Property Expo
×

ျမန္မာႏုိင္ငံခရီးသြားလုပ္ငန္း ေစ်းကြက္ျမႇင့္တင္ေရးအသင္းက ႏွစ္စဥ္ဦးစီးက်င္းပခဲ့ေသာ မစၥျမန္မာအင္တာေနရွင္နယ္ၿပိဳင္ပြဲ ၂ဝ၁၆ ေနာက္ဆံုးဆန္ခါတင္ အလွမယ္ေရြးခ်ယ္ပြဲႀကီးကုိ စက္တင္ဘာလ(၄)ရက္ေန ့ ညပုိင္းက ရန္ကုန္ၿမိဳ႕ ကၻာေအးဘုရားလမ္းရွိ Melia ဟိုတယ္၌ က်င္းပရာ အလွမယ္သရဖူWinner ဆုကုိ ခါးနံပါတ္(၁၅) အင္ၾကင္းထူးက ရရွိခဲ့ၿပီး လာမည့္ေအာက္တုိဘာလတြင္ ဂ်ပန္ ႏုိင္ငံ၌ က်င္းပမည့္ မစၥ အင္တာေနရွင္နယ္ၿပိဳင္ပြဲသုိ႔ ႏုိင္ငံ ကုိယ္စားျပဳသြားေရာက္ ယွဥ္ၿပိဳင္ရေတာ့မည္ ျဖစ္သည္။

''အခုလုိWinnerဆုကုိ ဆြတ္ခူးဖုိ႔အတြက္ ေတာ္ေတာ္ ေလးႀကိဳးစားခဲ့ပါတယ္။ ႀကိဳးစားခဲ့တဲ့ၾကားကရလုိ႔ အလြန္ပဲ ေက်နပ္မိပါတယ္။

ဒီမစၥအင္တာေနရွင္နယ္ၿပိဳင္ပြဲကုိ ၿပီးခဲ့တဲ့ ၂ဝ၁၂ မနန္းခင္ေဇယ်ာ ရခဲ့တဲ့ႏွစ္ကလည္း တစ္ႀကိမ္ဝင္ၿပိဳင္ခဲ့ ပါတယ္။

အခုဒုတိယအႀကိမ္ဝင္ၿပိဳင္တာWinner ဆုကုိ ရရွိခဲ့ တာပါ။ ႀကိဳးစားရက်ဳိးနပ္တယ္လုိ႔ေျပာလုိ႔ရပါတယ္။ ဒီဆုရတဲ့ အတြက္ ေနာင္မွာ ဒီထက္မက ထပ္မံႀကိဳးစားသြားမယ္လုိ႔ ဆံုးျဖတ္လုိက္ပါၿပီ။ အားေပးတဲ့ပရိသတ္ႀကီးကုိလည္း အလြန္ပဲ ေက်းဇူးတင္ပါတယ္''ဟု သရဖူဆုရွင္အလွမယ္ အင္ၾကင္းထူး ကေျပာသည္။

ယေန႔ ေနာက္ဆံုးဆန္ခါတင္ ေရြးခ်ယ္ခဲ့ေသာ မစၥျမန္မာ အင္တာေနရွင္နယ္ၿပိဳင္ပြဲ ၂ဝ၁၆ ရဲ႕ အလွမယ္ သရဖူဆုကုိ ခါးနံပါတ္ (၁၅) အင္ၾကင္းထူး၊1st Runner Upဆုကုိ ခါးနံပါတ္ (၁) တင္စႏၵာမ်ဳိးႏွင့္ 2nd Runner Up ဆုကုိ ခါးနံပါတ္(၄) ေနၾကာခင္ခင္တုိ႔က ရရွိခဲ့ၿပီး အျခားTitleဆုမ်ားျဖစ္သည့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဗဟုသုတႏွင့္ပတ္သက္ေသာ Miss Green ဆုကုိ ခါးနံပါတ္ (၄) ေနၾကာ ခင္ခင္၊ ပရိသတ္အႀကိဳက္ အမ်ားဆံုး Voting ေပး၍ ေရြးခ်ယ္ေပးေသာ Miss Popular ဆု သရဖူရရွိခဲ့ေသာ အင္ၾကင္းထူးႏွင့္Talent Show ၿပိဳင္ပြဲတြင္ အေကာင္းဆံုးတင္ ဆက္ျပသႏုိင္သည့္Miss Talentဆုကုိ ခါးနံပါတ္ (၁၈) ႏုိးထက္ထက္ႏုိင္ က ရရွိခဲ့သည္။

ယခုေရြးခ်ယ္ခဲ့ေသာ အလွမယ္မ်ားကုိ ၿပီးခဲ့သည့္ ၾသဂုတ္ ၃ရက္က ရန္ကုန္ၿမိဳ႕ ကန္ေတာ္ႀကီး ပဲေလ့စ္ဟုိတယ္၌ ေရြးခ်ယ္ ခဲ့ေသာ ဆန္ခါတင္ အလွမယ္ ၂ဝ ျဖစ္သည့္ ခါးနံပါတ္(၁)တင္စႏၵာမ်ဳိး၊ ခါးနံပါတ္(၂) ခင္ယမံုသင္း၊ ခါးနံပါတ္ (၃) နန္းႏွင္း အိျႏၵာထြဋ္၊ ခါးနံပါတ္ (၄) ေနၾကာခင္ခင္၊ ခါးနံပါတ္(၅) ရႊန္းလဲ့ ရတီ၊ ခါးနံပါတ္(၆) ႏွင္းဦးေရႊရည္၊ ခါးနံပါတ္ (၇) မုိးပြင့္ျဖဴဟန္၊ ခါးနံပါတ္ (၈) ေဆာင္းသဇင္သင္း၊ ခါးနံပါတ္ (၉) ယမံု၊ ခါးနံပါတ္ (၁ဝ) ခြန္းေနျခည္ခ်ဳိ၊ ခါးနံပါတ္ (၁၁) ေမသက္ေက်ာ္၊ ခါးနံပါတ္ (၁၂) ႏွင္းေရႊရည္၊ ခါးနံပါတ္ (၁၃) ဖူးျပည့္ထြန္း၊ ခါးနံပါတ္ (၁၄) သုသုျမတ္ႏုိး၊ ခါးနံပါတ္ (၁၅) အင္ၾကင္းထူး၊ ခါးနံပါတ္ (၁၆) ဆုေရႊရည္ထူး၊ ခါးနံပါတ္ (၁၇) ဂ်ာႏြယ္ပန္၊ ခါးနံပါတ္ (၁၈) ႏုိးထက္ထက္ႏုိင္၊ ခါးနံပါတ္ (၁၉) အိပုိးပုိးထြန္းႏွင့္ ခါးနံပါတ္ (၂ဝ) သြန္းနႏၵာသိမ့္တုိ႔ထဲမွ ေရြးခ်ယ္ခဲ့ျခင္းျဖစ္သည္။

ျမန္မာႏုိင္ငံခရီးသြားလုပ္ငန္းျမႇင့္တင္ေရးက႑မ်ားတြင္ ျမန္မာအမ်ဳိးသမီးမ်ား တစ္တပ္တစ္အားပါဝင္ရန္ႏွင့္ ျမန္မာ ႏုိင္ငံအတြင္း စိတ္ဝင္စားဖြယ္ေဒသ မ်ားကုိ ေဖာ္ထုတ္ႏုိင္ရန္ အဓိကရည္ရြယ္၍ ၂ဝ၁၂ ခုႏွစ္မွ ႏွစ္စဥ္ က်င္းပ ခဲ့ေသာ အဆုိပါ မစၥျမန္မာအင္တာေနရွင္နယ္ ၿပိဳင္ပြဲႀကီးသည္ ယခု ၂ဝ၁၆ ခုႏွစ္ ငါးႏွစ္ျပည့္ ေျမာက္တြင္ အလွမယ္ အင္ၾကင္းထူးက ရရွိခဲ့ျခင္း ျဖစ္သည္။ ပထမအႀကိမ္က်င္းပခဲ့စဥ္ ၂ဝ၁၂ က ေရြးခ်ယ္ခဲ့ေသာ အလွမယ္ မွာ ယခု႐ုပ္ရွင္ႏွင့္ဗီဒီယုိသ႐ုပ္ေဆာင္ နန္းခင္ေဇယ်ာ၊ ၂ဝ၁၃ ခုႏွစ္တြင္ အလွမယ္ ဂုဏ္ရည္ေအးေက်ာ္၊ ၂ဝ၁၄ ခုႏွစ္တြင္ 1st Runner Upဆုရွင္ ေမဘရဏီေသာ္ႏွင့္ ၿပီးခဲ့သည့္ ၂ဝ၁၅ ခုႏွစ္တြင္ အမရာၿငိမ္း တုိ႔ကုိ ေရြးခ်ယ္ကာ ႏွစ္စဥ္ ဂ်ပန္ႏုိင္ငံ၌ က်င္းပသည့္ မစၥအင္တာေနရွင္နယ္ၿပိဳင္ပြဲ သုိ႔ ႏုိင္ငံကုိယ္စားျပဳ အျဖစ္ ေစလႊတ္ယွဥ္ၿပိဳင္ႏုိင္ ခဲ့ၿပီ ျဖစ္သည္။ ယခုႏွစ္ ငါးႀကိမ္ေျမာက္တြင္ ဆြတ္ခူးရရွိခဲ့ေသာ မစၥျမန္မာ အင္တာေနရွင္နယ္ အလွမယ္ သရဖူဆုရွင္ အင္ၾကင္းထူးကုိလည္း လာမည့္ေအာက္ တုိဘာလတြင္ ဂ်ပန္ႏုိင္ငံတြင္ျပဳလုပ္မည့္ ၂ဝ၁၆ မစၥအင္တာေနရွင္ နယ္ Beauty Pageant ၿပိဳင္ပြဲသုိ႔ ႏုိင္ငံကုိယ္စားျပဳေစလႊတ္ ယွဥ္ၿပိဳင္သြားမည္ ျဖစ္သည္။

ယေန႔ေရြးခ်ယ္ခံခဲ့ရေသာ သရဖူWinner ဆုရွင္ကုိ ႏွစ္စဥ္ ဦးစီးက်င္းပ ခဲ့ေသာ ျမန္မာႏုိင္ငံ ခရီးသြားလုပ္ငန္း ေစ်းကြက္ ျမႇင့္တင္ေရးအသင္းက ခ်ီးျမႇင့္ေငြက်ပ္ သိန္း ၁ဝဝ၊ 1st Runner Up ဆုရွင္ ကုိ ေငြက်ပ္ သိန္း ၆ဝ ႏွင့္2nd Runner Up ဆုကုိ ေငြက်ပ္ သိန္း ၄ဝ တုိ႔ကို အသီးသီးခ်ီးျမႇင့္ခဲ့ၾက သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းက နှစ်စဉ်ဦးစီးကျင်းပခဲ့သော မစ္စမြန်မာအင်တာနေရှင်နယ်ပြိုင်ပွဲ ၂ဝ၁၆ နောက်ဆုံးဆန်ခါတင် အလှမယ်ရွေးချယ်ပွဲကြီးကို စက်တင်ဘာလ(၄)ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ က္ဘာအေးဘုရားလမ်းရှိ Melia ဟိုတယ်၌ ကျင်းပရာ အလှမယ်သရဖူWinner ဆုကို ခါးနံပါတ်(၁၅) အင်ကြင်းထူးက ရရှိခဲ့ပြီး လာမည့်အောက်တိုဘာလတွင် ဂျပန် နိုင်ငံ၌ ကျင်းပမည့် မစ္စ အင်တာနေရှင်နယ်ပြိုင်ပွဲသို့ နိုင်ငံ ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

''အခုလိုWinnerဆုကို ဆွတ်ခူးဖို့အတွက် တော်တော် လေးကြိုးစားခဲ့ပါတယ်။ ကြိုးစားခဲ့တဲ့ကြားကရလို့ အလွန်ပဲ ကျေနပ်မိပါတယ်။

ဒီမစ္စအင်တာနေရှင်နယ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂ဝ၁၂ မနန်းခင်ဇေယျာ ရခဲ့တဲ့နှစ်ကလည်း တစ်ကြိမ်ဝင်ပြိုင်ခဲ့ ပါတယ်။

အခုဒုတိယအကြိမ်ဝင်ပြိုင်တာWinner ဆုကို ရရှိခဲ့ တာပါ။ ကြိုးစားရကျိုးနပ်တယ်လို့ပြောလို့ရပါတယ်။ ဒီဆုရတဲ့ အတွက် နောင်မှာ ဒီထက်မက ထပ်မံကြိုးစားသွားမယ်လို့ ဆုံးဖြတ်လိုက်ပါပြီ။ အားပေးတဲ့ပရိသတ်ကြီးကိုလည်း အလွန်ပဲ ကျေးဇူးတင်ပါတယ်''ဟု သရဖူဆုရှင်အလှမယ် အင်ကြင်းထူး ကပြောသည်။

ယနေ့ နောက်ဆုံးဆန်ခါတင် ရွေးချယ်ခဲ့သော မစ္စမြန်မာ အင်တာနေရှင်နယ်ပြိုင်ပွဲ ၂ဝ၁၆ ရဲ့ အလှမယ် သရဖူဆုကို ခါးနံပါတ် (၁၅) အင်ကြင်းထူး၊1st Runner Upဆုကို ခါးနံပါတ် (၁) တင်စန္ဒာမျိုးနှင့် 2nd Runner Up ဆုကို ခါးနံပါတ်(၄) နေကြာခင်ခင်တို့က ရရှိခဲ့ပြီး အခြားTitleဆုများဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဗဟုသုတနှင့်ပတ်သက်သော Miss Green ဆုကို ခါးနံပါတ် (၄) နေကြာ ခင်ခင်၊ ပရိသတ်အကြိုက် အများဆုံး Voting ပေး၍ ရွေးချယ်ပေးသော Miss Popular ဆု သရဖူရရှိခဲ့သော အင်ကြင်းထူးနှင့်Talent Show ပြိုင်ပွဲတွင် အကောင်းဆုံးတင် ဆက်ပြသနိုင်သည့်Miss Talentဆုကို ခါးနံပါတ် (၁၈) နိုးထက်ထက်နိုင် က ရရှိခဲ့သည်။

ယခုရွေးချယ်ခဲ့သော အလှမယ်များကို ပြီးခဲ့သည့် သြဂုတ် ၃ရက်က ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ရွေးချယ် ခဲ့သော ဆန်ခါတင် အလှမယ် ၂ဝ ဖြစ်သည့် ခါးနံပါတ်(၁)တင်စန္ဒာမျိုး၊ ခါးနံပါတ်(၂) ခင်ယမုံသင်း၊ ခါးနံပါတ် (၃) နန်းနှင်း အိန္ဒြာထွဋ်၊ ခါးနံပါတ် (၄) နေကြာခင်ခင်၊ ခါးနံပါတ်(၅) ရွှန်းလဲ့ ရတီ၊ ခါးနံပါတ်(၆) နှင်းဦးရွှေရည်၊ ခါးနံပါတ် (၇) မိုးပွင့်ဖြူဟန်၊ ခါးနံပါတ် (၈) ဆောင်းသဇင်သင်း၊ ခါးနံပါတ် (၉) ယမုံ၊ ခါးနံပါတ် (၁ဝ) ခွန်းနေခြည်ချို၊ ခါးနံပါတ် (၁၁) မေသက်ကျော်၊ ခါးနံပါတ် (၁၂) နှင်းရွှေရည်၊ ခါးနံပါတ် (၁၃) ဖူးပြည့်ထွန်း၊ ခါးနံပါတ် (၁၄) သုသုမြတ်နိုး၊ ခါးနံပါတ် (၁၅) အင်ကြင်းထူး၊ ခါးနံပါတ် (၁၆) ဆုရွှေရည်ထူး၊ ခါးနံပါတ် (၁၇) ဂျာနွယ်ပန်၊ ခါးနံပါတ် (၁၈) နိုးထက်ထက်နိုင်၊ ခါးနံပါတ် (၁၉) အိပိုးပိုးထွန်းနှင့် ခါးနံပါတ် (၂ဝ) သွန်းနန္ဒာသိမ့်တို့ထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးကဏ္ဍများတွင် မြန်မာအမျိုးသမီးများ တစ်တပ်တစ်အားပါဝင်ရန်နှင့် မြန်မာ နိုင်ငံအတွင်း စိတ်ဝင်စားဖွယ်ဒေသ များကို ဖော်ထုတ်နိုင်ရန် အဓိကရည်ရွယ်၍ ၂ဝ၁၂ ခုနှစ်မှ နှစ်စဉ် ကျင်းပ ခဲ့သော အဆိုပါ မစ္စမြန်မာအင်တာနေရှင်နယ် ပြိုင်ပွဲကြီးသည် ယခု ၂ဝ၁၆ ခုနှစ် ငါးနှစ်ပြည့် မြောက်တွင် အလှမယ် အင်ကြင်းထူးက ရရှိခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ်ကျင်းပခဲ့စဉ် ၂ဝ၁၂ က ရွေးချယ်ခဲ့သော အလှမယ် မှာ ယခုရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နန်းခင်ဇေယျာ၊ ၂ဝ၁၃ ခုနှစ်တွင် အလှမယ် ဂုဏ်ရည်အေးကျော်၊ ၂ဝ၁၄ ခုနှစ်တွင် 1st Runner Upဆုရှင် မေဘရဏီသော်နှင့် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်တွင် အမရာငြိမ်း တို့ကို ရွေးချယ်ကာ နှစ်စဉ် ဂျပန်နိုင်ငံ၌ ကျင်းပသည့် မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲ သို့ နိုင်ငံကိုယ်စားပြု အဖြစ် စေလွှတ်ယှဉ်ပြိုင်နိုင် ခဲ့ပြီ ဖြစ်သည်။ ယခုနှစ် ငါးကြိမ်မြောက်တွင် ဆွတ်ခူးရရှိခဲ့သော မစ္စမြန်မာ အင်တာနေရှင်နယ် အလှမယ် သရဖူဆုရှင် အင်ကြင်းထူးကိုလည်း လာမည့်အောက် တိုဘာလတွင် ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် ၂ဝ၁၆ မစ္စအင်တာနေရှင် နယ် Beauty Pageant ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြုစေလွှတ် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ယနေ့ရွေးချယ်ခံခဲ့ရသော သရဖူWinner ဆုရှင်ကို နှစ်စဉ် ဦးစီးကျင်းပ ခဲ့သော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေးအသင်းက ချီးမြှင့်ငွေကျပ် သိန်း ၁ဝဝ၊ 1st Runner Up ဆုရှင် ကို ငွေကျပ် သိန်း ၆ဝ နှင့်2nd Runner Up ဆုကို ငွေကျပ် သိန်း ၄ဝ တို့ကို အသီးသီးချီးမြှင့်ခဲ့ကြ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top