Property Expo
×




Credit : Duwun


#Unicode Version

ကလေးသုံးယောက်ကို ကားနဲ့တက်ကြိတ်တဲ့ ဗီဒီယိုတစ်ခုဟာ တရုတ်အွန်လိုင်းမှာ ပြန့်နှံ့နေပြီး တက်ကြိတ်ခံရတဲ့ ကလေးသုံးယောက်ဟာ သေဆုံးခြင်းမရှိဘူးလို့ သိရပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ တရုတ်နိုင်ငံ ရှန်ကျန်ပြည်နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးတွေဟာ ကားပါကင်မှာ ဆော့နေတုန်း ကားနဲ့ကြိတ်ခံရတာဖြစ်ပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ ကားမောင်းသမားဟာ ဖုန်းကိုအာရုံရောက်နေတာကြောင့် ကလေးတွေကို သတိမထားမိခဲ့ဘူးလို့ သိရပါတယ်။

 ကားမောင်းသမားကို ရဲတွေက ဖမ်းဆီးထားပြီး ကလေးတွေကိုဆေးရုံချက်ချင်းပို့နိုင်ခဲ့ကာ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top