Property Expo
×

ပဲခူးတိုင္းေဒသႀကီး ျဖဴးၿမိဳ႕နယ္ ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္း မိုင္တိုင္ အမွတ္ ၁၁၃/၄ ႏွင့္ ၁၁၃/၅ အၾကား တြင္ စက္တင္ဘာ ၅ ရက္ နံနက္ ၇ နာရီ ခြဲခန္႔က အိမ္စီးယာဥ္တစ္စီး အရွိန္မထိန္း ႏိုင္ဘဲ အျမန္လမ္းမႀကီးနံေဘးရွိ ဆည္ အတြင္းသို႔ ထိုးက်တိမ္းေမွာက္မႈျဖစ္ပြား ခဲ့ေၾကာင္း သိရသည္။

ယာဥ္ေမာင္း ဦးထြန္းေက်ာ္ေအာင္ (၃၈ ႏွစ္) ဖ်ာပုံၿမိဳ႕ေနသူ ေမာင္းႏွင္လာ ေသာ 9H/---- တိုယိုတာယာဥ္သည္ ယာဥ္ေမာင္းအပါအဝင္ အမ်ဳိးသားငါးဦး အားတင္ေဆာင္၍ ရန္ကုန္ဘက္မွ ေနျပည္ေတာ္ဘက္သို႔ု႔ ေမာင္းႏွင္လာစဥ္ အခင္းျဖစ္ မိုင္တိုင္အေရာက္တြင္ အရွိန္ မထိန္းႏိုင္ဘဲ လမ္း၏ယာဘက္ျခမ္း ရွိ ျဖဴးေခ်ာင္းေရပိုလႊဲဆည္အတြင္းသို႔ ထိုးက်ခဲ့သည္။

 ယာဥ္ေပၚ၌ လိုက္ပါလာ သူမ်ားအနက္ ဦးေဌးဝင္းမွာ ျဖဴးေဆး႐ံု သို႔ တင္ပို႔စဥ္ ရရွိေသာဒဏ္ရာျဖင့္ ေသဆံုး သြားၿပီး က်န္သူမ်ားျဖစ္ၾကသည့္ ဦးေအာင္ထူး (၅၈ ႏွစ္)၊ ဦးခင္ေမာင္ ေက်ာ္ (၅ဝ ႏွစ္) ႏွင့္ ဦးတာႏိုင္ (၆၃ ႏွစ္) တို႔ ဒဏ္ရာမ်ားရရွိ၍ အတြင္းလူနာ (မစိုးရိမ္ရ)အျဖစ္ ေဆးကုသမႈခံယူ လ်က္ရွိေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ဦးထြန္းေက်ာ္ေအာင္အား ျဖဴးအျမန္ လမ္းမႀကီးရဲစခန္းက အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
ဖြူ း စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် အမှတ် ၁၁၃/၄ နှင့် ၁၁၃/၅ အကြား တွင် စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီ ခွဲခန့်က အိမ်စီးယာဉ်တစ်စီး အရှိန်မထိန်း နိုင်ဘဲ အမြန်လမ်းမကြီးနံဘေးရှိ ဆည် အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ယာဉ်မောင်း ဦးထွန်းကျော်အောင် (၃၈ နှစ်) ဖျာပုံမြို့နေသူ မောင်းနှင်လာ သော 9H/---- တိုယိုတာယာဉ်သည် ယာဉ်မောင်းအပါအဝင် အမျိုးသားငါးဦး အားတင်ဆောင်၍ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ် မိုင်တိုင်အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်း ရှိ ဖြူးချောင်းရေပိုလွှဲဆည်အတွင်းသို့ ထိုးကျခဲ့သည်။

 ယာဉ်ပေါ်၌ လိုက်ပါလာ သူများအနက် ဦးဌေးဝင်းမှာ ဖြူးဆေးရုံ သို့ တင်ပို့စဉ် ရရှိသောဒဏ်ရာဖြင့် သေဆုံး သွားပြီး ကျန်သူများဖြစ်ကြသည့် ဦးအောင်ထူး (၅၈ နှစ်)၊ ဦးခင်မောင် ကျော် (၅ဝ နှစ်) နှင့် ဦးတာနိုင် (၆၃ နှစ်) တို့ ဒဏ်ရာများရရှိ၍ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးထွန်းကျော်အောင်အား ဖြူးအမြန် လမ်းမကြီးရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top