:DVB

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top