Property Expo
×

 ေျမာက္ကိုရီးယား အေနျဖင့္ တစ္ႏွစ္လွ်င္ ႏ်ဴကလီးယားဗံုး ၆ လံုးမွ်ထိ ထုတ္လုပ္ႏုိင္သည့္ အေျခအေန ရွိေနၿပီဟု ႏ်ဴကလီးယားေရးရာ ကၽြမ္းက်င္ပညာရွင္မ်ားက သံုးသပ္ ေျပာၾကားခဲ့သည္။


ယူေရနီယမ္ သန္႔စင္မႈ လုပ္ငန္းစဉ္ကို အင္ႏွင့္အားႏွင့္ အေကာင္အထည္ ေဖာ္ေနသည့္ေနာက္ ေျမာက္ကိုရီးယား၏ ႏ်ဴကလီးယားလက္နက္ ပိုင္ဆုိင္မႈမွာ အရွိန္အဟုန္ ပိုမိုျပင္းထန္လာမည္ဟု လက္နက္ပညာရွင္မ်ားက သံုးသပ္သည္။ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္က ႏုိင္ငံသမုိင္းတေလွ်ာက္ ပဉၥမေျမာက္ႏွင့္ အားအျပင္းဆံုး ႏ်ဴကလီးယား ဗံုးတစ္လံုးကို စမ္းသပ္ ေဖာက္ခြဲခဲ့သည့္ ကြန္ျမဴနစ္ ႏုိင္ငံသည္ ယခုႏွစ္ကုန္တြင္ ႏ်ဴကလီးယားဗံုး အလံုး ၂၀ မွ်ထိ ပိုင္ဆုိင္ေနမည္ဟု ယူဆရသည္။

ေျမာက္ကုိရီးယားသည္ ကုလသမဂၢ၏ ပိတ္ပင္မႈမ်ားကို ႀကံ႕ႀကံ႕ခံကာ ယူေရနီယမ္ သန္႔စင္မႈကို အရွိန္ျမႇင့္ ေဆာင္ရြက္လာခဲ့သည္။ ႏုိင္ငံတကာ လက္နက္ပညာရွင္မ်ားက ယခုအခါ ေျမာက္ကိုရီးယား၏ သန္႔စင္ ယူေရနီယမ္ ပိုင္ဆိုင္မႈသည္ တစ္ႏွစ္လွ်င္ ႏ်ဴကလီးယားဗံုး ၆ လံုးမွ် ထုတ္လုပ္ႏုိင္ရန္ လံုေလာက္မႈ ရွိလာၿပီဟု ခန္႔မွန္းၾကသည္။

ေျမာက္ကိုရီးယား၏ ႏ်ဴကလီးယား နည္းပညာေရးရာ အထူးျပဳ ေလ့လာသူ တစ္ဦးျဖစ္ၿပီး ၂၀၁၀ ျပည့္ႏွစ္က ေျမာက္ကိုရီးယား၏  ေယာင္ၿဗံဳး ႏ်ဴကလီးယား စက္႐ံုကို ကိုယ္တိုင္သြားေရာက္ ေလ့လာဖူးသည့္ ဆီးဖ႐ိုက္ဒ္ ဟက္ကာက “ယူေရနီယမ္ သန္႔စင္မႈ လုပ္ငန္းစဉ္ေတြ အရွိန္ေကာင္းလာတာနဲ႔အတူ ေျမာက္ကိုရီးယားမွာ ပလူတိုနီယမ္ ၃၂ ကီလိုဂရမ္ကေန ၅၄ ကီလိုဂရမ္ေလာက္ ရွိေနၿပီလို႔ ယံုၾကည္ရပါတယ္။ ဒါဟာ ၂၀၁၆ ႏွစ္ကုန္ေလာက္မွာ ႏ်ဴကလီးယားဗံုး အလံုး ၂၀ ေလာက္ ထုတ္လုပ္ဖို႔ လံုေလာက္တဲ့ ကုန္ၾကမ္းပမာဏပါပဲ”ဟု ေျပာၾကားခဲ့သည္။

ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီး ဟန္မင္ကူးကလည္း ေျမာက္ကိုရီးယား၏ ပလူတိုနီယမ္ ပိုင္ဆိုင္မႈသည္ ၄၀ ကီလုိဂရမ္ ဝန္းက်င္မွ် ရွိေနၿပီဟု ခန္႔မွန္းဖူးသည္။

ေျမာက္ကိုရီးယားသည္ ၿပီးခဲ့သည့္ သီတင္းပတ္ ႏ်ဴကလီးယား စမ္းသပ္မႈ ေအာင္ျမင္ေၾကာင္း ေၾကညာခဲ့သည့္အျပင္ မိမိတို႔၏ ႏ်ဴကလီးယား လက္နက္မ်ားကို တိုက္ခ်င္းပစ္ ဒံုးက်ည္ ထိပ္ဖူးမ်ားတြင္ တပ္ဆင္ ပစ္ခတ္ႏုိင္စြမ္း ရွိလာၿပီဟုလည္း သတင္းထုတ္ျပန္ခဲ့သည္။ လတ္တေလာတြင္ ေျမာက္ကိုရီးယား၏ ႏ်ဴကလီးယား စမ္းသပ္ေဖာက္ခြဲရာ ေနရာတြင္ လႈပ္ရွားမႈမ်ား ရွိေနၿပီး ေနာက္ထပ္တစ္ႀကိမ္ စမ္းသပ္မႈ ျပဳလုပ္မည္ဟု ယံုၾကည္ရေၾကာင္း ေတာင္ကိုရီးယား ေထာက္လွမ္းေရးက ေျပာၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 မြောက်ကိုရီးယား အနေဖြင့် တစ်နှစ်လျှင် နျူကလီးယားဗုံး ၆ လုံးမျှထိ ထုတ်လုပ်နိုင်သည့် အခြေအနေ ရှိနေပြီဟု နျူကလီးယားရေးရာ ကျွမ်းကျင်ပညာရှင်များက သုံးသပ် ပြောကြားခဲ့သည်။


ယူရေနီယမ် သန့်စင်မှု လုပ်ငန်းစဉ်ကို အင်နှင့်အားနှင့် အကောင်အထည် ဖော်နေသည့်နောက် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုမှာ အရှိန်အဟုန် ပိုမိုပြင်းထန်လာမည်ဟု လက်နက်ပညာရှင်များက သုံးသပ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က နိုင်ငံသမိုင်းတလျှောက် ပဉ္စမမြောက်နှင့် အားအပြင်းဆုံး နျူကလီးယား ဗုံးတစ်လုံးကို စမ်းသပ် ဖောက်ခွဲခဲ့သည့် ကွန်မြူနစ် နိုင်ငံသည် ယခုနှစ်ကုန်တွင် နျူကလီးယားဗုံး အလုံး ၂၀ မျှထိ ပိုင်ဆိုင်နေမည်ဟု ယူဆရသည်။

မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ ပိတ်ပင်မှုများကို ကြံ့ကြံ့ခံကာ ယူရေနီယမ် သန့်စင်မှုကို အရှိန်မြှင့် ဆောင်ရွက်လာခဲ့သည်။ နိုင်ငံတကာ လက်နက်ပညာရှင်များက ယခုအခါ မြောက်ကိုရီးယား၏ သန့်စင် ယူရေနီယမ် ပိုင်ဆိုင်မှုသည် တစ်နှစ်လျှင် နျူကလီးယားဗုံး ၆ လုံးမျှ ထုတ်လုပ်နိုင်ရန် လုံလောက်မှု ရှိလာပြီဟု ခန့်မှန်းကြသည်။

မြောက်ကိုရီးယား၏ နျူကလီးယား နည်းပညာရေးရာ အထူးပြု လေ့လာသူ တစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က မြောက်ကိုရီးယား၏  ယောင်ဗြုံး နျူကလီးယား စက်ရုံကို ကိုယ်တိုင်သွားရောက် လေ့လာဖူးသည့် ဆီးဖရိုက်ဒ် ဟက်ကာက “ယူရေနီယမ် သန့်စင်မှု လုပ်ငန်းစဉ်တွေ အရှိန်ကောင်းလာတာနဲ့အတူ မြောက်ကိုရီးယားမှာ ပလူတိုနီယမ် ၃၂ ကီလိုဂရမ်ကနေ ၅၄ ကီလိုဂရမ်လောက် ရှိနေပြီလို့ ယုံကြည်ရပါတယ်။ ဒါဟာ ၂၀၁၆ နှစ်ကုန်လောက်မှာ နျူကလီးယားဗုံး အလုံး ၂၀ လောက် ထုတ်လုပ်ဖို့ လုံလောက်တဲ့ ကုန်ကြမ်းပမာဏပါပဲ”ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဟန်မင်ကူးကလည်း မြောက်ကိုရီးယား၏ ပလူတိုနီယမ် ပိုင်ဆိုင်မှုသည် ၄၀ ကီလိုဂရမ် ဝန်းကျင်မျှ ရှိနေပြီဟု ခန့်မှန်းဖူးသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ် နျူကလီးယား စမ်းသပ်မှု အောင်မြင်ကြောင်း ကြေညာခဲ့သည့်အပြင် မိမိတို့၏ နျူကလီးယား လက်နက်များကို တိုက်ချင်းပစ် ဒုံးကျည် ထိပ်ဖူးများတွင် တပ်ဆင် ပစ်ခတ်နိုင်စွမ်း ရှိလာပြီဟုလည်း သတင်းထုတ်ပြန်ခဲ့သည်။ လတ်တလောတွင် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်ဖောက်ခွဲရာ နေရာတွင် လှုပ်ရှားမှုများ ရှိနေပြီး နောက်ထပ်တစ်ကြိမ် စမ်းသပ်မှု ပြုလုပ်မည်ဟု ယုံကြည်ရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောကြားထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top