Property Expo
×

ယခုရက္ပိုင္းအတြင္းမွာ တစ္ေယာက္ေယာက္နဲ႔ မေတာ္တဆလမ္းမွာ ေတြ႕ဆံုခဲ့စဥ္ သင့္ ကို ‘‘ဟယ္.. ဝလာလိုက္တာေနာ္’’ ဟု ႏႈတ္ဆက္စကားဆုိသည္ကို ခံရဖူးပါသလား။

အကယ္၍ အဲသည္လို ႏႈတ္ဆက္ခံရၿပီဆုိလွ်င္ ဘယ္လို ခံစား ရပါသလဲ။ သူမ်ားေတြေတာ့ မသိပါ။ ကိုယ္တိုင္ ခဏခဏႀကံဳဖူးသူအေနႏွင့္ေတာ့ အေတာ့္ကို ေအာင့္အည္း ေအာင့္သက္ႏွင့္ စိတ္မသက္မသာျဖစ္ရသည့္ ႏႈတ္ဆက္စကားပင္ျဖစ္သည္။ လူအခ်င္းခ်င္းေတြ႕ဆံုၾကလွ်င္ မဂၤလာပါလုိ႔ ႏႈတ္ဆက္သည္ထက္ ပိန္ျခင္း၊ ဝျခင္းက ေျပာစကားမ်ား၏ အဖြင့္ႏႈတ္ဆက္စကား ျဖစ္ေနေလ့ရွိတတ္သည္။

ယခုတစ္ေလာ ‘‘ဝလာတယ္ေနာ္’’ အေျပာခံရသည့္ အႀကိမ္ေရမွာ မနည္းေပ။ ဒါေၾကာင့္ပင္ တစ္ခုခုလုပ္ဖို႔ေတာ့ လိုၿပီဟု စဥ္းစားမိလာသည္။ အသက္က (၃၀) စေက်ာ္လာသည္ႏွင့္ ေပါင္ခ်ိန္က ၁၄၀ နီးပါးျဖစ္လာသည္။ အရပ္က၅ ေပ ၄ လက္မဆုိေတာ့ အရပ္အတုိင္းအတာႏွင့္ဆုိလွ်င္ အနည္းငယ္ဝသည့္အထဲပါသည္။ ဗိုက္ကလည္း တျဖည္းျဖည္းပူလာသည္။

အဲဒီေတာ့ ဘာလုပ္မလဲစဥ္းစားသည္။ Gym ေဆာ့သည္ဟု အလြယ္ေခၚၾကသည့္ အားကစားခန္းမေတြသြားကာ ပစၥည္းကိရိယာမ်ားျဖင့္ အခ်ိန္ေပးကစားဖုိ႔ကလည္း ႐ံုးတက္ရသူ၊ အသက္ (၂) ႏွစ္ေက်ာ္အရြယ္ကေလး၏ အေမမုိ႔ကေလးအတြက္ အခ်ိန္ပိုေပးခ်င္တာေၾကာင့္မျဖစ္။ ပယ္သည္။ ယခုတစ္ေလာ အြန္လိုင္းတြင္ ေခတ္စားလာသည့္ တစ္ေန႔တာ အခ်ိန္ဇယားျဖင့္ စားၾကေသာက္ၾကသည့္နည္းလမ္းလည္း ေခတ္စားလာသည္။ ဘယ္ႏွရက္စား႐ံုျဖင့္ ေပါင္ဘယ္ ေလာက္က်သည္ဆုိသည့္ နည္းလမ္းမ်ားကိုလည္း ေတြ႕သည္။ အဆီတက္ေစသည့္ အစားအစာမ်ားကိုေရွာင္ၿပီး ဟင္းသီးဟင္းရြက္မ်ား၊ စြပ္ျပဳတ္မ်ားႏွင့္ အသီးအႏွံမ်ားကို တစ္ေန႔တာအခ်ိန္ ဇယားျဖင့္ စားသံုးျခင္းျဖစ္သည္။ ငယ္စဥ္ကတည္းက မနက္လင္းလွ်င္ ထမင္းေၾကာ္၊ ေန႔လယ္ ထမင္း၊ညထမင္းႏွင့္ ႀကီးျပင္းခဲ့သူမို႔ ထမင္းမစားရင္ အာသာကမေျပ။ ကိုယ္က အရမ္းႀကီး ပိန္ေအာင္ ဝိတ္ခ်ဖို႔လည္း ဆႏၵမရွိတာေၾကာင့္ အဲဒါ ကလည္း မျဖစ္။

ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေတြ မွာ ခဏခဏေတြ႕ေနရသည့္ အကႏွင့္ ကိုယ္လက္ေလ့က်င့္ခန္းကို ေပါင္းထားေသာ ဇြန္းဘား (Zum-ba)အကျဖင့္ ကယ္လိုရီမတက္ ေအာင္၊ အဆီက်ေအာင္လုပ္ သည့္ နည္းလမ္းမ်ားကိုေတာ့ စိတ္ဝင္စားမိသည္။ လက္လွမ္းမီသမွ် စံုစမ္းၾကည့္ေတာ့ အားကစား ခန္းမ၊ Fitness Center မ်ားတြင္ ဇြန္းဘားအကကို သင္တန္းခ်ိန္ တစ္ခ်ိန္အေနႏွင့္ ရွိေလ့ရွိသည္။ ဒါေပမဲ့ ျပႆနာက အခ်ိန္တုိင္း လိုက္မတက္ႏုိင္လွ်င္ သြင္းထား သည့္ သင္တန္းေၾကး အလကား ျဖစ္မည္ကိုလည္း စိုးေသးသည္။ ေနာက္ဆံုးေတာ့ တစ္ခ်ိန္တက္ လွ်င္ တစ္ခ်ိန္ေၾကးသာေပးရတဲ့ဇြန္းဘား အကသင္ေပးတဲ့ေနရာကို ေတြ႕တာနဲ႔ ကျဖစ္သြားသည္။

အခုကစၿပီးေတာ့ ဇြန္းဘား ကခဲ့တဲ့ အေတြ႕အႀကံဳေလးေတြ ကို ျပန္မွ်ပါမည္။ ကမည္ဆုိသည္ ႏွင့္ အရင္ဆံုးလုိအပ္တာေတြ ဝယ္တာႏွင့္ေတာ့ ဘတ္ဂ်က္နည္းနည္း ထိသည္။ အားကစားဖိနပ္ဝယ္ရ သည္။

သိပ္မေကာင္းလွ်င္ ကတဲ့ ေနရာမွာ ေျခေထာက္နာႏုိင္တဲ့အ တြက္ အမ်ိဳးအစားေကာင္းတာ ဝယ္ရသည္။ ေနာက္ ဝတ္စံု၊ ကေနစဥ္မွာ ေပါ့ေပါ့ပါးပါးျဖစ္မယ့္ အ ဝတ္အစားေရြးရသည္။ ေနာက္လို တာကေတာ့ ေခြၽးထြက္လွ်င္ သုတ္သည့္ ပဝါႏွင့္ ေရဘူး။ အထက္ပန္း ဆိုးတန္းလမ္းအေပၚထိပ္က Fit Way လို႔ေခၚသည့္ အားကစား ခန္းမမွာ ၾကာသပေတးႏွင့္ တနဂၤ ေႏြတုိင္း တစ္နာရီၾကာ ကရသည့္ အကသင္တန္းျဖစ္သည္။ တစ္ခ်ိန္အတြက္ ၆,၀၀၀ က်ပ္ က်သင့္ သည္။ ကတ္လုပ္ထားမည္ဆုိ လွ်င္ေတာ့ တစ္ခ်ိန္ ၅,၀၀၀ သာ က်မည္။ ရန္ကုန္တြင္ေတာ့ ဇြန္း ဘားအကကို သင္ၾကားေပးသည့္ ျပည္တြင္း၊ ျပည္ပ အကဆရာအ ေရအတြက္မွာ ၁၀ ေယာက္ ေအာက္ပင္ရွိေသးသည္။ Balan-ce တုိ႔လို၊ Move တို႔လို လူသိမ်ား သည့္ အားကစားခန္းမမ်ားတြင္ လည္း ဇြန္းဘားသင္တန္းမ်ားရွိ သည္။ ႏုိင္ငံေပါင္း ၁၈၀ ေက်ာ္ တြင္ေတာ့ ဇြန္းဘားကို ႏွစ္ႏွစ္ ၿခိဳက္ၿခိဳက္ ကေနၾကေပမယ့္ ျမန္မာႏုိင္ငံမွာေတာ့ ေခတ္စားလာတာ သိပ္မၾကာေသးေပ။

ေဘးႏွစ္ဖက္မွာ မွန္မ်ားအ ျပည့္ကာရံထားၿပီး က်န္ႏွစ္ဖက္ မွာ အျပင္က ခန္းမကို ျမင္ႏုိင္ သည့္ မွန္အၾကည္မ်ား ကာရံထား သည့္ အခန္းငယ္အတြင္းမွာ ကရ သည္။ စကလွ်င္ေတာ့ အျပင္က မျမင္ရေအာင္ လိုက္ကာမ်ားခ် လိုက္ပါသည္။ ညေန ၄ နာရီထိုး သည္ႏွင့္ ဇြန္းဘား အကသင္ေပး မည့္ ဆရာမ နန္းမိုးပြင့္ခ်စ္ေရာက္ လာသည္။ ဆရာမက ေသးေသး သြယ္သြယ္ေလး။ ဘာသာစကား ဆရာမမွသည္ အကနည္းျပျဖစ္ လာသူအျဖစ္ သိထားသည္။ ေဖ့စ္ ဘြတ္ခ္တြင္ Fit & Beauty By Moe အမည္ျဖင့္ စာမ်က္ႏွာဖြင့္ လွစ္ကာ ဇြန္းဘား အကကို မိတ္ ဆက္ခဲ့သူအျဖစ္ သတိထားခဲ့မိရာ မွ သည္သင္တန္းကို တက္ျဖစ္ သြားျခင္းျဖစ္သည္။

သင္တန္းခန္းထဲတြင္ေတာ့ ရွစ္ေယာက္ေလာက္ေရာက္ေန ၾကၿပီ။ အားလံုးအမ်ိဳးသမီးေတြ ခ်ည္းပင္။ အမ်ိဳးသားမ်ားမပါ။ သင္တန္းအစပိုင္းတြင္ေတာ့ အ မ်ိဳးသားမ်ားလည္း လိုက္ကၾက သည္ဟု ဆုိပါသည္။

ေရာက္လာသည္ႏွင့္ အ ေၾကာေလွ်ာ့ကာ ကကြက္မ်ားကို နည္းနည္းျပေပးသည္။ ၿပီးလွ်င္ ေတာ့ ဆရာမက ၾကမ္းျပင္ထက္ အနည္းငယ္ျမင့္သည့္ စင္ေသး ေသးေလးေပၚတက္ကာ အားလံုး ျမင္သာေအာင္ ေရွ႕က ကျပသည္ကို လိုက္ကရပါသည္။ ကရန္ဖြင့္ ေပးသည့္ တီးလံုးမ်ားက ျမဴးျမဴး ႂကြႂကြတီးလံုးမ်ား ျဖစ္သည္။

ပထမဆံုးေန႔မွာ ဆရာမက OMI ၏ သီခ်င္း Cheerleader သီခ်င္းျဖင့္ ကၾကသည္။ ကသည့္ အခါ ဇြန္းဘားတီးလံုးမ်ားႏွင့္ ကသလို လတ္တေလာေခတ္စား ေနသည့္ Worth it လို Cheer-leader လို သီခ်င္းမ်ိဳးျဖင့္လည္း ကၾကသည္။ အရင္ဆံုး ကကြက္ ေတြကို တီးလံုးမပါဘဲ သင္ေပးၿပီး သီခ်င္းဖြင့္ကာ ကၾကျခင္းျဖစ္ သည္။ စစကခ်င္းဆုိေတာ့ ဆရာမက ေတာင္ဆုိ ကိုယ္က ေျမာက္ ေရာက္သည္။ ဆရာမက ခါးေလး ၫႊတ္လိုက္လွ်င္ ကိုယ္က ခါး ေကာ့မိလ်က္သားျဖစ္ေနသည္။ ဆရာမက လက္ေျမႇာက္လွ်င္ကိုယ္က လက္ေအာက္ခ်လ်က္သားျဖစ္ႏွင့္ ကေမာက္ကမျဖစ္ကာ ရယ္ေနရသည္။ ဒါေပမဲ့  ခဏၾကာလာေတာ့ စည္းခ်က္အတုိင္း ဆရာမကိုၾကည့္ရင္း လိုက္ကေတာ့ အဆင္ေတာ့ေျပလာသည္။ ဆရာမကေတာ့ ဇြန္းဘား ကဖို႔ဆုိရင္ အကအေျခခံမရွိလည္းရသည္ဟုေတာ့ ေျပာသည္။

ဘယ္လိုကရသလဲဆိုလွ်င္ ေတာ့ အခ်ိဳ႕ကကြက္မ်ားက ဒူးကို ၫႊတ္ရသည္။ ခုန္ရသည္။ ခါးကို ကုန္းရေကာ့ရသည္မ်ားလည္း ပါသည္။ တစ္ခါတေလဆုိလွ်င္ လက္ေဝွ႔ထိုးသလို ကကြက္မ်ားပါ သည္။

ဇြန္းဘားဆုိသည္မွာ လက္ တင္ဂီတကို အေျခခံၿပီး ၂၀၀၁ ေလာက္က စေပၚလာသည့္ အကတစ္မ်ိဳးျဖစ္သည္ဟု ဆုိသည္။ တစ္ကိုယ္လံုး လႈပ္ရွားကခုန္ေနရ သျဖင့္ တစ္ကိုယ္လံုးက အဆီေတြကို ခ်ေပးသည္။

သတိထားမိတာကေတာ့  ဖြင့္ၿပီး ကၾကသည့္ တီးလံုးမ်ား၊ သီခ်င္းမ်ားမွာ ျမန္သြားလိုက္၊ ေႏွးသြားလိုက္ႏွင့္ စည္းခ်က္အ တုိင္း လိုက္ကရသည္။ ဒါေၾကာင့္ အရမ္းေမာေနလွ်င္ သံစဥ္ေႏွးသြားသည့္အခါ မသိမသာ အေမာေျဖ လို႔ရသည္။ ဒါေၾကာင့္ပင္ တစ္ နာရီဆက္တိုက္ ကႏိုင္ျခင္းျဖစ္ သည္။ ကၾကသည့္အထဲတြင္ ေဘာလိဝုဒ္အကႏွင့္ ခပ္ဆင္ဆင္ လည္း ပါသည္။ က်ဴးဘားအက တစ္မ်ိဳးျဖစ္သည့္ ခ်ာခ်ာခ်ာ အက လည္း ပါသည္။

တစ္နာရီၾကာေအာင္ တီးလံုးတစ္ခုၿပီးတစ္ခု၊ သံစဥ္တစ္ခုၿပီး တစ္ခုျဖင့္ ကရသည္။ နားလွ်င္ လည္း ေရကိုအာဆြတ္႐ံုသာ ေသာက္၍ ခဏနားသည္။ မထိုင္ရပါ။ ကၿပီး ဆက္မကဘဲ ထိုင္လိုက္လွ်င္ မေကာင္းဟုဆိုသည္။ ဆက္ တုိက္ ကသည္။ စကကခ်င္းဆုိ ေတာ့ ေမာသည္။ ေခြၽးေတြက လည္း ထြက္လုိက္သည့္ျဖစ္ျခင္း။ ဒါေပမဲ့ ကေနရင္း စိတ္လက္ေပါ့ ပါးလာသည္ကို သိသိသာသာခံ စားမိသည္။ အတူလိုက္ကသည့္ ညီမေလးႏွစ္ေယာက္လည္းပါ ေတာ့ ကေနရင္း သူတို႔ႏွင့္ မ်က္ လံုးခ်င္းဆံုလိုက္၊ ရယ္လိုက္ၾက၊နားခ်ိန္မွာ ဘယ္သူကေတာ့ ဘယ္ လို ကလိုက္တာေလလို႔ ေျပာရင္း ရယ္ၾကသည္။ ထိုသို႔ျဖင့္ ထိုတစ္နာရီ အခိုက္အတန္႔မွာပင္ ရွိသမွ်ေသာ ဖိအားမ်ား၊ စိတ္႐ႈပ္ေထြးေနာက္က်ိမႈမ်ား အေဝးသို႔လြင့္စဥ္ ကာ စိတ္ေပါ့ပါးလာသည္ကို ခံစားရမိသည္။

သို႔ေပမဲ့ စကၿပီးေနာက္တစ္ ေန႔တြင္ေတာ့ တစ္ကိုယ္လံုး ကိုင္ ႐ိုက္ထားသလို ကိုယ္ေတြ၊ လက္ ေတြ နာပါသည္။ ေနာက္တစ္ပတ္ ဆက္ကေတာ့ နည္းနည္းအဆင္ ေျပသြားသည္။

တစ္နာရီၾကာ ေတာက္ ေလွ်ာက္ကလွ်င္ ကယ္လိုရီ ၆၀၀ မွသည္ ၁,၀၀၀ အထိ က်ႏုိင္သည္ဟု ဆရာမက ဆုိပါသည္။ တစ္ ပတ္လွ်င္ တစ္ရက္က႐ံုျဖင့္ ဘယ္ ေလာက္ဝိတ္က်မွာမို႔လဲလို႔ ေမးႏုိင္ပါသည္။ နည္းလမ္းရွိပါသည္။ ကိုယ့္အိမ္မွာ တစ္ကိုယ္စာ ကႏုိင္သည့္ အက်ယ္အဝန္းရွိလွ်င္၊ ေအာက္ထပ္က အခန္းနီးခ်င္းက ခုန္ေပါက္ေနသည္ကို ျပႆနာ မရွာလွ်င္ေတာ့ က်န္ရက္ေတြမွာ အိမ္တြင္ပင္ ကႏုိင္သည္။ ကိုယ္ ကႏုိင္လွ်င္ ကႏုိင္သေလာက္ ကယ္လိုရီေလာင္ကြၽမ္းကာ အဆီက်ေစ မည့္ နည္းလည္းျဖစ္သည္။ က သည့္သီခ်င္းႏွင့္ ဇြန္းဘား ကကြက္ မ်ားကို Youtube ကေန ရယူၿပီးအိမ္မွာ ကႏုိင္သည္။ ဇြန္းဘား အကမွာ ကိုယ္လက္လႈပ္ရွားျခင္း ျဖင့္ ကိုယ္ခႏၶာက်န္းမာသန္စြမ္း သလို စိတ္လြတ္လပ္မႈကို ရႏုိင္ သည့္ နည္းလမ္းတစ္ခုျဖစ္၍ ပ်ိဳပ်ိဳအိုအို အမ်ိဳးသမီးမ်ားကို လိုက္ကၾကေစခ်င္သည္။ ႀကိဳက္သြားၾကမွာ ေသခ်ာပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ကျန်းမာရေးအတွက် စည်းချက်အတိုင်း ဇွန်းဘားအက ကနေကြသူများ (ဓာတ်ပုံ- Fit &Beauty by moe)

ယခုရက်ပိုင်းအတွင်းမှာ တစ်ယောက်ယောက်နဲ့ မတော်တဆလမ်းမှာ တွေ့ဆုံခဲ့စဉ် သင့် ကို ‘‘ဟယ်.. ဝလာလိုက်တာနော်’’ ဟု နှုတ်ဆက်စကားဆိုသည်ကို ခံရဖူးပါသလား။

အကယ်၍ အဲသည်လို နှုတ်ဆက်ခံရပြီဆိုလျှင် ဘယ်လို ခံစား ရပါသလဲ။ သူများတွေတော့ မသိပါ။ ကိုယ်တိုင် ခဏခဏကြုံဖူးသူအနေနှင့်တော့ အတော့်ကို အောင့်အည်း အောင့်သက်နှင့် စိတ်မသက်မသာဖြစ်ရသည့် နှုတ်ဆက်စကားပင်ဖြစ်သည်။ လူအချင်းချင်းတွေ့ဆုံကြလျှင် မင်္ဂလာပါလို့ နှုတ်ဆက်သည်ထက် ပိန်ခြင်း၊ ဝခြင်းက ပြောစကားများ၏ အဖွင့်နှုတ်ဆက်စကား ဖြစ်နေလေ့ရှိတတ်သည်။

ယခုတစ်လော ‘‘ဝလာတယ်နော်’’ အပြောခံရသည့် အကြိမ်ရေမှာ မနည်းပေ။ ဒါကြောင့်ပင် တစ်ခုခုလုပ်ဖို့တော့ လိုပြီဟု စဉ်းစားမိလာသည်။ အသက်က (၃၀) စကျော်လာသည်နှင့် ပေါင်ချိန်က ၁၄၀ နီးပါးဖြစ်လာသည်။ အရပ်က၅ ပေ ၄ လက်မဆိုတော့ အရပ်အတိုင်းအတာနှင့်ဆိုလျှင် အနည်းငယ်ဝသည့်အထဲပါသည်။ ဗိုက်ကလည်း တဖြည်းဖြည်းပူလာသည်။

အဲဒီတော့ ဘာလုပ်မလဲစဉ်းစားသည်။ Gym ဆော့သည်ဟု အလွယ်ခေါ်ကြသည့် အားကစားခန်းမတွေသွားကာ ပစ္စည်းကိရိယာများဖြင့် အချိန်ပေးကစားဖို့ကလည်း ရုံးတက်ရသူ၊ အသက် (၂) နှစ်ကျော်အရွယ်ကလေး၏ အမေမို့ကလေးအတွက် အချိန်ပိုပေးချင်တာကြောင့်မဖြစ်။ ပယ်သည်။ ယခုတစ်လော အွန်လိုင်းတွင် ခေတ်စားလာသည့် တစ်နေ့တာ အချိန်ဇယားဖြင့် စားကြသောက်ကြသည့်နည်းလမ်းလည်း ခေတ်စားလာသည်။ ဘယ်နှရက်စားရုံဖြင့် ပေါင်ဘယ် လောက်ကျသည်ဆိုသည့် နည်းလမ်းများကိုလည်း တွေ့သည်။ အဆီတက်စေသည့် အစားအစာများကိုရှောင်ပြီး ဟင်းသီးဟင်းရွက်များ၊ စွပ်ပြုတ်များနှင့် အသီးအနှံများကို တစ်နေ့တာအချိန် ဇယားဖြင့် စားသုံးခြင်းဖြစ်သည်။ ငယ်စဉ်ကတည်းက မနက်လင်းလျှင် ထမင်းကြော်၊ နေ့လယ် ထမင်း၊ညထမင်းနှင့် ကြီးပြင်းခဲ့သူမို့ ထမင်းမစားရင် အာသာကမပြေ။ ကိုယ်က အရမ်းကြီး ပိန်အောင် ဝိတ်ချဖို့လည်း ဆန္ဒမရှိတာကြောင့် အဲဒါ ကလည်း မဖြစ်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေ မှာ ခဏခဏတွေ့နေရသည့် အကနှင့် ကိုယ်လက်လေ့ကျင့်ခန်းကို ပေါင်းထားသော ဇွန်းဘား (Zum-ba)အကဖြင့် ကယ်လိုရီမတက် အောင်၊ အဆီကျအောင်လုပ် သည့် နည်းလမ်းများကိုတော့ စိတ်ဝင်စားမိသည်။ လက်လှမ်းမီသမျှ စုံစမ်းကြည့်တော့ အားကစား ခန်းမ၊ Fitness Center များတွင် ဇွန်းဘားအကကို သင်တန်းချိန် တစ်ချိန်အနေနှင့် ရှိလေ့ရှိသည်။ ဒါပေမဲ့ ပြဿနာက အချိန်တိုင်း လိုက်မတက်နိုင်လျှင် သွင်းထား သည့် သင်တန်းကြေး အလကား ဖြစ်မည်ကိုလည်း စိုးသေးသည်။ နောက်ဆုံးတော့ တစ်ချိန်တက် လျှင် တစ်ချိန်ကြေးသာပေးရတဲ့ဇွန်းဘား အကသင်ပေးတဲ့နေရာကို တွေ့တာနဲ့ ကဖြစ်သွားသည်။

အခုကစပြီးတော့ ဇွန်းဘား ကခဲ့တဲ့ အတွေ့အကြုံလေးတွေ ကို ပြန်မျှပါမည်။ ကမည်ဆိုသည် နှင့် အရင်ဆုံးလိုအပ်တာတွေ ဝယ်တာနှင့်တော့ ဘတ်ဂျက်နည်းနည်း ထိသည်။ အားကစားဖိနပ်ဝယ်ရ သည်။

သိပ်မကောင်းလျှင် ကတဲ့ နေရာမှာ ခြေထောက်နာနိုင်တဲ့အ တွက် အမျိုးအစားကောင်းတာ ဝယ်ရသည်။ နောက် ဝတ်စုံ၊ ကနေစဉ်မှာ ပေါ့ပေါ့ပါးပါးဖြစ်မယ့် အ ဝတ်အစားရွေးရသည်။ နောက်လို တာကတော့ ချွေးထွက်လျှင် သုတ်သည့် ပဝါနှင့် ရေဘူး။ အထက်ပန်း ဆိုးတန်းလမ်းအပေါ်ထိပ်က Fit Way လို့ခေါ်သည့် အားကစား ခန်းမမှာ ကြာသပတေးနှင့် တနင်္ဂ နွေတိုင်း တစ်နာရီကြာ ကရသည့် အကသင်တန်းဖြစ်သည်။ တစ်ချိန်အတွက် ၆,၀၀၀ ကျပ် ကျသင့် သည်။ ကတ်လုပ်ထားမည်ဆို လျှင်တော့ တစ်ချိန် ၅,၀၀၀ သာ ကျမည်။ ရန်ကုန်တွင်တော့ ဇွန်း ဘားအကကို သင်ကြားပေးသည့် ပြည်တွင်း၊ ပြည်ပ အကဆရာအ ရေအတွက်မှာ ၁၀ ယောက် အောက်ပင်ရှိသေးသည်။ Balan-ce တို့လို၊ Move တို့လို လူသိများ သည့် အားကစားခန်းမများတွင် လည်း ဇွန်းဘားသင်တန်းများရှိ သည်။ နိုင်ငံပေါင်း ၁၈၀ ကျော် တွင်တော့ ဇွန်းဘားကို နှစ်နှစ် ခြိုက်ခြိုက် ကနေကြပေမယ့် မြန်မာနိုင်ငံမှာတော့ ခေတ်စားလာတာ သိပ်မကြာသေးပေ။

ဘေးနှစ်ဖက်မှာ မှန်များအ ပြည့်ကာရံထားပြီး ကျန်နှစ်ဖက် မှာ အပြင်က ခန်းမကို မြင်နိုင် သည့် မှန်အကြည်များ ကာရံထား သည့် အခန်းငယ်အတွင်းမှာ ကရ သည်။ စကလျှင်တော့ အပြင်က မမြင်ရအောင် လိုက်ကာများချ လိုက်ပါသည်။ ညနေ ၄ နာရီထိုး သည်နှင့် ဇွန်းဘား အကသင်ပေး မည့် ဆရာမ နန်းမိုးပွင့်ချစ်ရောက် လာသည်။ ဆရာမက သေးသေး သွယ်သွယ်လေး။ ဘာသာစကား ဆရာမမှသည် အကနည်းပြဖြစ် လာသူအဖြစ် သိထားသည်။ ဖေ့စ် ဘွတ်ခ်တွင် Fit & Beauty By Moe အမည်ဖြင့် စာမျက်နှာဖွင့် လှစ်ကာ ဇွန်းဘား အကကို မိတ် ဆက်ခဲ့သူအဖြစ် သတိထားခဲ့မိရာ မှ သည်သင်တန်းကို တက်ဖြစ် သွားခြင်းဖြစ်သည်။

သင်တန်းခန်းထဲတွင်တော့ ရှစ်ယောက်လောက်ရောက်နေ ကြပြီ။ အားလုံးအမျိုးသမီးတွေ ချည်းပင်။ အမျိုးသားများမပါ။ သင်တန်းအစပိုင်းတွင်တော့ အ မျိုးသားများလည်း လိုက်ကကြ သည်ဟု ဆိုပါသည်။

ရောက်လာသည်နှင့် အ ကြောလျှော့ကာ ကကွက်များကို နည်းနည်းပြပေးသည်။ ပြီးလျှင် တော့ ဆရာမက ကြမ်းပြင်ထက် အနည်းငယ်မြင့်သည့် စင်သေး သေးလေးပေါ်တက်ကာ အားလုံး မြင်သာအောင် ရှေ့က ကပြသည်ကို လိုက်ကရပါသည်။ ကရန်ဖွင့် ပေးသည့် တီးလုံးများက မြူးမြူး ကြွကြွတီးလုံးများ ဖြစ်သည်။

ပထမဆုံးနေ့မှာ ဆရာမက OMI ၏ သီချင်း Cheerleader သီချင်းဖြင့် ကကြသည်။ ကသည့် အခါ ဇွန်းဘားတီးလုံးများနှင့် ကသလို လတ်တလောခေတ်စား နေသည့် Worth it လို Cheer-leader လို သီချင်းမျိုးဖြင့်လည်း ကကြသည်။ အရင်ဆုံး ကကွက် တွေကို တီးလုံးမပါဘဲ သင်ပေးပြီး သီချင်းဖွင့်ကာ ကကြခြင်းဖြစ် သည်။ စစကချင်းဆိုတော့ ဆရာမက တောင်ဆို ကိုယ်က မြောက် ရောက်သည်။ ဆရာမက ခါးလေး ညွှတ်လိုက်လျှင် ကိုယ်က ခါး ကော့မိလျက်သားဖြစ်နေသည်။ ဆရာမက လက်မြှောက်လျှင်ကိုယ်က လက်အောက်ချလျက်သားဖြစ်နှင့် ကမောက်ကမဖြစ်ကာ ရယ်နေရသည်။ ဒါပေမဲ့  ခဏကြာလာတော့ စည်းချက်အတိုင်း ဆရာမကိုကြည့်ရင်း လိုက်ကတော့ အဆင်တော့ပြေလာသည်။ ဆရာမကတော့ ဇွန်းဘား ကဖို့ဆိုရင် အကအခြေခံမရှိလည်းရသည်ဟုတော့ ပြောသည်။

ဘယ်လိုကရသလဲဆိုလျှင် တော့ အချို့ကကွက်များက ဒူးကို ညွှတ်ရသည်။ ခုန်ရသည်။ ခါးကို ကုန်းရကော့ရသည်များလည်း ပါသည်။ တစ်ခါတလေဆိုလျှင် လက်ဝှေ့ထိုးသလို ကကွက်များပါ သည်။

ဇွန်းဘားဆိုသည်မှာ လက် တင်ဂီတကို အခြေခံပြီး ၂၀၀၁ လောက်က စပေါ်လာသည့် အကတစ်မျိုးဖြစ်သည်ဟု ဆိုသည်။ တစ်ကိုယ်လုံး လှုပ်ရှားကခုန်နေရ သဖြင့် တစ်ကိုယ်လုံးက အဆီတွေကို ချပေးသည်။

သတိထားမိတာကတော့  ဖွင့်ပြီး ကကြသည့် တီးလုံးများ၊ သီချင်းများမှာ မြန်သွားလိုက်၊ နှေးသွားလိုက်နှင့် စည်းချက်အ တိုင်း လိုက်ကရသည်။ ဒါကြောင့် အရမ်းမောနေလျှင် သံစဉ်နှေးသွားသည့်အခါ မသိမသာ အမောဖြေ လို့ရသည်။ ဒါကြောင့်ပင် တစ် နာရီဆက်တိုက် ကနိုင်ခြင်းဖြစ် သည်။ ကကြသည့်အထဲတွင် ဘောလိဝုဒ်အကနှင့် ခပ်ဆင်ဆင် လည်း ပါသည်။ ကျူးဘားအက တစ်မျိုးဖြစ်သည့် ချာချာချာ အက လည်း ပါသည်။

တစ်နာရီကြာအောင် တီးလုံးတစ်ခုပြီးတစ်ခု၊ သံစဉ်တစ်ခုပြီး တစ်ခုဖြင့် ကရသည်။ နားလျှင် လည်း ရေကိုအာဆွတ်ရုံသာ သောက်၍ ခဏနားသည်။ မထိုင်ရပါ။ ကပြီး ဆက်မကဘဲ ထိုင်လိုက်လျှင် မကောင်းဟုဆိုသည်။ ဆက် တိုက် ကသည်။ စကကချင်းဆို တော့ မောသည်။ ချွေးတွေက လည်း ထွက်လိုက်သည့်ဖြစ်ခြင်း။ ဒါပေမဲ့ ကနေရင်း စိတ်လက်ပေါ့ ပါးလာသည်ကို သိသိသာသာခံ စားမိသည်။ အတူလိုက်ကသည့် ညီမလေးနှစ်ယောက်လည်းပါ တော့ ကနေရင်း သူတို့နှင့် မျက် လုံးချင်းဆုံလိုက်၊ ရယ်လိုက်ကြ၊နားချိန်မှာ ဘယ်သူကတော့ ဘယ် လို ကလိုက်တာလေလို့ ပြောရင်း ရယ်ကြသည်။ ထိုသို့ဖြင့် ထိုတစ်နာရီ အခိုက်အတန့်မှာပင် ရှိသမျှသော ဖိအားများ၊ စိတ်ရှုပ်ထွေးနောက်ကျိမှုများ အဝေးသို့လွင့်စဉ် ကာ စိတ်ပေါ့ပါးလာသည်ကို ခံစားရမိသည်။

သို့ပေမဲ့ စကပြီးနောက်တစ် နေ့တွင်တော့ တစ်ကိုယ်လုံး ကိုင် ရိုက်ထားသလို ကိုယ်တွေ၊ လက် တွေ နာပါသည်။ နောက်တစ်ပတ် ဆက်ကတော့ နည်းနည်းအဆင် ပြေသွားသည်။

တစ်နာရီကြာ တောက် လျှောက်ကလျှင် ကယ်လိုရီ ၆၀၀ မှသည် ၁,၀၀၀ အထိ ကျနိုင်သည်ဟု ဆရာမက ဆိုပါသည်။ တစ် ပတ်လျှင် တစ်ရက်ကရုံဖြင့် ဘယ် လောက်ဝိတ်ကျမှာမို့လဲလို့ မေးနိုင်ပါသည်။ နည်းလမ်းရှိပါသည်။ ကိုယ့်အိမ်မှာ တစ်ကိုယ်စာ ကနိုင်သည့် အကျယ်အဝန်းရှိလျှင်၊ အောက်ထပ်က အခန်းနီးချင်းက ခုန်ပေါက်နေသည်ကို ပြဿနာ မရှာလျှင်တော့ ကျန်ရက်တွေမှာ အိမ်တွင်ပင် ကနိုင်သည်။ ကိုယ် ကနိုင်လျှင် ကနိုင်သလောက် ကယ်လိုရီလောင်ကျွမ်းကာ အဆီကျစေ မည့် နည်းလည်းဖြစ်သည်။ က သည့်သီချင်းနှင့် ဇွန်းဘား ကကွက် များကို Youtube ကနေ ရယူပြီးအိမ်မှာ ကနိုင်သည်။ ဇွန်းဘား အကမှာ ကိုယ်လက်လှုပ်ရှားခြင်း ဖြင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်း သလို စိတ်လွတ်လပ်မှုကို ရနိုင် သည့် နည်းလမ်းတစ်ခုဖြစ်၍ ပျိုပျိုအိုအို အမျိုးသမီးများကို လိုက်ကကြစေချင်သည်။ ကြိုက်သွားကြမှာ သေချာပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top