Property Expo
×

ဖုန္းကို မည္မွ် ၾကာၾကာ အားသြင္းသင့္ သလဲ ? ဟူေသာ ေမးခြန္း သည္ မိုဘိုင္းဖုန္း မ်ား စေပၚ ကတည္းက လူသားေတြ ေမးလာ ၾကေသာ ေမးခြန္း ျဖစ္သည္။ ယခု ထိလည္း ေမးေနၾကဆဲ၊ ႐ႈပ္ေထြးေန ၾကဆဲ လည္း ျဖစ္ သည္။

လူမ်ားစုႀကီး ကား မနက္ ဖုန္းဘက္ထရီ အျပည့္ နဲ႔ အျပင္ ထြက္သြားၿပီး ညအိမ္ျပန္ ေရာက္ရင္ အားကုန္ ေန သည့္ ဖုန္း ကေလးေတြ ျပန္ပါလာ တတ္သည္။ ညအိပ္ရာ ၀င္ေတာ့ ဖုန္း ကို ပလပ္ထိုး အားသြင္းၿပီး အိပ္ လိုက္ ေတာ့သည္။ မနက္ႏိုး လာလွ်င္ လူလည္း အားျပည့္၊ ဖုန္းလည္း အားျပည့္ေန လိမ့္မည္။

ဖုန္း ကို တစ္ညလံုး ပလပ္ထိုး အားသြင္း ထားတာ အႏၱရာယ္ မမ်ားဘူးလားဟု ေမးခ်င္ၾက လိမ္႔မည္။ သံုးေလး နာရီေလာက္ အားသြင္း လွ်င္ ဘက္ထရီ ျပည့္ၿပီ ျဖစ္ရာ အားျပည့္ ၿပီးေနာက္မွာပင္ တစ္ည လံုး ပလပ္ဆက္ ထိုး ထားျခင္းျဖင့္ ဘက္ထရီေတြ ပူၿပီး ေပါက္ကြဲ ေစတတ္ သလား စိတ္ပူသူ မ်ားလည္း ရွိသည္။ ထိုသို႔ အားျပည့္ သြားၿပီးသည့္ တိုင္ အၾကာႀကီး ပလပ္ ထိုးထားျခင္းေၾကာင့္ ဘက္ထရီ ပ်က္စီးေစ ႏုိင္သလား စိုးရိမ္သူ မ်ားလည္း ရွိသည္။

ဖုန္းဘက္ထရီ နဲ႔ ပတ္သက္ၿပီး အႀကံေပးခ်က္ေတြ ကလည္း အမ်ဳိးမ်ဳိး ျဖစ္ေနသည္။ မယံုလွ်င္ အင္တာနက္ ေခါက္ ၾကည့္ ပါ။

တစ္ခုႏွင့္ တစ္ခု ဆန္႔က်င္ဖက္ ျဖစ္ေနေသာ အႀကံျပဳခ်က္ အမ်ားအျပား ကိုပါ ေတြ႕ရ လိမ္႔မည္။
ဘယ္ဟာ အမွန္ ဘယ္ဟာ အမွား ခြဲျခားရ ခက္ေတာ့သည္။ အထက္ပါ အတိုင္း ဘက္ထရီ ျပႆ           နာ အေျဖရွာရင္း အေျဖ အမ်ဳိးမ်ဳိးၾကား မ်က္စိလည္ေနသူမ်ား အဖို႔ တစ္ကယ္တမ္း ကၽြမ္းက်င္သူနဲ႔ ေတြ႕ဆံု ေမးျမန္း ထားသည့္ ဘက္ထရီ ျပႆ        နာ အေျဖရွာနည္း မ်ားကို ေအာက္တြင္ တင္ျပသြား ပါမည္။
 ေျဖၾကားေပးသူကား ဖုန္းအားသြင္း အပို ပစၥည္းမ်ား ထုတ္လုပ္ ေရာင္းခ် ေနသည့္ Farbe Technik ကုမၸဏီကို ထူေထာင္သူ ရွိန္းဘ႐ိုစကီ ျဖစ္သည္။


 ဖုန္း ကို တစ္ည လံုး ပလပ္ထိုးထားရင္ ဘာျဖစ္ႏုိင္လဲ။
တစ္ညလံုး ပလပ္ ထိုးထား လို႔ေတာ့ ဖုန္းကို ႀကီးႀကီးမားမား ထိခိုက္ ပ်က္စီးစရာ အေၾကာင္း မရွိပါ ဘူး။ ေနာက္ ထြက္ လာတဲ့ စမတ္ဖုန္းေတြက သိပ္ေကာင္းတယ္။ အားျပည့္သြားၿပီ ဆိုတာနဲ႔ ဓာတ္အား ၀င္ေန တာကို အလိုေလ်ာက္ ျဖတ္ခ် လိုက္တယ္။ အဲဒီလို ဆိုေတာ့ အားပို သြင္းမိၿပီး ဖုန္းပူလာ တာမ်ဳိးလည္း မျဖစ္ေတာ့ဘူး။


ဟုတ္ေတာ့ ဟုတ္ပါၿပီ။ ဒါေပမဲ့ ဖုန္းကို တစ္ညလံုး ပလပ္ထိုး အားသြင္းထားရင္ ဘက္ထရီ သက္တမ္း တိုတတ္တယ္ ဆိုတာေကာ ဟုတ္လား။

  Lithium-ion ဘက္ထရီေတြ က အပူဒဏ္ ကိုေတာ႔ သိပ္မခံႏုိင္ဘူး။ ဖုန္း ကို ကာဗာစြပ္ တာရင္ အပူမထြက္ တာေၾကာင့္ ဖုန္း ဟာ ပူလာတာမ်ဳိး ျဖစ္တတ္တယ္။ အဲဒီ လိုမ်ဳိး ဘက္ထရီပူလာၿပီ ဆိုရင္ ဘက္ထရီ ဆဲလ္ေတြ ပ်က္စီး တတ္တယ္။ အဲဒီ လို ပ်က္စီးရင္ ဘက္ထရီ အလုပ္ လုပ္ႏုိင္စြမ္း က်ဆင္းၿပီး ဘက္ထရီ သက္တမ္း တိုတတ္တယ္။

ဒါေပမဲ့ ကာဗာ မစြပ္ဘဲ ပံုမွန္ အတိုင္း ထားတဲ႔ ဖုန္းေတြ ကေတာ့ ပူလာ ရင္ေတာင္ အပူ ထြက္ ႏုိင္တဲ့ အတြက္ ဘက္ထရီ တအား ပူလာ တာမ်ဳိး ျဖစ္ခဲ့ ပါတယ္။ ဖုန္း ကာဗာ စြပ္ထားတဲ့ လူေတြ အေန နဲ႔ ညအိပ္ရင္ ဖုန္း ကို ပလပ္ ထိုးအိပ္မယ္ ဆိုရင္ ကာဗာ ကို ျဖဳတ္ထား ဖို႔ေတာ့ အႀကံျပဳလို ပါတယ္။ ဒါမွ ဖုန္းပူလာ ရင္ေတာင္ အပူ ထြက္ႏုိင္တဲ႔ အတြက္ ဘက္ထရီ တအား ပူတက္လာ တာမ်ဳိး မျဖစ္ေတာ့ ဘူးေပါ့။

ဘယ္လို မ်ဳိး အားသြင္းတာ အသင့္ေတာ္ဆံုး ျဖစ္မလဲ။
ဘက္ထရီ ကို (၅၀) ရာခိုင္ႏႈန္း နဲ႔ (၈၀) ရာခိုင္ႏႈန္းၾကား မွာ ပံုမွန္ေလးရွိ ေနေအာင္ ထိန္းၿပီး အားသြင္းေပး ထား တာ အေကာင္းဆံုးပဲ။ အဲဒီ လို အားသြင္း ထားမယ္ ဆိုရင္ ဘက္ထရီထဲ က အိုင္ယြန္း ေတြဟာ အၿမဲ တမ္း ပံုမွန္ လည္ပတ္ အလုပ္လုပ္ ေနႏုိင္တဲ ႔ အတြက္ က်န္းမာေရး ေကာင္းတယ္။

အား လံုး၀ ကုန္သြားရင္ အိုင္းယြန္းေတြ ဆက္ အလုပ္ မလုပ္ႏုိင္ဘူး။ အဲဒီ လိုပဲ အားအျပည့္ႀကီး စြတ္သြင္း လိုက္ရင္လည္း အိုင္းယြန္းေတြ ရဲ႕ ပံုမွန္ လုပ္ငန္း စဥ္ကို ေႏွာင္႔ယွက္ရာ ေရာက္တယ္။

(၅၀) နဲ႔ (၈၀) ၾကားမွာ ရွိေနေအာင္ ထိန္းၿပီး အားသြင္းမယ္ ဆိုရင္ အစြန္း ႏွစ္ဖက္လံုး က လြတ္တဲ့ အတြက္ ဘက္ထရီ ဟာ က်န္းမာတယ္။ ျဖစ္ႏုိင္ရင္ ဘက္ထရီ ကို (၅၀-၈၀) ၾကား မွာ ရွိေနေအာင္ တစ္ေန႔လံုး ထိန္းၿပီး သြင္းေပး သင္႔တယ္။ အၾကာႀကီး ပလပ္ထိုးထား ဖို႔ မလို ဘူး။ (၅၀) ရာခိုင္ႏႈန္းေလာက္ ေရာက္လာၿပီ ဆို ခဏ ပလပ္ ထိုးထားလိုက္။ (၈၀) ရာခိုင္ႏႈန္း ေလာက္ ေရာက္ၿပီ ဆို ျပန္ ျဖဳတ္ ထားလိုက္။

 ျပန္ေလ်ာ႔ သြားၿပီဆို ခဏ ျပန္ထိုး လိုက္နဲ႔ လုပ္ေပးႏုိင္ ရင္ေတာ့ အေကာင္းဆံုးပဲ။ ဒါေပမဲ့ အဲဒီလို လုပ္ရတာ အလုပ္ေတာ့ ႐ႈပ္တယ္။ လူ အေတာ္မ်ားမ်ား လုပ္ႏုိင္ဖို႔ မလြယ္ဘူး။ ဘက္ထရီ သက္တမ္း အရွည္ဆံုး ျဖစ္ခ်င္ တယ္ ဆိုရင္ အလုပ္သင္႔ ဆံုး နည္းလမ္းမို႔ လို႔သာ ေျပာျပတာပါ။ မလုပ္ႏုိင္တဲ့ လူေတြ အေနနဲ႔လည္း စိတ္ ပ်က္ ေနစရာေတာ့ မလိုပါဘူး။

ဘက္ထရီ မပ်က္စီးေအာင္ ဘာေတြ ေဆာင္၊ ဘာေတြ ေရွာင္ရမလဲ။
ဘက္ထရီ အကုန္ေျပာင္ေအာင္ သံုးပစ္ၿပီး တဲ့ေနာက္ အကုန္ျပည့္တဲ့ ထိ တစ္ေလွ်ာက္တည္း သြင္းပစ္ တာ မ်ဳိးေတာ့ လံုး၀ ေရွာင္။ သုည ရာခိုင္ႏႈန္း ကေန တစ္ရာ ရာခိုင္ႏႈန္း ထိ တစ္ခါတည္း သြင္းပစ္ တာမ်ဳိးဟာ ဖုန္း ဘက္ထရီကို လည္ပင္း ညႇစ္တာပဲ။

ဘက္ထရီေတြ ဟာ အဲဒီ လို သုည ကေန တစ္ရာထိ ကို ဘယ္ႏွစ္ ေခါက္သာ ခံႏုိင္တယ္ ဆိုတာ စထုတ္ ကတည္း က သတ္မွတ္ေပးထားတာ ရွိတယ္။ ကိုယ္က အဲဒီလို ဖုန္းဘက္ထရီ ကို လည္ပင္း မ်ားမ်ား ညွစ္ေလ သတ္မွတ္ႏႈန္း ျမန္ျမန္ ျပည့္ၿပီး ဘက္ထရီ ျမန္ျမန္ အသက္ထြက္ေလ ပါပဲ။

အဲဒီလို သုည ကေန တစ္ရာ ကို အားသြင္း မိတဲ့ အႀကိမ္ေတြမ်ား လာေလ ဘက္ထရီဟာ စြမ္းေဆာင္ရည္ က်ဆင္း လာ ေလပါပဲ။ ခဏေလး နဲ႔ အားကုန္ သြားတာ မ်ဳိးကေန လံုး၀ ကို သံုးမရ ေတာ့တဲ့ထိ ျဖစ္သြားႏိုင္ ပါတယ္။

ဖုန္း ဘက္ထရီ သက္တမ္း ၾကာၾကာခံေအာင္ ဘယ္လို အားသြင္း ပစၥည္းေတြ သံုးရမလဲ။
ဖုန္း ၀ယ္ ကတည္းက တစ္ခါ တည္း တြဲပါလာတဲ့ ေအာ္ရီဂ်င္နယ္ အားသြင္းႀကိဳးေတြ၊ အားသြင္း တံုးေတြကို သံုး တာ အေကာင္းဆံုးပဲ။ တစ္ကယ္လို႔ ေအာ္ရီဂ်ယ္နယ္ ဟာ ပ်က္သြား ရင္လည္း ေအာ္ရီဂ်င္နယ္ ႀကိဳးေတြ၊ အားသြင္း တံုးေတြ ကိုပဲ ထပ္၀ယ္ သံုးတာ အေကာင္းဆံုးပဲ။

 ေအာ္ရီဂ်င္နယ္ေတြ ေစ်းသိပ္ႀကီး ေနတာမ်ဳိး နဲ႔ တိုးလို႔ မ်က္ရည္ က် ခ်င္ခ်င္ ျဖစ္လာ ရင္ေတာ့ ေစ်းလည္း သက္ သာ စိတ္လည္း ခ်ရမွာ မ်ဳိးေတြကို ဒုတိယ အဆင့္ အေနနဲ႔ စဥ္းစား သင့္တယ္။ ကိုယ့္ ဖုန္းအမ်ဳိးအစား မွာ သံုးႏုိင္တဲ႔ အျခား တံဆိပ္နဲ႔ ဘက္ထရီေတြ၊ အားသြင္းႀကိဳး ေတြကို အရင္ဆံုးေရြး။ ၿပီးရင္ ပါကင္ ေတြ မွာ ေရးထား တာေတြ လိုက္ဖတ္ၾကည့္။

 စနစ္ တက် စမ္းသပ္ ထုတ္လုပ္ ထားတဲ့ ပစၥည္း ဆိုရင္ ဘယ္လို စနစ္ တက် စမ္းသပ္ ထုတ္လုပ္ ထားတယ္၊ စည္းမ်ဥ္း စည္းကမ္း နဲ႔ ဘယ္လို ညီၫြတ္တယ္၊ ဘယ္လို ေထာက္ခံခ်က္ ရထားတယ္ ဆိုတာေတြ ပါတယ္။ အဲဒီ လုိ ဟာမ်ဳိးေတြက ေအာ္ရီဂ်င္နယ္ ေလာက္ နီးနီးလည္း စိတ္ခ်ရတယ္။ နာမည္ ရထားတဲ့ ပစၥည္းေတြကို ၀ယ္သံုး တာလည္း တစ္မ်ဳိး စိတ္ခ် ရတယ္။

နာမည္ ရထား ၿပီးသား ပစၥည္းေတြဟာ အရည္အေသြး ကို လည္း ထိန္းၾကတယ္။ ကိုယ့္ ဖုန္း နဲ႔ အားသြင္း ႀကိဳးနဲ႔ ဓာတ္အား လက္ခံႏုိင္ပံုခ်င္း တူရဲ႕လားလဲ ေသခ်ာ စစ္ေဆးဖို႔ လိုတယ္။ ဖုန္းက ၀ပ္ဘယ္ေလာက္၊ အမ္ပီယာ ဘယ္ေလာက္ လက္ခံႏိုင္လဲ ေသခ်ာၾကည့္။ အားသြင္းႀကိဳး ကေရာ ၀ပ္ ဘယ္ေလာက္၊ အမ္ပီယာ ဘယ္ေလာက္ ေပးႏုိင္ တာလဲ ေသခ်ာၾကည့္။ ႏွစ္ခု ကိုက္ညီတယ္ ဆိုမွ၀ယ္။ ဒါဆို ေအာ္ရီဂ်င္နယ္ မဟုတ္ ရင္ေတာင္မွ ေတာ္ေတာ္ေလး စိတ္ခ်ရ ၿပီလို႔ သတ္မွတ္ ႏုိင္တယ္။

ေစ်းေပါတာေတြ ကို သတိထား။
 ေစ်းေပါ တဲ့ အားသြင္းႀကိဳးေတြ၊ အားသြင္း တံုး ေတြဟာ အရည္ အေသြးလည္း ညံ့တာ မ်ားတယ္။ စံခ်ိန္ စံညႊန္း မီေအာင္ မလုပ္ဘဲ၊ ပစၥည္းျဖစ္ ၿပီးေရာ ဆိုတာမ်ဳိး ထုတ္ထားတာ မ်ဳိးနဲ႔ တိုးရင္ အႏၱရာယ္ပါ က်ေရာက္ ႏုိင္တယ္။ ဒါေပမဲ့ ေစ်းေပါတာေတြ ထဲမွာ တစ္ကယ္ ေကာင္းတဲ့ ဟာေလး ေတြလည္း ပါတတ္ ပါတယ္။ အမ်ားစု ကေတာ့ စိတ္မခ်ရ ပါဘူး။

 လန္ဒန္ မီးသတ္ဌာန က ထုတ္ျပန္ခ်က္ ကို ၾကည့္ပါ။ အရည္ အေသြး မမီတဲ့ အိုင္ဖုန္း အားသြင္းႀကိဳး အတုေတြေၾကာင့္ ဓာတ္လိုက္တာ၊ လက္ မီးေလာင္တာ၊ အိမ္ပါ မီးေလာင္တာမ်ဳိး ေတြပါ ျဖစ္ပြားေနရ သတဲ့။

အားသြင္းႀကိဳး အသစ္ ၀ယ္လာၿပီး ၿပီ ဆိုရင္ တစ္ညေလာက္ ျဖစ္ျဖစ္ ပလပ္ ထိုးထားၾကည့္ လိုက္ပါ။ ကိုယ္ ကလည္း သတိေလး နဲ႔ေတာ႔ ေစာင္႔ အိပ္ေပါ႔။ မနက္ ေရာက္တဲ႔ အခါ ဖုန္းလည္း တအား ပူတက္ေနတာမ်ဳိး မျဖစ္ဘူး၊ တစ္ျခား ျပႆ        နာလည္း မေပၚဘူးဆိုရင္ စိတ္ခ်ရတဲ့ ပစၥည္းလို႔ ေယဘုယ် သတ္မွတ္ ႏုိင္တယ္။

ဖုန္း ဘက္ထရီ အတြက္ အႏၱရာယ္ အကင္းဆံုး၊ အထိေရာက္ဆံုး ျဖစ္ေအာင္ မူရင္း အားသြင္းႀကိဳး၊ အားသြင္း တံုးေတြကို သာ အသံုးျပဳပါ။ တစ္ျခား တံဆိပ္ နဲ႔ ၀ယ္မည္ ဆိုပါက အာမခံခ်က္ ေသခ်ာေပးေသာ ပစၥည္းမ်ား ကိုသာ သံုးစြဲပါ။

-ဖုန္း အရမ္း မပူ ပါေစနဲ႔။
ညဘက္ ပလပ္ထိုး အားသြင္းၿပီး အိပ္မည္ ဆိုလွ်င္ ဖုန္း ကာဗာ ကိုေတာ့ ခၽြတ္ထားလိုက္ပါ။

-ဖုန္း ဘက္ထရီ အက်န္းမာဆံုး ျဖစ္ေစ လိုလွ်င္ ဘက္ထရီ ကို (၅၀-၈၀) ရာခိုင္ႏႈန္း ၾကား ရွိေနေအာင္ ထိန္းၿပီး အားသြင္းေပးပါ။

- ဘက္ထရီ လံုး၀ အားကုန္ၿပီး ပိတ္သြားသည္ အထိ မသံုးပါနဲ႔။ ဘက္ထရီ သုည ရာခိုင္ႏႈန္းမွ တစ္ရာ ရာခိုင္ႏႈန္းသို႔ ေတာက္ေလွ်ာက္ အားသြင္းျခင္းမ်ဳိး ကိုလည္း ေရွာင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:World Myanmar

#Unicode Version
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်း သည် မိုဘိုင်းဖုန်း များ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲ လည်း ဖြစ် သည်။

လူများစုကြီး ကား မနက် ဖုန်းဘက်ထရီ အပြည့် နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေ သည့် ဖုန်း ကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ဝင်တော့ ဖုန်း ကို ပလပ်ထိုး အားသွင်းပြီး အိပ် လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။

ဖုန်း ကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်း လျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ည လုံး ပလပ်ဆက် ထိုး ထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့် တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။

ဖုန်းဘက်ထရီ နဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက် ကြည့် ပါ။

တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။
ဘယ်ဟာ အမှန် ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အတိုင်း ဘက်ထရီ ပြဿ           နာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿ        နာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။
 ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။


 ဖုန်း ကို တစ်ည လုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
တစ်ညလုံး ပလပ် ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါ ဘူး။ နောက် ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ဝင်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပို သွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။


ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။

  Lithium-ion ဘက်ထရီတွေ က အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်း ကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီ လိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီ လို ပျက်စီးရင် ဘက်ထရီ အလုပ် လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။

ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်း ထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူ ထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်း ကာဗာ စွပ်ထားတဲ့ လူတွေ အနေ နဲ့ ညအိပ်ရင် ဖုန်း ကို ပလပ် ထိုးအိပ်မယ် ဆိုရင် ကာဗာ ကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူ ထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။

ဘယ်လို မျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။
ဘက်ထရီ ကို (၅၀) ရာခိုင်နှုန်း နဲ့ (၈၀) ရာခိုင်နှုန်းကြား မှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထား တာ အကောင်းဆုံးပဲ။ အဲဒီ လို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲ က အိုင်ယွန်း တွေဟာ အမြဲ တမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။

အား လုံး၀ ကုန်သွားရင် အိုင်းယွန်းတွေ ဆက် အလုပ် မလုပ်နိုင်ဘူး။ အဲဒီ လိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေ ရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။

(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ် ဆိုရင် အစွန်း နှစ်ဖက်လုံး က လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာတယ်။ ဖြစ်နိုင်ရင် ဘက်ထရီ ကို (၅၀-၈၀) ကြား မှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထား ဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီ ဆို ခဏ ပလပ် ထိုးထားလိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီ ဆို ပြန် ဖြုတ် ထားလိုက်။

 ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုး လိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူ အတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင် တယ် ဆိုရင် အလုပ်သင့် ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ် ပျက် နေစရာတော့ မလိုပါဘူး။

ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။
ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ ထိ တစ်လျှောက်တည်း သွင်းပစ် တာ မျိုးတော့ လုံး၀ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်း ထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်း ဘက်ထရီကို လည်ပင်း ညှစ်တာပဲ။

ဘက်ထရီတွေ ဟာ အဲဒီ လို သုည ကနေ တစ်ရာထိ ကို ဘယ်နှစ် ခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်း က သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီ ကို လည်ပင်း များများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။

အဲဒီလို သုည ကနေ တစ်ရာ ကို အားသွင်း မိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်း လာ လေပါပဲ။ ခဏလေး နဲ့ အားကုန် သွားတာ မျိုးကနေ လုံး၀ ကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။

ဖုန်း ဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။
ဖုန်း ဝယ် ကတည်းက တစ်ခါ တည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်း တုံးတွေကို သုံး တာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ် ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်း တုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။

 အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုး နဲ့ တိုးလို့ မျက်ရည် ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက် သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစား မှာ သုံးနိုင်တဲ့ အခြား တံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေ မှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။

 စနစ် တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ် တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်း နဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီ လို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ဝယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။

နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကို လည်း ထိန်းကြတယ်။ ကိုယ့် ဖုန်း နဲ့ အားသွင်း ကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ဝပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ဝပ် ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ် ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။

ဈေးပေါတာတွေ ကို သတိထား။
 ဈေးပေါ တဲ့ အားသွင်းကြိုးတွေ၊ အားသွင်း တုံး တွေဟာ အရည် အသွေးလည်း ညံ့တာ များတယ်။ စံချိန် စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာ မျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေလည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။

 လန်ဒန် မီးသတ်ဌာန က ထုတ်ပြန်ချက် ကို ကြည့်ပါ။ အရည် အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက် မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။

အားသွင်းကြိုး အသစ် ဝယ်လာပြီး ပြီ ဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ် ထိုးထားကြည့် လိုက်ပါ။ ကိုယ် ကလည်း သတိလေး နဲ့တော့ စောင့် အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿ        နာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။

ဖုန်း ဘက်ထရီ အတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်း တုံးတွေကို သာ အသုံးပြုပါ။ တစ်ခြား တံဆိပ် နဲ့ ဝယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။

-ဖုန်း အရမ်း မပူ ပါစေနဲ့။
ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထားလိုက်ပါ။

-ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီ ကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။

- ဘက်ထရီ လုံး၀ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:World Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top