Property Expo
×

မိႈမ်ားသည္ ၎တို႕တြင္ နည္းပါးစြာ ပါ၀င္ေသာ သၾကားဓာတ္ေၾကာင့္ ဆီးခ်ိဳ ေ၀ဒနာရွင္မ်ား စားသံုး ေပးႏိုင္ေၾကာင္း ေလ့လာမႈ တစ္ရပ္တြင္ ေဖာ္ျပ ထားသည္။

Himachal Pradesh University ဇီ၀သိပၸံ ဌာနမွ သုေတသီ Dr. TN Lakhanpal က မိႈကို ဟင္းအျဖစ္ ခ်က္ျပဳတ္စားသံုးေပး ျခင္းသည္ ဆီးခ်ိဳရွိေသာ ေ၀ဒနာရွင္ မ်ားအတြက္ ယင္းတြင္ ပါ၀င္ေသာ အာဟာရ တန္ဖိုးမ်ားက က်န္းမာေရး အာနိသင္ကို ေပးစြမ္းသည့္အျပင္ ယင္းတြင္ သၾကားဓာတ္ မဆိုစေလာက္ နည္းပါးစြာ ပါ၀င္မႈေၾကာင့္ ေဘးထြက္ ဆိုးက်ိဳးမ်ားကို မျဖစ္ေစေၾကာင္း၊ သို႕ေသာ္ အႏၲရာယ္ရွိေသာ၊ အဆိပ္ရွိေသာ မႈိမ်ားကိုဆိုလိုျခင္း မဟုတ္ဘဲ ျပည္သူမ်ား လြယ္လင့္တကူ စားသံုးႏိုင္ေသာ ေကာက္႐ိုးမိႈ၊ ေတာင္ပို႕မိႈႏွင့္ ႏြားရြက္ မိႈ မ်ားကိုသာ ဆိုလုိျခင္း ျဖစ္ေၾကာင္း ယခုစာတမ္းတြင္ ေဖာ္ျပထားသည္။

ေလ့လာမႈ စာတမ္းတြင္ ေဖာ္ျပထားခ်က္ အရ မိႈမ်ားတြင္ အဆီဓာတ္မပါ ၀င္ေၾကာင္း၊ ထို႕ေၾကာင့္ အ၀လြန္ေနေသာ ဆီးခ်ိဳ ေ၀ဒနာရွင္မ်ား စားသံုးေပး ႏိုင္ေၾကာင္း သိရွိရသည္။ ထို႕ျပင္မိႈ (Mushrooms) ၏ ကင္ဆာႏွင့္ HIV အေပၚ အက်ိဳး သက္ေရာက္မႈကို ဆက္လက္ ေလ့လာေနေၾကာင္း၊ ေဆးဘက္၀င္ အာနိသင္အျပင္ မိႈကို စားသံုး ေပးျခင္းသည္ အစား ေရွာင္ေနရေသာ ဆီးခ်ိဳ ေ၀ဒနာရွင္မ်ားကို အဆင္ေျပ ေစမည္ဟု Dr. TN Lakhanpal က ေျပာၾကားခဲ့သည္။

Dr. TN Lakhanpal က ယခုေလ့လာမႈ စာတမ္းကို အႀကိမ္ တစ္ရာေျမာက္ အိႏၵိယ သိပၸံပညာ ကြန္ဂရက္တြင္ တင္ျပထားျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Health Updates Journal


#Unicode Version

မှိုများသည် ၎င်းတို့တွင် နည်းပါးစွာ ပါဝင်သော သကြားဓာတ်ကြောင့် ဆီးချို ဝေဒနာရှင်များ စားသုံး ပေးနိုင်ကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ ထားသည်။

Himachal Pradesh University ဇီဝသိပ္ပံ ဌာနမှ သုတေသီ Dr. TN Lakhanpal က မှိုကို ဟင်းအဖြစ် ချက်ပြုတ်စားသုံးပေး ခြင်းသည် ဆီးချိုရှိသော ဝေဒနာရှင် များအတွက် ယင်းတွင် ပါဝင်သော အာဟာရ တန်ဖိုးများက ကျန်းမာရေး အာနိသင်ကို ပေးစွမ်းသည့်အပြင် ယင်းတွင် သကြားဓာတ် မဆိုစလောက် နည်းပါးစွာ ပါဝင်မှုကြောင့် ဘေးထွက် ဆိုးကျိုးများကို မဖြစ်စေကြောင်း၊ သို့သော် အန္တရာယ်ရှိသော၊ အဆိပ်ရှိသော မှိုများကိုဆိုလိုခြင်း မဟုတ်ဘဲ ပြည်သူများ လွယ်လင့်တကူ စားသုံးနိုင်သော ကောက်ရိုးမှို၊ တောင်ပို့မှိုနှင့် နွားရွက် မှို များကိုသာ ဆိုလိုခြင်း ဖြစ်ကြောင်း ယခုစာတမ်းတွင် ဖော်ပြထားသည်။

လေ့လာမှု စာတမ်းတွင် ဖော်ပြထားချက် အရ မှိုများတွင် အဆီဓာတ်မပါ ဝင်ကြောင်း၊ ထို့ကြောင့် အဝလွန်နေသော ဆီးချို ဝေဒနာရှင်များ စားသုံးပေး နိုင်ကြောင်း သိရှိရသည်။ ထို့ပြင်မှို (Mushrooms) ၏ ကင်ဆာနှင့် HIV အပေါ် အကျိုး သက်ရောက်မှုကို ဆက်လက် လေ့လာနေကြောင်း၊ ဆေးဘက်ဝင် အာနိသင်အပြင် မှိုကို စားသုံး ပေးခြင်းသည် အစား ရှောင်နေရသော ဆီးချို ဝေဒနာရှင်များကို အဆင်ပြေ စေမည်ဟု Dr. TN Lakhanpal က ပြောကြားခဲ့သည်။

Dr. TN Lakhanpal က ယခုလေ့လာမှု စာတမ်းကို အကြိမ် တစ်ရာမြောက် အိန္ဒိယ သိပ္ပံပညာ ကွန်ဂရက်တွင် တင်ပြထားခြင်း ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : Health Updates Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top